ကဗျာဆရာဆိုတာ…
အတ္တနဲ့ဖြန့်ခင်းထားတဲ့ကောင်းကင်ထဲ
စကားလုံးတွေအုပ်ဖွဲ့ပျံသန်းစေခဲ့သူ
ထီးဖြူ ဖိနပ်ပါးလမ်းသလားပြီး
ဝါကျတွေတည်ဆောက်နေခဲ့သူ
ကိုယ့်အပူနဲ့ကိုယ်
အေးမြလတ်ဆတ်နေတတ်တဲ့သူ
ကဗျာဆရာဆိုတာ…
ကိုယ့်လူမျိုးကိုယ်နှလုံးသွေးနဲ့ချစ်တတ်သူ
အိုမင်းရင့်လျော်နေတဲ့မျက်နှာကို
အပြုံးတချို့နဲ့အပ်ဒိတ်လုပ်နေတတ်သူ
လူမှန်းသူမှန်းမသိအောင်မူးပြီး
စူးစူးနစ်နစ်ခံစားမှုဗတွကိုယ်ဝန်ဆောင်ထားတတ်သူ
အတ္တကြီးတယ်
ကိုယ်ချင်းစာတရားကြီးမားတယ်
ကူးစက်ခံစားလွယ်တယ်
စိတ်လိုလက်ရငိုကြွေးဖြစ်တဲ့အခါ
အလွမ်းကဗျာတွေဖြစ်တယ်
ကဗျာဆရာဆိုတာ…
သူငယ်ချင်းပေါတယ်
တချို့တွေကအစစအရာရာဆင်းရဲတယ်
(စိတ်မဆင်းရဲဘူး)
ဟက်ဟက်ပက်ပက်ရယ်မောနေတဲ့အခါ
နာဖျားနေတဲ့ကမ္ဘာကြီးကျန်းမာလာသလို
စိတ်ပြေလက်ပျောက်မူးဖြစ်တဲ့အချိန်ဟာ
နိုင်ငံတော်ကြီးသွေးအားနည်းနေတယ်
အဲဒီလိုပဲ…
ကဗျာဆရာဆိုတာ
ကွမ်းယာဝါးရင်း
ဆေးလိပ်ဖွာရင်း
အရက်စောက်ရင်း
သေမင်းနဲ့အစောဆုံးတွေ့ဆုံခဲ့သူတွေ
မတောင်းဆိုရပဲငြိမ်းချမ်းသွားသူတွေ
တမလွန်ရဲ့သားကောင်တွေ
ခောတ်ထဲမှာလွန်းထနုးကူးခပ်ရင်း
နရသိန်ခံတွင်းမှာ လမ်းသလားနေကြသူတွေ ။ ။
အဇ္ဇ
20 June 2018
အတ္တနဲ့ဖြန့်ခင်းထားတဲ့ကောင်းကင်ထဲ
စကားလုံးတွေအုပ်ဖွဲ့ပျံသန်းစေခဲ့သူ
ထီးဖြူ ဖိနပ်ပါးလမ်းသလားပြီး
ဝါကျတွေတည်ဆောက်နေခဲ့သူ
ကိုယ့်အပူနဲ့ကိုယ်
အေးမြလတ်ဆတ်နေတတ်တဲ့သူ
ကဗျာဆရာဆိုတာ…
ကိုယ့်လူမျိုးကိုယ်နှလုံးသွေးနဲ့ချစ်တတ်သူ
အိုမင်းရင့်လျော်နေတဲ့မျက်နှာကို
အပြုံးတချို့နဲ့အပ်ဒိတ်လုပ်နေတတ်သူ
လူမှန်းသူမှန်းမသိအောင်မူးပြီး
စူးစူးနစ်နစ်ခံစားမှုဗတွကိုယ်ဝန်ဆောင်ထားတတ်သူ
အတ္တကြီးတယ်
ကိုယ်ချင်းစာတရားကြီးမားတယ်
ကူးစက်ခံစားလွယ်တယ်
စိတ်လိုလက်ရငိုကြွေးဖြစ်တဲ့အခါ
အလွမ်းကဗျာတွေဖြစ်တယ်
ကဗျာဆရာဆိုတာ…
သူငယ်ချင်းပေါတယ်
တချို့တွေကအစစအရာရာဆင်းရဲတယ်
(စိတ်မဆင်းရဲဘူး)
ဟက်ဟက်ပက်ပက်ရယ်မောနေတဲ့အခါ
နာဖျားနေတဲ့ကမ္ဘာကြီးကျန်းမာလာသလို
စိတ်ပြေလက်ပျောက်မူးဖြစ်တဲ့အချိန်ဟာ
နိုင်ငံတော်ကြီးသွေးအားနည်းနေတယ်
အဲဒီလိုပဲ…
ကဗျာဆရာဆိုတာ
ကွမ်းယာဝါးရင်း
ဆေးလိပ်ဖွာရင်း
အရက်စောက်ရင်း
သေမင်းနဲ့အစောဆုံးတွေ့ဆုံခဲ့သူတွေ
မတောင်းဆိုရပဲငြိမ်းချမ်းသွားသူတွေ
တမလွန်ရဲ့သားကောင်တွေ
ခောတ်ထဲမှာလွန်းထနုးကူးခပ်ရင်း
နရသိန်ခံတွင်းမှာ လမ်းသလားနေကြသူတွေ ။ ။
အဇ္ဇ
20 June 2018
Comments
Post a Comment