ကောက်ရိုးမျက်နှာနှင့်လူ

ဗင်းဆင့်ဗန်းဂိုး၏ ပန်းချီကားသည် နေရှိရာအရပ်ကို မျက်နှာမူ၍ ဖူးပွင့်ကြပေါ့။ မီးတောက်များထဲ ဒါမှမဟုတ် သစ်ပင်ခြောက်များ၊ ပြည့်နှက်နေတဲ့ အလင်းရောင်အနည်းငယ်များ၊ သူ့ရဲ့ပုံဆွဲကင်းဘတ်စ်စဟာ နေကြာပန်းတွေ ဖြစ်တယ်။ နေရာတိုင်းမှာ၊ ဂျုံခင်း ဒါမှမဟုတ် ဘာလီစိုက်ခင်းများ။ မိုးပေါ်ကိုတက်လိုက်တော့ ကောက်ရိုးများနဲ့လုပ်တဲ့ နေမင်းလာဇရုရဲ့ အခန်းနံရံအပေါ်တည့်တည့် ဒါမှမဟုတ် ဂျိုးဆက်ရိုလင်းနဲ့ သူ့မိန်းမမျက်နှာများ။ မီးကို ဖမ်းယူဖို့အတွက် ခြောက်သွေ့သစ်ပင်များရဲ့ စိတ်လှုပ်ရှားမှု။” ဂျုံခင်းထဲမှကိုယ်တိုင်ရေးပုံတူ”ဟာ ဗန်းဂိုးအမည်ပေးနိုင်ခဲ့တဲ့ သူ့ကိုကိုယ်စားပြုတဲ့ပန်းချီ “မာဆေးအရပ်သားများရဲ့ ဟင်းပွဲတွေလိုပဲ ကွဲပြားတဲ့ အရသာများနှင့် သူဟာ နေမင်းရဲ့ကွဲပြားတဲ့ ဖူးပွင့်ခြင်းကို ဆယ့်နှစ်ကြိမ်ယူနစ်အားဖြင့် ပန်းချီဆွဲတယ်။ လှပတဲ့          ခရမ်းအဝါရောင်ထဲက စိန်းဖန့်ဖန့်အရောင်ပေါ်မှာ ဒါမှမဟုတ် တော်ဝင်အပြာရောင် နောက်ခံပေါ်မှာဖြစ်စေ ဆွဲလေ့ရှိတယ်။ အဲဒီပေါ်ကတချို့ဟာ ကမ္ဘာမြေပေါ် ကြွေကျခဲ့တယ်။ တစ်ချို့ကတော့ တစ်ဝက်တစ်ပျက် မှိန်ဖျော့ခဲ့ပြီး သစ်ရွက်တွေ လောင်ကျွမ်းနေဆဲ။ အခြေခံကျတဲ့ မိုးကုတ်စက်ဝိုင်းက သူ့ကို ဝတ်ဆင်ခဲ့တယ်။ သီးနှံစိုက်ခင်းတစ်ခု၊ တောင်ကုန်း တချို့… ကမ္ဘာရဲ့ ဟိုတစ်ဘက်ခြမ်းဆီက၊ ဝမ်းမြောက်စွာ၊ သူဟာ အရောင်များရဲ့ ဆောင်းငွေ့ပါတဲ့လေကို သူလုပ်တယ်။ ဘယ်လိုအဖြစ်မျိုးမဆို လှိုင်းတွေရှိရမယ်။ ကြီးမားတဲ့ ဝဲဂယက် ရှိရမယ်။ ဆန့်ထွက်မှုတစ်ခုလည်း ရှိရမယ်။ သူဟာ ကဗျာကို ဖန်းဆင်းသူတစ်ယောက် ဖြစ်ခဲ့တယ်။ သူ့ရဲ့လက်တွေဟာ ကျေနပ်မှုတစ်စုံတစ်ရာကို ရှာတွေ့ခဲ့ရင်တောင်မှ အရမ်းကိုတိကျတဲ့ စုတ်တံတစ်ချောင်းနဲ့ လောကကြီးကို သရုပ်ခွဲခဲ့သူ ဘယ်နှစ်ယောက် ရှိနိုင်သေးသလဲ။ အဲဒါနဲ့တူတဲ့ တွားသွားမှုနဲ့ လိမ်ကျစ်မှုတွေကိုရော ဘယ်သူတွေ့ခဲ့သေးလဲ?    သူ့ကို လောင်ကျွမ်းစေတဲ့ အရာကိုသာ သူဟာဆွဲလေ့ရှိတာပါကွာ။ သူဟာ အင်းအားကို ရှာဖွေရမယ့် အစားအရသာကောင်းတွေကိုလဲ မရှာခဲ့ပြန်ဘူး။ ”ရူးသွပ်မှု”လို့ခင်ဗျားပြောပါတယ်။ မဟုတ်ဘူး၊ ဒါဟာ အ ရေခံွံအောက်က မေ့လျော့ခြင်းအတွင်းမှာရှိတဲ့ ဖြစ်နိုင်စွမ်းမဲ့အရာတစ်ခု။ ဒါမှမဟုတ် ဖိအား အောက်က မြင့်တက်နေတဲ့ ကျောက်တုံးအောက်ဆီက ပန်းချီရဲ့ မျက်နှာပြင်ပါ။
ဒါထက်ပိုတာက အဖန်တလဲလဲဖြစ်စေတဲ့ ပန်းချီဆရာရဲ့ နာကျင်မှုနဲ့ အသိစိတ်လှည့်ဖြားတဲ့ စွန့်စားမှု၊ ဒါဟာ သူ့ခံစားချက်နဲ့ ဆက်စပ်ပါဝင်ပတ်သက်နေတဲ့ လူတွေရဲ့ တာဝန်ဖြစ်ပြီး ပျော်ရွှင်ကြည်နူးစရာ သူ့ပန်းချီကားတွေက လေးကန်နောက်ကျိအောင် သူ့အပေါ် အားထုတ်ကြသူတွေရဲ့ တာဝန်လည်းဖြစ်တယ်။ အရောင်တစ်ခုရဲ့ မျှော်လင့်ချက်ဟာ အဲဒီအရောင်ရဲ့ ဂတိတည်မှုကိုလည်း လုပ်ပေးဦးမှာပဲ။
     သူ့ရဲ့ရူးသွပ်မှုဟာ သူဘယ်လို ပြန်တည်ငြိမ်လာသလဲဆိုတာထက် ပိုပြီး အရေးမကြီးပါဘူး။ သူသေခြင်းရှာတွေ့တော့ သူ့ရဲ့ညီဆီကို စာတစ်စောင်ကောက်ရေးတယ်။ ”မင်းမှာရှိတဲ့ ငါ့ပန်းချီကားတွေထဲက ကစဉ့်ကလျားဖြစ်မှုများ တည်ငြိမ်သွားတဲ့အခါ အဲဒီပန်းချီကားဆီက အကျိုးကို မင်းခံစားရလိမ့်မယ်တဲ့”။ ဒါဟာ သူ့ရဲ့အကောင်းဆုံးနဲ့ နောက်ဆုံးစကားလုံး ပန်ချီကားတစ်ချပ်ပါပဲ။ သူ့ဆန္ဒဟာ အဲဒီမှာရှိတဲ့ အရာဝတ္ထု ကို ပန်းချီဆွဲရတာထက် နည်းသလိုပဲ ငါတို့ရဲ့ မျက်လုံးများရှေ့က အရာဟာ ငါတို့ရဲ့ အိပ်ပျော်နေတဲ့အကြည့်ရဲ့ နိုးထမှုထက် ပိုနည်းသလိုပေါ့။

(Jean.Michel Maulpoix )

Comments

Popular Posts