အော်တစ်ဇင်သက္ကရာဇ်များ ရင်ဘတ်ထဲက ခပ်ထုတ်ထားတဲ့စကားလုံးများနဲ့ ပတ်ဝန်းကျင်ကိုစိုက်ပျိုးခဲ့ဖူးတယ် စိတ်ကူးနဲ့တည်ဆောက်ထားတဲ့ နိမိတ်ပုံအကြမ်းများနဲ့ ရိတ်သိမ်းချိန်မတိုင်မီ ရင့်မှည့်လွန်ခဲ့သော ရာသီလွဲမျှော်လင့်ချက်များနဲ့ မိုးမသောက်မီ နိုးထနှင့်ခဲ့သော တပိုင်းတစအိပ်မက်များနဲ့ ရေငုံနှုတ်ပိတ် တိတ်ဆိတ်နေတဲ့အလင်းနေ့စွဲတွေ မျက်လှည့်ဆရာရဲ့ တိကျသေချာလွန်းတဲ့ လှည်ဖျားမှုများထဲပျော်ဝင်တိမ်းမူးရင်း အထင်အမြင်နဲ့အတွေးအခေါ်ခြားနားမှုအကြောင်းကို လူလုံးပြဟစ်ကြွေးနေတဲ့ ဆွံ့အနားမကြားသက္ကရာဇ်များမှာ လူဖြစ်တာ… စောသလား နောက်ကျလွန်းနေသလားမသေချာခင် သရုပ်မှန်ဝါဒအလွန်မှာ ဆာလောင်နေတဲ့စိတ်များ သေလုမျောပါး ။ ။ အဇ္ဇ
Search This Blog
sittown poems