မိသားစုပုံပြင်
ဆာလောင်နေတဲ့အခါ
စားဖို့အစာမရှိပေမဲ့
စားသောက်ဖို့အစာမရှိတဲ့အခါ
ဆာလောင်တတ်တဲ့အစာအိမ်တွေရှိတယ်။
ဘဝကိုနင်းပြီး
ဘဝနဲ့ရင်းနှီးထားတဲ့ချွေးနဲစာဟာ
စာနာမှုနဲ့မိသားစုကိုတည်ဆောက်ရင်း
တယောက်တပိုဒ်ဆိုတဲ့သီချင်းနဲ့
မိသားစုရဲ့ကောင်းကင်ဟာ
ကြယ်စုံလစုံ ။
သူဆင်းရဲဟာရိုးသားဖို့ကြိုးစားတယ်
ဘဝအတွက်…
ကြိုးစားရင်းရိုးသားနေရတာကို
အငတ်ခံပြီးဂုဏ်ယူနေခဲ့ ။
ဝတ်ကောင်းစားလှတွေမရှိသော်လည်း
စိတ်နှလုံးကောင်းကောင်းထားဖို့
မိသားစုနဲ့စိုက်ပျိုးတယ် ။
ဆာလောင်ရင်စားသောက်ဖို့
အစားအစာမလောက်ငှပေမဲ့
အပူရှိရင်ကူးညှိခံစားပြီး
ကိုယ်ချင်းစာတရားတွေနဲ့
မိုးကာထားတယ်လေ ။ ။
အဇ္ဇ
17 June 2018
ဆာလောင်နေတဲ့အခါ
စားဖို့အစာမရှိပေမဲ့
စားသောက်ဖို့အစာမရှိတဲ့အခါ
ဆာလောင်တတ်တဲ့အစာအိမ်တွေရှိတယ်။
ဘဝကိုနင်းပြီး
ဘဝနဲ့ရင်းနှီးထားတဲ့ချွေးနဲစာဟာ
စာနာမှုနဲ့မိသားစုကိုတည်ဆောက်ရင်း
တယောက်တပိုဒ်ဆိုတဲ့သီချင်းနဲ့
မိသားစုရဲ့ကောင်းကင်ဟာ
ကြယ်စုံလစုံ ။
သူဆင်းရဲဟာရိုးသားဖို့ကြိုးစားတယ်
ဘဝအတွက်…
ကြိုးစားရင်းရိုးသားနေရတာကို
အငတ်ခံပြီးဂုဏ်ယူနေခဲ့ ။
ဝတ်ကောင်းစားလှတွေမရှိသော်လည်း
စိတ်နှလုံးကောင်းကောင်းထားဖို့
မိသားစုနဲ့စိုက်ပျိုးတယ် ။
ဆာလောင်ရင်စားသောက်ဖို့
အစားအစာမလောက်ငှပေမဲ့
အပူရှိရင်ကူးညှိခံစားပြီး
ကိုယ်ချင်းစာတရားတွေနဲ့
မိုးကာထားတယ်လေ ။ ။
အဇ္ဇ
17 June 2018
Comments
Post a Comment