စိတ်မာယာ

တစုံတယောက်ရဲ့အလိုဆန္ဒကို
တစုံတရာလိုက်လျောမှုနဲ့ပြည့်စေခြင်းငှါ
မစွမ်းသာသော  အခါသည်လဲရှိသည်
သိမှုတည်ဆောက်ခြင်း (ဝါ)
ရှာမှီးရန်အလို့ငှါ  စတင်သောခရီးတို့သည်
နောက်ကျခြင်း  ဆောလျင်ခြင်း၌
ပြည့်တင်းသည်  မမှတ်ယူသောအခါ
ငါနှင့်ယှဉ်သော အတ္တတို့အားကောင်းစေခဲ့လျင်
သို့မဟုတ်
ငါနှင့်ငါသာနှိုင်းစရာဟု  ထင်မှတ်နေခဲ့သည်ရှိသော်
ငြိမ်းအေးမှုတို့ကင်းပလွင့်စင်ကြလိမ့်မည်
စကားနှုတ်လွန်ဆိုမိချေသော်
တပါးသူတို့  အမျက်ရှကုန်အံ့ဟု
စိတ်တွင်တွေးလျက်နှုတ်ဆိတ်နေသည်ဟု
သင်သည် … ကိုယ်တွင်းငိမ်ငယ်မှုကိုစိုက်ပျိုးထားခဲ့လျင်
အရပ်တပါးသိုဖဲခွါသွားကုန်သောမိတ်ဆွေတို့နှင့်လည်း  ဆုံတွေ့နိုင်မည်မထင်ချေ
စိတ်အာရုံတွင်လှုပ်ခတ်နိုးကြားစေခဲ့သော
ပညာ ဗဟုသုတတို့သည် အခါသင့်စွာ
သုံးစွဲရမည်ဟုထင်မှတ်ယူပါလေ
တိုးညင်းညင်သာသော ရွတ်ဆိုသံတို့တွင်
နာကျင်ညည်းတွားနိမိတ်ပြုထားသည်ဟု
အစဉ်အမြဲမရှိပါလေ
ရယ်သွမ်းသွေးသံပြုလျက်
ဟန်ဆောင်ထားသောရွှင်ပျမှုတို့သည်
ရင်ကိုထိရှနာကျင်စေလျက်မနက်ဖြန်တိုင်း၌ဖျားနာခြင်းကို စိတ်တွင်အစွဲဖြစ်စေသည်
ထိုသောအကြောင်းအရာတို့အား
မာယာဟု  သညာပြုအပ်သောအခါ
ဖွဲ့သီအပ်သောတေးကဗျာတို့ညှိုးလျော်နွမ်းလျကုန်ပေလိမ့်မည် ။          ။


                                       အဇ္ဇ

Comments

Popular Posts