တိမ်ဝှက်ထားတဲ့ကြယ်
ညလယ်တရေးနိုးတော့
အခန်းဝကကောင်းကင်မှာ
မင်းနာမည်နဲ့ကြယ်ကိုမတွေ့တော့ဘူး
ပြန်တော့မယ်လို့နှုတ်ဆက်တုန်းက
မတားလိုက်မိတာ
ငါ့ရဲ့မပြတ်သားမှုတွေပါကွယ်
တကယ်တော့
ကောင်းကင်အနှံ့မှာ
မင်းနာမည်ရေးထိုးထားတဲ့ကြယ်ကို
မင်းမပြန်ခင်ကတည်းက
ချိတ်ဆွဲထားခဲ့တာပြောမပြလိုက်ရဘူး
နောက်တခါပြန်ဆုံဖို့
ဘယ်ဘုရားထံမှာဆုတောင်းရမလဲဆိုတာ
အလင်းပြပါလား နုနုငယ်
ဟိုးမိုးကုပ်စက်ဝိုင်းဆီမှာ
နောက်ဆုံးလက်ကျန်အလင်းရောင်လေး
မပျောက်ဆုံးခင်
လေပြေမှာမျောလွင့်နေတဲ့ဆံနွယ်များနောက်
မင်းမျက်နှာလေးကွယ်ဖုံးမသွားခင်
ရင်ခုန်စွာငေးကြည့်နေပါရစေ
မင်းနာမည်နဲ့ကြယ်လေး
တိမ်တွေဝှက်မထားခင်ပေါ့ကွယ် ။
အဇ္ဇ
16 June 2018
Comments
Post a Comment