* အဖျားဒီဂရီ ၂၀၁၇ *
ကလေးတယောက်လို
အပြစ်ကင်းစင်ကြောင်းပြဖို့အတွက်နဲ့တော့ ကလေးကလားဆန်ပြနေကြတာ အော်ဂလီဆန်တယ် ။
ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်
ကြိုးစားပန်းစား ရိုးသားပြနေတာကိုပဲ
လက်ညှိုးပေါင်းများစွာဝိုင်းထိုးကြပြီး
ရသေ့စိတ်ဖြေ ညီညွတ်မှုများဖွာလန်ကြဲ ။
လိုက်လျောညီတွေမှုနဲ့တသီးပုဂ္ဂလ
အယူအဆတွေကြားမှာ
ဂေဟစနစ်ကို ဘယ်လိုစိုက်ပျိုးမလဲ
ရိတ်သိမ်းမှုက လူကြိုက်ပိုများဆဲ ။
ကောင်းကင်ထဲမှာ လွင့်မျောပျံသန်းနေရုံနဲ့တင်
တိမ်ဖြစ်မှုသက်သေမခိုင်လုံကြောင်း
အထောက်အထားမပြည့်စုံတဲ့
ညနေခင်းဟာချွေးထွက်လွန်မောပန်း နေ။
လူဖြစ်ကြောင်းသေချာစေဖို့
လူလိုတွေးနေတယ်ဆိုပေမဲ့
လူသားဆန်မှု မဆန်မှုပြသနာဟာ
ရင်ဘတ်ကို အကြိမ်ကြိမ်လှုပ်ခတ်တယ် ။
အဲဒီ သင်ရိုးညွှန်းတမ်းမာတိကာမှာ
ပါးစပ်နဲ့ပစ်တဲ့ ကျည်ဆံများ
ကွန်ကရိ တောအုပ်တွေနဲ့
ဓာတုဗေဒ အမှိုက်တို့ နံပါတ်စဉ်တပ်ပြီး
ဖော်ပြနေကြတာ ရင်ထိတ်ဖွယ် ။
အဇ္ဇ
Comments
Post a Comment