စိတ်ညစ်ညူးးဖွယ် နေ့
လဲလှယ်လို့ရစတမ်းဆို
ဦးနှောက် နှလုံးသား အို…
ခန္ဓာကိုယ်တခုလုံး အသစ်ရချင်တယ်
ဘဝကိုတော့ မသစ်ချင်တော့မှန်း
ဖြတ်သန်းမှုက ပြောပြခဲ့တယ်
အခုတလော…
တရက်ပြီးတရက်ဟောင်းနွမ်းသွားတာသာ
အဖတ်တင် ကျန်ရစ်တယ်
အသစ်ကိုမမြင်မကြားရတာနဲ့
တကယ်တော့လူဆိုတာက
အသိဥာဏ်လေးရှိနေရုံနဲ့ပဲ လက်မထောင်ပြနေကြတာ
အကြိက်တမျိုးစီအတွက်
ထုတ်ကုန်တမျိုးစီရှိတယ်
ရိုးရိုးသားသားပြောရရင် အကုန်ကြိုက်တယ်
ကိုယ်တိုင်ကလွဲရင်ပေါ့ ။ ။
အဇ္ဇ
လဲလှယ်လို့ရစတမ်းဆို
ဦးနှောက် နှလုံးသား အို…
ခန္ဓာကိုယ်တခုလုံး အသစ်ရချင်တယ်
ဘဝကိုတော့ မသစ်ချင်တော့မှန်း
ဖြတ်သန်းမှုက ပြောပြခဲ့တယ်
အခုတလော…
တရက်ပြီးတရက်ဟောင်းနွမ်းသွားတာသာ
အဖတ်တင် ကျန်ရစ်တယ်
အသစ်ကိုမမြင်မကြားရတာနဲ့
တကယ်တော့လူဆိုတာက
အသိဥာဏ်လေးရှိနေရုံနဲ့ပဲ လက်မထောင်ပြနေကြတာ
အကြိက်တမျိုးစီအတွက်
ထုတ်ကုန်တမျိုးစီရှိတယ်
ရိုးရိုးသားသားပြောရရင် အကုန်ကြိုက်တယ်
ကိုယ်တိုင်ကလွဲရင်ပေါ့ ။ ။
အဇ္ဇ
Comments
Post a Comment