ပင်လယ်သို့ဦးညွှတ်ခြင်း

အမေ့အသက်နဲ့မိတ္တူပွားပြီး
မွေးဖွားလာတဲ့ရှင်သန်ခြင်းနဲ့
အမေ့နို့ရည်စက်တွေနဲ့ရင်းနှီး
အသက်ဆက်ကြီးပြင်းလာခဲ့တယ် ။

အဲဒီပင်လယ်ကြမ်းပြင်ထက်က
နိုးထလာတဲ့လူသားဘဝဟာ
ဂြိုလ်ကမ္ဘာထက်မှာ  ကဗျာတွေသီခွင့်ရခဲ့တယ်
လူမသိသူမသိပေါ့ ။

ပင်လယ်ကြီရဲ့မေတ္တာနဲ့
လက်ခံဆောင်ယူပေးခဲ့တဲ့ဘဝတခုအတွက်
နက်နက်ရှိုင်းရှိုင်းရိုကျိုးစွာ
ဂါရဝတရားတွေစိုက်ပျိုးရင်း
အပြဲတမ်းလန်းဆတ်နေတဲ့ချစ်ခြင်းတွေဟာ
ကမ္ဘာတည်သရွေ့ပါ …အမေ ။


                                       အဇ္ဇ

Comments

Popular Posts