မြို့ပတ်ဂီတ
................
ရထားနဲ့သွားရင်
မြို့ရဲ့ နောက်ကျောဘက်ခြမ်းတွေကို
မြင်ရတယ်။
ဝါကျကို ရေသန့်ဘူးခွံလောက်နဲ့
တည်ဆောက်ထားနိုင်တာလည်း
ကဗျာပဲ။
FM က
နေပူခံလိုးရှင်းလိမ်းဖို့ သတိပေးတော့
ရေခဲထုပ်သည်လေး ပြေးဆင်းသွားပြီ။
ဘူတာထဲ
ဝေါခနဲ ထွေးအန်လိုက်ရင်
မရှူနိုင်မကယ်နိုင် ကျလာမြဲ ဘဝ။
ရွှေတိဂုံကိုတော့
အဝေးကပင် ဖူးမြင်နိုင်ပါတယ်။
လူအောင် (ဝမ်းတွင်း)
29-4-2019,11-18am
................
ရထားနဲ့သွားရင်
မြို့ရဲ့ နောက်ကျောဘက်ခြမ်းတွေကို
မြင်ရတယ်။
ဝါကျကို ရေသန့်ဘူးခွံလောက်နဲ့
တည်ဆောက်ထားနိုင်တာလည်း
ကဗျာပဲ။
FM က
နေပူခံလိုးရှင်းလိမ်းဖို့ သတိပေးတော့
ရေခဲထုပ်သည်လေး ပြေးဆင်းသွားပြီ။
ဘူတာထဲ
ဝေါခနဲ ထွေးအန်လိုက်ရင်
မရှူနိုင်မကယ်နိုင် ကျလာမြဲ ဘဝ။
ရွှေတိဂုံကိုတော့
အဝေးကပင် ဖူးမြင်နိုင်ပါတယ်။
လူအောင် (ဝမ်းတွင်း)
29-4-2019,11-18am
Comments
Post a Comment