ထွေရာလေးပါး ညစာ
မျက်နှာလွှဲခဲပစ်ဟောင်းနွမ်းသွားတဲ့
ပြက္ခဒိန်ထဲမှာ…
အနာတလွဲဆေးတလွဲကုထုံးများနဲ့
အလွယ်သုံး ပြဌာန်းစာအုပ်သစ်တွေ မျှော်လင့်ချက်များရဲ့ဈာပနအခမ်းအနားနဲ့
ငတေမာကြောင်း ထောက်ခံချက်တွေ
အသံထွက်ရွတ်ဖို့ လွယ်သလောက်
အဓိပ္ပါယ်ဖွင့်ဖို့ခက်တဲ့ သဘောတရားတွေ
ဖန်းတီးမှု ပါရာဒိုက်စ် များနဲ့
ထွက်ပေါက်မဲ့ အိုင်ဒီယော်လော်ဂျီများ
ငွေကြေး ညီမျှခြင်း အသက်
(သို့မဟုတ်)
အပြောင်းအလဲ ညီမျှခြင်း ဒုက္ခ
သူရဲကောင်း အနုတ် တာဝန်ခံမှုနဲ့
မြေနိမ့်ရာ လှံစိုက် ဥပမာတွေ
မထွေးနိုင်မအန်နိုင် ဝေဒနာအမြစ်တွယ်ရင်း
ကိုယ့်မျောက် ကိုယ်အခြောက်ခံနေရသူတွေ
ဝေးဝေးနေဖို့ ဝဝစားနိုင်အောင်ရှာဖွေရင်း
လည်ပင်းအညှစ်ခံလိုက်ရသူတွေရဲ့
ကျားကြောက်သော်လည်းရှင်မကိုးရဲအဖြစ်နဲ့
ညတာရှည်ပြီး အိပ်မက်ရှားနေသူတွေ
ဒီထွေရာလေးပါးကဗျာမှာ…
စာလုံးပေါင်းသတ်ပုံမှားနေတဲ့အကြောင်းနဲ့
ဆက်မပြောလိုတော့တဲ့
ခြေကုန်လက်ပန်းဝေဒနာတွေ စုပုံချန်ရစ်ထားခဲ့ပါရစေ ။ ။
အဇ္ဇ (သာဂရ)
22 Feb 2017
paradise (ပါရာဒိုက်စ်)
idealogy (အိုင်ဒီယော်လော်ဂျီ)
မျက်နှာလွှဲခဲပစ်ဟောင်းနွမ်းသွားတဲ့
ပြက္ခဒိန်ထဲမှာ…
အနာတလွဲဆေးတလွဲကုထုံးများနဲ့
အလွယ်သုံး ပြဌာန်းစာအုပ်သစ်တွေ မျှော်လင့်ချက်များရဲ့ဈာပနအခမ်းအနားနဲ့
ငတေမာကြောင်း ထောက်ခံချက်တွေ
အသံထွက်ရွတ်ဖို့ လွယ်သလောက်
အဓိပ္ပါယ်ဖွင့်ဖို့ခက်တဲ့ သဘောတရားတွေ
ဖန်းတီးမှု ပါရာဒိုက်စ် များနဲ့
ထွက်ပေါက်မဲ့ အိုင်ဒီယော်လော်ဂျီများ
ငွေကြေး ညီမျှခြင်း အသက်
(သို့မဟုတ်)
အပြောင်းအလဲ ညီမျှခြင်း ဒုက္ခ
သူရဲကောင်း အနုတ် တာဝန်ခံမှုနဲ့
မြေနိမ့်ရာ လှံစိုက် ဥပမာတွေ
မထွေးနိုင်မအန်နိုင် ဝေဒနာအမြစ်တွယ်ရင်း
ကိုယ့်မျောက် ကိုယ်အခြောက်ခံနေရသူတွေ
ဝေးဝေးနေဖို့ ဝဝစားနိုင်အောင်ရှာဖွေရင်း
လည်ပင်းအညှစ်ခံလိုက်ရသူတွေရဲ့
ကျားကြောက်သော်လည်းရှင်မကိုးရဲအဖြစ်နဲ့
ညတာရှည်ပြီး အိပ်မက်ရှားနေသူတွေ
ဒီထွေရာလေးပါးကဗျာမှာ…
စာလုံးပေါင်းသတ်ပုံမှားနေတဲ့အကြောင်းနဲ့
ဆက်မပြောလိုတော့တဲ့
ခြေကုန်လက်ပန်းဝေဒနာတွေ စုပုံချန်ရစ်ထားခဲ့ပါရစေ ။ ။
အဇ္ဇ (သာဂရ)
22 Feb 2017
paradise (ပါရာဒိုက်စ်)
idealogy (အိုင်ဒီယော်လော်ဂျီ)
Comments
Post a Comment