သာဂရမြို့
________________
နာမည်ပြောပြရုံနဲ့ သိသူရှားတဲ့မြို့
ဟို အရင်ကဆို…
မြေပုံထဲမှာတောင် မပါတဲ့မြို့
သက္ကရာဇ် အပြောင်းအလဲတွေကြားမှာ
အဟောင်းတိုင်းပဲရှိနေသေးတဲ့ မြို့
လမ်းပန်းကောင်းပေမဲ့…
ဆက်သွယ်ရေးမကောင်းတဲ့ မြို့
မသေချာတဲ့ သမိုင်းကိုပဲ
အင်တိုက်အားတိုက် ကြွားနေရတဲ့ မြို့
ကျွန်တော်ဟာ…
အဲဒီမြို့သားတယောက်အဖြစ်
၁၉၈၄ မှာ စာရင်းပေးခဲ့တယ်
ခရီးတခုကပြန်ရောက်တိုင်း
တုံဏှိဘာဝေ ကြိုနေတတ်တဲ့ မြို့
မာနမကြီးသော်လည်း စကားနဲတဲ့ မြို့
တခါတခါ တိတ်တိတ်လေးငိုကြွေးနေတတ်ပြီး
တခါတရံဟားတိုက်ရယ်မောနေတတ်တဲ့ မြို့
ရင်ဘတ်ထဲက တခုတလေပျောက်ရှခဲ့ရင်တောင်
မသိသလို န်ဆောင်နေတတ်တဲ့ မြို့
အနှစ် ၃၀ ကျော်ဆက်ဆံရေးက အေးစက်
မနေသော်လည်း နွေးထွေးမှုမရှိတဲ့ မြို့မှာ
အုံ့ပုန်းကဗျာဆရာတွေ ရှိတယ်
မထင်မရှား နိုင်ငံရေးသမားတွေရှိတယ်
လူသူမသိတဲ့ ထက်မြက်မှုတွေနဲ့
နေ့စဉ်ရက်ဆက် အိပ်မက်တွေရှိတယ်
ပျံသန်းပျောက်ကွယ်သွားတဲ့ ခောတ်အဆက်ဆက်ကို အိပ်မက်ထဲအထိ
လိုက်လံရှာဖွေနေရင်း
နောက်ထပ်ခောတ်တွေ ဖြတ်သန်းပွတ်တိုက်ခံလိုက်ရတဲ့ မြို့
စစ်တောင်းမြစ်ကမ်းပါးနဲ့ပဲခူးရိုးမအကြားမှာ
အလျားလိုက် ဝပ်စင်းပြီး…
တိမ်တွေကို ငေးမောနေတတ်တဲ့ မြို့
ဝေသီနေတဲ့ မျက်ဝန်းတွေထဲမှာ
နာကျင်ခံစားမှုတွေကို လျို့ဝှက်ထားတဲ့
မြို့ထဲမှာ …
လေရူးသုန်သုန် ဝတ္ထုထဲက
ဘတ္တလာတွေရှိတယ် စကားလက်အိုဟာရာ
တွေရှိတယ်
သူတို့နဲ့အတူ ကျွန်တော်လည်း
ရှိနေခဲ့တယ်ပေါ့
မပြီးဆုံးနိုင်သေးတဲ့ မှတ်တမ်းတခုကို
လူမသိသူမသိ ခိုးပြီးရေးနေတဲ့ မြို့
အဝေးရောက် မြို့သားတချို့ရဲ့ သတင်းစကားကို နားစွင့်ရင်း
သက်ပြင်းတွေ ပင့်ရှိုက်နေတဲ့ မြို့ရဲ့
ဧည့်မှတ်တမ်းမှာ…
ကျွန်တော့်နာမည် မဖျက်သေးတဲ့ မြို့ကို
ရောက်တဲ့အရပ်က လွမ်းနေတဲ့အကြောင်း
ဂုဏ်ယူစွာပြောပြနေတဲ့ ကျွန်တော့်ကို
ပြုံးပြုံးကြီးစိုက်ငေးနေတတ်တဲ့ မြို့ကလေးဟာ အတက်အဆင်းသိပ်များတယ် ။ ။
အဇ္ဇ (သာဂရ)
________________
နာမည်ပြောပြရုံနဲ့ သိသူရှားတဲ့မြို့
ဟို အရင်ကဆို…
မြေပုံထဲမှာတောင် မပါတဲ့မြို့
သက္ကရာဇ် အပြောင်းအလဲတွေကြားမှာ
အဟောင်းတိုင်းပဲရှိနေသေးတဲ့ မြို့
လမ်းပန်းကောင်းပေမဲ့…
ဆက်သွယ်ရေးမကောင်းတဲ့ မြို့
မသေချာတဲ့ သမိုင်းကိုပဲ
အင်တိုက်အားတိုက် ကြွားနေရတဲ့ မြို့
ကျွန်တော်ဟာ…
အဲဒီမြို့သားတယောက်အဖြစ်
၁၉၈၄ မှာ စာရင်းပေးခဲ့တယ်
ခရီးတခုကပြန်ရောက်တိုင်း
တုံဏှိဘာဝေ ကြိုနေတတ်တဲ့ မြို့
မာနမကြီးသော်လည်း စကားနဲတဲ့ မြို့
တခါတခါ တိတ်တိတ်လေးငိုကြွေးနေတတ်ပြီး
တခါတရံဟားတိုက်ရယ်မောနေတတ်တဲ့ မြို့
ရင်ဘတ်ထဲက တခုတလေပျောက်ရှခဲ့ရင်တောင်
မသိသလို န်ဆောင်နေတတ်တဲ့ မြို့
အနှစ် ၃၀ ကျော်ဆက်ဆံရေးက အေးစက်
မနေသော်လည်း နွေးထွေးမှုမရှိတဲ့ မြို့မှာ
အုံ့ပုန်းကဗျာဆရာတွေ ရှိတယ်
မထင်မရှား နိုင်ငံရေးသမားတွေရှိတယ်
လူသူမသိတဲ့ ထက်မြက်မှုတွေနဲ့
နေ့စဉ်ရက်ဆက် အိပ်မက်တွေရှိတယ်
ပျံသန်းပျောက်ကွယ်သွားတဲ့ ခောတ်အဆက်ဆက်ကို အိပ်မက်ထဲအထိ
လိုက်လံရှာဖွေနေရင်း
နောက်ထပ်ခောတ်တွေ ဖြတ်သန်းပွတ်တိုက်ခံလိုက်ရတဲ့ မြို့
စစ်တောင်းမြစ်ကမ်းပါးနဲ့ပဲခူးရိုးမအကြားမှာ
အလျားလိုက် ဝပ်စင်းပြီး…
တိမ်တွေကို ငေးမောနေတတ်တဲ့ မြို့
ဝေသီနေတဲ့ မျက်ဝန်းတွေထဲမှာ
နာကျင်ခံစားမှုတွေကို လျို့ဝှက်ထားတဲ့
မြို့ထဲမှာ …
လေရူးသုန်သုန် ဝတ္ထုထဲက
ဘတ္တလာတွေရှိတယ် စကားလက်အိုဟာရာ
တွေရှိတယ်
သူတို့နဲ့အတူ ကျွန်တော်လည်း
ရှိနေခဲ့တယ်ပေါ့
မပြီးဆုံးနိုင်သေးတဲ့ မှတ်တမ်းတခုကို
လူမသိသူမသိ ခိုးပြီးရေးနေတဲ့ မြို့
အဝေးရောက် မြို့သားတချို့ရဲ့ သတင်းစကားကို နားစွင့်ရင်း
သက်ပြင်းတွေ ပင့်ရှိုက်နေတဲ့ မြို့ရဲ့
ဧည့်မှတ်တမ်းမှာ…
ကျွန်တော့်နာမည် မဖျက်သေးတဲ့ မြို့ကို
ရောက်တဲ့အရပ်က လွမ်းနေတဲ့အကြောင်း
ဂုဏ်ယူစွာပြောပြနေတဲ့ ကျွန်တော့်ကို
ပြုံးပြုံးကြီးစိုက်ငေးနေတတ်တဲ့ မြို့ကလေးဟာ အတက်အဆင်းသိပ်များတယ် ။ ။
အဇ္ဇ (သာဂရ)
Comments
Post a Comment