သတ်ကွင်း
စိတ်တွေအသတ်ခံနေရတယ်
ဘဝတွေပါအဆစ်သေဆုံးဖို့
အပြုံးတုမှာပျားရည်လိမ်းထားတယ်
အခိုးအငွေ့တွေကြားက
မာယာအိပ်မက်များ
မသိမှုနဲ့စွဲလန်းနေမိတဲ့သုခဘုံမှာ
အရိုးအဆစ်တွေအားပျော့လာခဲ့
ခွန်အားတွေဆုတ်ယုတ်လာနေခဲ့ပြီး
မီးတောက်မှိန်မှိန်လေးရဲ့လောင်ကျွမ်းမှုနဲ့
အဖြူရောင်အခိုးအငွေ့တွေရဲ့လှည်းဖျားမှုထဲ
အချိန်…
ငွေကြေးနဲ့…
မိသားစုမျက်ရည်စက်များစွာ
ရင်းစားထားတဲ့သောကများ
လူသူမသိတဲ့အခန်းငယ်ထဲ
အမိုက်ဆုံးအမှောင်ရဲ့ပွေ့ဖက်မှုမှာ
ရမ္မက်ထန်စွာသာယာနေတဲ့
မူးယစ်ထုံထိုင်းသန်းခေါင်ယံများက
စိတ်တွေကိုသတ်နေခဲ့တယ်
ဘဝတွေကိုသတ်နေခဲ့တယ်
ပြီးတော့……
ပျော်ရွှင်တဲ့မိသားစုနွေးထွေးမှုတွေကိုစွန့်ပစ်ဖို့အထိ
ဖျားယောင်းထားတဲ့သေမင်းတမန်ဟာ
ကမ္ဘာမြေအနှံ့ခြေဆန့်လို့ ။
အဇ္ဇ
စိတ်တွေအသတ်ခံနေရတယ်
ဘဝတွေပါအဆစ်သေဆုံးဖို့
အပြုံးတုမှာပျားရည်လိမ်းထားတယ်
အခိုးအငွေ့တွေကြားက
မာယာအိပ်မက်များ
မသိမှုနဲ့စွဲလန်းနေမိတဲ့သုခဘုံမှာ
အရိုးအဆစ်တွေအားပျော့လာခဲ့
ခွန်အားတွေဆုတ်ယုတ်လာနေခဲ့ပြီး
မီးတောက်မှိန်မှိန်လေးရဲ့လောင်ကျွမ်းမှုနဲ့
အဖြူရောင်အခိုးအငွေ့တွေရဲ့လှည်းဖျားမှုထဲ
အချိန်…
ငွေကြေးနဲ့…
မိသားစုမျက်ရည်စက်များစွာ
ရင်းစားထားတဲ့သောကများ
လူသူမသိတဲ့အခန်းငယ်ထဲ
အမိုက်ဆုံးအမှောင်ရဲ့ပွေ့ဖက်မှုမှာ
ရမ္မက်ထန်စွာသာယာနေတဲ့
မူးယစ်ထုံထိုင်းသန်းခေါင်ယံများက
စိတ်တွေကိုသတ်နေခဲ့တယ်
ဘဝတွေကိုသတ်နေခဲ့တယ်
ပြီးတော့……
ပျော်ရွှင်တဲ့မိသားစုနွေးထွေးမှုတွေကိုစွန့်ပစ်ဖို့အထိ
ဖျားယောင်းထားတဲ့သေမင်းတမန်ဟာ
ကမ္ဘာမြေအနှံ့ခြေဆန့်လို့ ။
အဇ္ဇ
Comments
Post a Comment