အနားသတ်ရှုမြင်ခြင်း
ဒီနေ့အမှတ်ပေးစည်းမျဉ်းအရ
အင်အားမရှိရင်ရှုံးမယ်
နိုင်ချေ ၁၀၀ လေး ၁ လေးနဲ့ရေပန်းစားနေတဲ့
တကိုယ်တည်းသမားတွေဟာ
ပြိုင်ပွဲမှာ အရှုံးသမားဖြစ်ကြောင်း
ဒိုင်လူကြီးများရဲ့ကြေညာချက်မှာ ထုတ်ပြန်ခဲ့တယ် ။
အုပ်စုဗိုလ်ဖြစ်ဖို့
အုပ်စုတစုဖွဲပြီး လူရိုသေရှင်ရိုသေနေမှရတဲ့ခေတ် မှာ
ငွေကြေးနဲ့အညှီအဟောက်များဟာ
တရားဝင်ပြိုင်ပွဲစည်းကမ်းဖြစ်လို့ 
တကိုယ်ရေ ရှုံးနိမ့်မှုကိုကဗျာမရေးနဲ့
လူကြိုက်များအောင် လူလုံးလှဖို့လိုတယ်ဆိုတာ
စာအုပ်ထုတ်ဝေပြီး လက်ဆောင်ပေးလိုက် ။
ကဗျာကိုချစ်မိပြီဆိုကတည်းက
နောက်ဆုံးနေရာကိုပဲရွေးထားရင်စိ တ်သက်သာတယ်
ကိုယ်ကနောက်မှရောက်တဲ့အခါ
နောက်ဆုံးမှာတန်းစီ အများစုညီရင်
ဆွေးမြေ့နေလဲ အသစ်ဖြစ်တယ်
တကိုယ်ရေလွမ်းဆွတ်နေရုံနဲ့တော့
ကဗျာတပုဒ်မဖြစ်ကောင်းတာမှန်ရင်
ကဗျာဟာခောတ်အဆက်ဆက်စစ်အေးတိုက် ပွဲပဲ ။
အဇ္ဇ
Comments
Post a Comment