တခုလပ်
အထင်အမြင်သေးမှုနဲ့
အပြစ်ကိုစောင့်ကြည့်နေတဲ့
စွန်မျက်လုံးနဲ့လူတွေကြားမှာ
အားနည်းချက်ကိုနင်းပြီး
ရိုးသားမှုကိုသင်းသတ်ဖို့
ချောင်းမြောင်းနေတဲ့
မြေခွေးတွေကြားမှာ
အလွယ်သုံးအချစ်တွေနဲ့
ဘဝကိုနစ်သထက်နစ်ဖို့
ဝါးကူထိုးချင်နေတဲ့
အပြုံးတုတွေကြားမှာ
ကိုယ်ကျင့်တရားနဲ့
ပါးနပ်တဲ့ရှောင်တိမ်းမှုက
နေသားတကျနာကျင်မှုနဲ့
အတိတ်ရဲ့အရိပ်တွေကိုလျှော်ဖွပ်သန့်စင်ရင်း။ ။
အဇ္ဇ
Comments
Post a Comment