ပြယုဂ်
အိမ်နောက်နားက ဗုံးခိုကျင်းကြီးထဲ
ခောတ်အဆက်ဆက်အမှိုက်တွေနဲ့ပြည့်စေခဲ့တယ်
အမေရောင်းနေကျ ခြံထွက်သီးနှံများ
ဈေးကွက်မတိုးချဲ့နိုင်တဲ့အခါ
အိမ်နံရံထက်ကသမိုင်းဝင်အထိမ်းအမှတ်များလည်း
လျော့ပါးပျောက်ရှ
ဘုရားစင်ထက် ချိတ်ဆွဲထားတဲ့စိပ်ပုတီးလေး
ဖုန်တက်နေတဲ့ရက်များမှာ
သောက်ရေအိုးလေးလဲ မအေးမြနိုင်တော့
ခြံဝန်းထဲကခြုံနွယ်ပိတ်ပေါင်းများစွာ
သက္ကရာဇ်တွေဖြတ်ကျော်ကြီးထွားနေရင်း
တနေ့နေ့ အိပ်မက်များသာဂါထာလိုရွတ်နေခဲ့ ။ ။
အဇ္ဇ
Comments
Post a Comment