ဇာတိမြို့
ဇာတိမြို့
အဲဒီမြို့ထဲက စိတ်တွေကိုမျှားဖို့
ပင်လယ်မှာကဆုန်ပေါက်ဖူးပွင့်လာတဲ့
လှိုင်းတွေလို ဆူညံလျက်…
အခွံသက်သက်ရုပ်ကြွင်းတခုရဲ့
လှောင်ပြောင်ရယ်မောသံအဆုံးမှာ
ကမ္ဘာမြေတိမ်းစောင်းခြင်း လည်ပတ်ရင်း
၂၄ နာရီ…
မသေချာဘူး…
မြစ်တစင်းရဲ့အတ္ထုပ္ပတ္တိကိုဖတ်ခဲ့သလားဆိုတာ
မြို့ရဲ့အသံထွက်က အတက်အဆင်းများတယ်
ပြန်မရနိုင်တော့တဲ့ ငယ်အိပ်မက်တွေထဲ
ဖြူစင်မှုလေး ကျပျောက်သွားခဲ့ဖူး
မြို့ကိုမျှားလို့မရတာ သေချာပြီဆိုမှ
အစာသွပ်အပြုံးတွေ ခူးဆွတ်ကြရုံ ။ ။
အဇ္ဇ
Comments
Post a Comment