``နိုင်ငံရေးကစားရင်းဆင်းရဲသွားတဲ့နိုင်ငံ´´
_____________________________
နိုင်ငံရေးမှာ အချိန်ကြာကြာလက်ဝါးကြီးအုပ်
အမြတ်အစွန်းတွေညှစ်ထုတ်ယူကြတယ်
နိုင်ငံရဲ့ဂုဏ်ယူဖွယ်အမည်က
လူမျိုးစုစည်လုံးညီညွတ်ရေးဆိုတာက
လွတ်လပ်၍တရားမျှတမှုဆိုတာက
ဘာမှမသေချာသေးတဲ့အိပ်မက်တခုလို
ငါတွေစုပေါင်းပြီး ငါကောင်းစားရေးနဲ့
သွေးတွေမြေကျခဲ့ကြတယ် ။
ဆယ်စုနှစ်များမှသည် ရာစုနှစ်များဆီသို့
နိုင်ငံတော်အသက်ကြီးလာရုံကလွဲလို့
အဖြူအမဲမသဲကွဲတဲ့ပြသနာတွေကြားက
နိုင်ငံသူနိုင်ငံသားတွေရဲ့မျက်ရည်နဲ့
သွေးစက်များစွာဟာအစိုးရတွေအတွက်
ခောတ်အဆက်ဆက် ပေးဆပ်ခဲ့ကြ ။
အဲဒါ ၁၉၄၇ ကက်ရှ်မီးယားအရေးအခင်းလို
ဘာကိုမှယုံကြည်လို့မရတော့မဲ့
သံသယမျက်လုံးတွေနဲ့
အေးစက်စက်အကြည့်တွေအောက်မှာ
ကိုယ့်အသက်ကိုယ်မွေးမြူနေခဲ့ကြသလို ။
ဘယ်သူတွေမှားပြီး ဘယ်သူတွေမှန်တယ်ဆိုတာက
အပြန်အလှန်စွပ်စွဲပြီး
လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းနဲ့
ဆုတံဆိပ်များ
လူမျိုးစုကောင်းစားဖို့အရေးလူမျိုးစုတွေရဲ့
သွေးတွေနဲ့ အလဲအထပ်လုပ်ခဲ့ကြ ။
ဒါဟာတော်လှန်ရေးမဟုတ်ဘူး
နိုင်ငံရေးသက်သက်သာဖြစ်ကြောင်း
ခွဲခြားသိဖို့လိုအပ်နေပြီဆိုတာ
ကစားကွက်အလှည့်အပြောင်းများထဲ
ထိုးကျွေးခံပြည်သူများနဲ့သယံဇာတတွေ
မျိုးသုန်းတော့မဲ့သဘာဝအရင်းမြစ်တွေ
ဒါဟာတော်လှန်ရေးမဟုတ်ဘူး
အပေးအယူအလဲအလှယ်ဖြစ်တယ်ဆိုတာ
ဆင်းရဲသွားတဲ့ နိုင်ငံကသိတယ် ။
အဇ္ဇ
Comments
Post a Comment