အော်တစ်ဇင်သက္ကရာဇ်များ
ရင်ဘတ်ထဲက
ခပ်ထုတ်ထားတဲ့စကားလုံးများနဲ့
ပတ်ဝန်းကျင်ကိုစိုက်ပျိုးခဲ့ဖူးတယ်
စိတ်ကူးနဲ့တည်ဆောက်ထားတဲ့
နိမိတ်ပုံအကြမ်းများနဲ့
ရိတ်သိမ်းချိန်မတိုင်မီ
ရင့်မှည့်လွန်ခဲ့သော
ရာသီလွဲမျှော်လင့်ချက်များနဲ့
မိုးမသောက်မီ
နိုးထနှင့်ခဲ့သော
တပိုင်းတစအိပ်မက်များနဲ့
ရေငုံနှုတ်ပိတ်
တိတ်ဆိတ်နေတဲ့အလင်းနေ့စွဲတွေ
မျက်လှည့်ဆရာရဲ့
တိကျသေချာလွန်းတဲ့
လှည်ဖျားမှုများထဲပျော်ဝင်တိမ်းမူးရင်း
အထင်အမြင်နဲ့အတွေးအခေါ်ခြားနားမှုအကြောင်းကို
လူလုံးပြဟစ်ကြွေးနေတဲ့
ဆွံ့အနားမကြားသက္ကရာဇ်များမှာ
လူဖြစ်တာ…
စောသလား
နောက်ကျလွန်းနေသလားမသေချာခင်
သရုပ်မှန်ဝါဒအလွန်မှာ
ဆာလောင်နေတဲ့စိတ်များ
သေလုမျောပါး ။ ။
အဇ္ဇ
ရင်ဘတ်ထဲက
ခပ်ထုတ်ထားတဲ့စကားလုံးများနဲ့
ပတ်ဝန်းကျင်ကိုစိုက်ပျိုးခဲ့ဖူးတယ်
စိတ်ကူးနဲ့တည်ဆောက်ထားတဲ့
နိမိတ်ပုံအကြမ်းများနဲ့
ရိတ်သိမ်းချိန်မတိုင်မီ
ရင့်မှည့်လွန်ခဲ့သော
ရာသီလွဲမျှော်လင့်ချက်များနဲ့
မိုးမသောက်မီ
နိုးထနှင့်ခဲ့သော
တပိုင်းတစအိပ်မက်များနဲ့
ရေငုံနှုတ်ပိတ်
တိတ်ဆိတ်နေတဲ့အလင်းနေ့စွဲတွေ
မျက်လှည့်ဆရာရဲ့
တိကျသေချာလွန်းတဲ့
လှည်ဖျားမှုများထဲပျော်ဝင်တိမ်းမူးရင်း
အထင်အမြင်နဲ့အတွေးအခေါ်ခြားနားမှုအကြောင်းကို
လူလုံးပြဟစ်ကြွေးနေတဲ့
ဆွံ့အနားမကြားသက္ကရာဇ်များမှာ
လူဖြစ်တာ…
စောသလား
နောက်ကျလွန်းနေသလားမသေချာခင်
သရုပ်မှန်ဝါဒအလွန်မှာ
ဆာလောင်နေတဲ့စိတ်များ
သေလုမျောပါး ။ ။
အဇ္ဇ
Comments
Post a Comment