*လရောင်နဲ့မျှားတဲ့ကဗျာ*
ညထဲမှာ ဖူးပွင့်တဲ့အိပ်မက်နဲ့
သင်္ကေတမဆန်တဲ့အနမ်းဟာ
နှုတ်ခမ်းမှာအပြုံးနဲ့ထပ်တူ
ချစ်သူ ပါးတဲ့စကားတချို့က
အတိမ်အနက်မညီတဲ့ အလွမ်းတို့နဲ့
သာယာတဲ့ညကို ညှို့ယူရင်း
ဂစ်တာဖလက်တံပေါ်က ချစ်ခြင်းဖွဲ့
အလွမ်းသံစဉ်များခေါက်တုံ့လူးလာ
နှလုံးသားကိုနှလုံးသားနဲ့ ချည်နှောင်ဖို့
သံယောဇဉ်ကို သံယောဇဉ်နဲ့ ဖွဲ့သီဖို့
အနက်ရှိုင်းဆုံးလက်ဆောင်လေး
အဲဒါ ငါသီတဲ့တေး…
ငါရေးတဲ့ကဗျာ…
ရာသက်ပန်ဖူးပွင့်စေမဲ့ အနမ်းတို့နဲ့
သူမကို တမ်းတနေတဲ့
အချစ်…ကဗျာ ။ ။
အဇ္ဇ
Comments
Post a Comment