အောင်ငြိမ်းနှင့်နွေဦးမောင် page မှcopy ယူပါသည် copy/credit
ဆရာဇော်ဇော်ထွန်း၏ အနီးအနားကဗျာဝေါဟာရများ
Abstract
ကိုင်တွယ်၍မရသော စိတ္တဇနာမ်ဆိုင်ရာ အမည်များကို ဘာသာစကားတွင် Abstract ဟု ခေါ်သည်။ ရုပ်ဝတ္ထု (the material) နှင့် ရုပ်ပိုင်းဆိုင်ရာ အတွေ့(ဝါ)အသိ (Physical bases of experience) ကို ဆန့်ကျင်ဘက်ဖြစ်စေသော နာမ်ပိုင်းဆိုင်ရာ အသုံးများဖြစ်သည့် အချစ် (love)၊ လွတ်မြောက်ခြင်း (freedom)၊ အိုင်ဒီယာ (idea) နှင့် တရားမျှတမှု (justice) တို့သည် “Abstract” များ ဖြစ်ကြသည်။ ထို အကောင်အထည်မဲ့သော Abstract နှင့် ဆန့်ကျင်ဘက်စကားလုံးသည် ကဗျာဗေဒ၌ ကွန်ခရိ (Concrete) ဟု ခေါ်သည်။ ထို့ကြောင့် ကဗျာတွင် စာလုံးများအား ပုံသဏ္ဌာန် (ဝါ) သွင်ပြင်လက္ခဏာအား အထူးပြု၍ ရေးဖွဲ့သော အမြင်ကဗျာ (visual poem)များကို ကွန်ခရိကဗျာ (concrete poem) ဟု ခေါ်သည်။
Accent
ကဗျာဗေဒတွင် “Accent” သည် တက်သံ (ဝါ) မြင့်သံ (stress) နှင့် အတူတူပင်ဖြစ်သည်။ ထို့ကြောင့် တက်သံ “Stress” များကို ရံဖန်ရံခါတွင် Accent ဟု သုံးနှုန်းကြလေသည်။ ကဗျာရွတ်ဆိုရာတွင် စကားလုံးများအား ဘာသာစကားအသံထွက် (pronunciation) ကို ဦးစားပေး၊ ၎င်း၏အနီးနားမှ စကားလုံးအသံထွက်များထက် ဦးစားပေးအသံမြင့်ထွက်လာကာ ကဗျာရွတ်ဆိုမှုကို ပြုလုပ်ပါက Accent ကို ဖြစ်ပေါ်စေသည်။ ဥပမာအားဖြင့် “STU-dent” တွင် (STU) အသံထွက်အားမြင့်၍လည်းကောင်း၊ “TEACH-er” တွင် “TEACH” ကို မြင့်၍ လည်းကောင်း၊ “va-CA- tion” တွင် “CA” ကို မြင့်၍ လည်းကောင်း အသံထွက်ခြင်းကို “Accent” ဟု ခေါ်သည်။
(Acmeism) (1912) အက်မီဆီယမ်ဂိုဏ်း
ကဗျာဆရာဆိုတာ အဲဒီကဗျာဂိုဏ်းအတွက်တော့ အမိန့်ရနတ်ဝင်သည်တို့ အကြားအမြင်ဆရာတို့ တမန်တော် တို့ မဟုတ်ပါဘူး။ ကဗျာဆရာဆိုတာ ကျွမ်းကျင်လုပ်သား (skilled worker) ပါလို့ သူတို့ဆိုတယ်။ ရုရှအခြေစိုက်ဂိုဏ်းပါ။ ကမ္ဘာ့ ကဗျာသမိုင်းမှာ ရုရှတွေလုပ်ခဲ့တဲ့ အကောင်းဆုံး အလုပ်ပါပဲ။ ဒါပေမယ့် ပြင်သစ်ဟန်နဲ့ အင်္ဂလိပ်ဟန်ကို အခြေပြုထားတယ်။
Acrostic
ကဗျာစာကြောင်းတွေရဲ့ ထိပ်ဆုံးစာလုံးတွေကို အစဉ်အတိုင်း စာလုံးပေါင်းကြည့်လျှင် စကားလုံးတစ်လုံး (ဝါ) စကားစုတစ်ခုဖြစ်၍ သီးခြား အနက် အဓိပ္ပါယ်ရှိနေသော ကဗျာအမျိုးအစားကို “Acrostic” ကဗျာဟု ခေါ်သည်။ အလယ်တန်းအဆင့် ကျောင်းသင်ခန်းစာများတွင် အသုံးပြုတတ်သော ကဗျာအမျိုးအစားဖြစ်၍ ရံဖန်ရံခါတွင် “Name Poem” အမည်ကဗျာဟု ခေါ်သည်။
ဥပမာအားဖြင့်စစ်အစိုးရလက်ထက်တွင်ရေးသားခဲ့သောကဗျာဆရာစောဝေ၏"အာဏာရူးကြီးမူးကြီးသန်းရွှေ"ကဗျာသည်ဤအမျိုးအစားဖြစ်သည်။ကဗျာဆရာစောဝေသည်ထိုကဗျာရေးသားမှုဖြင့်ထောင်ဒါဏ်ချမှတ်ခြင်းခံခဲ့ရသည်။
Adynaton
ကဗျာထဲတွင်ကဗျာဆရာသည်ဖြစ်နိုင်သည့်အရာသာမကပြင်ပလောကတွင်မဖြစ်နိုင်သောအရာများကိုပါရေးကြပါသည်။ထို့ကြောင့်ကဗျာဆရာကိုလိမ်လည်မှုဖြင့်တရားစွဲ၍မရပါ။အော်ဒင် (W.H.Auden)၏ ကဗျာတစ်ပုဒ်ဖြစ်သော “တစ်ညနေခင်းလမ်းလျှောက်ထွက်ချိန်” (As I Walked Out One Evening) ဟူသော ကဗျာလေးကို ကြည့်ပါ။
I’ll love you, dear, I’ll love you
Till China and Africa meet
And the river jumps over the mountain
And the salmon sing in the street
ကိုယ်မင်းကို ချစ်မယ်၊ အချစ်လေးရေ၊ ကိုယ်မင်းကိုချစ်မယ်ကွယ့်
တရုတ်ပြည်ကြီးနဲ့ အာဖရိကတို့ တွေ့ဆုံသွားတဲ့ အထိတိုင်
ပြီးတော့ ဒီတောင်ကို မြစ်ကြီး ဖုံးသွားတဲ့အထိ
ပြီးတော့ ဒီလမ်းထဲ ဆယ်(လ)မွန်ငါးက တေးသီကျူးတဲ့အထိ
တော်ရုံအပျိုဖျန်းလေးလဲကျကြေမွသွားသည် အထိကိုဆရာကြီးအော်ဒင်က“Adynaton”(ပိုသောတင်စားချက်)နည်းစနစ်ကိုသုံး၍ဖွဲ့သွားခဲ့ သည် ။
Affatus
ကဗျာဆိုင်ရာစိတ်ကူးအလင်းရခြင်းကိုဆိုပါတးယ်။ဥပမာ"ကူဗလိုင်ခန်"ကဗျာကိုရေးရန်ကဗျာဆရာ"ကိုးလားရစ်ခ်ျ"အလင်းရသလိုဥာဏ်အလင်းပွင့်မှုကိုဆိုလိုသည်။အခြားသောအနုပညာများတွင်(inspiration)ဟူ၍ဥာဏ်အလင်းရခြင်းကိုသုံးနှုန်းကြသော်လည်းကဗျာဆိုင်ရာတွင်affatusဟုသာသုံးနှုန်းပါသည်။ကဗျာအလင်းရခြင်းတွင်မှော်ပဉ္စလက်အစွမ်းပါသည်ကိုတင်စား၍affatusကိုသုံးပါသည်။လက်တင်ဘာသာမူရင်းစကားလုံးသည်"flatus"(လွှင့်ထုတ်သည်)"ဟူ၍ဖြစ်ပြီး။အခြားတယောက်အားပြန်လည်ရှင်းပြရန်ခက်ခဲသောဥာဏ်အလင်းပွင့်ကိုဆိုလိုပါသည်။
Alliteration (ဗျည်းသံအစ ထပ်ကျော့အသုံး)
The Repetition of initial consonant sounds.လို့အတိုချုပ်ရေးပါတယ်။ အသံ များကို Repetition လုပ်ပါတယ်။လုပ်တဲ့နေရာကတော့ စကားလုံးတွေရဲ့  အစ ဗျည်းသံ (initial consonant) တွေမှာပါ ။ tongue twisterလဲဟုတ်တယ်လို့အနက်ဖွင့်သေးတယ်
ဥပမာ(၁)
Betty Botter bought some butter
ဥပမာ(၂)
can u can a can as a canner can can a can ???
Assonance ( သရသံ ထပ်ကျော့အသုံး )
မတူကွဲပြားသော ဗျည်းသံတွေအတွင်း က ထပ်ပြန်သုံးတဲ့ သရသံ (Repetition of vowel sounds) ဟု ဆောင်းပါးရေးသူ မတ်(ထ)ရစ်ချက် (Matt Richards) က အနက်အတိုဖွင့်ပါတယ်။ နမူနာအနေနဲကတော့''m(y)stery d(i)sguised
w(i)thin (mystery disguised within) အလယ်သရ
Allusion
ဌါပနာအရေးအသား(ဝါ)တင်ပြမှုဟုအချို့ကသုံးနှုန်းပါသည်။ ကဗျာထဲမှာ ပြင်ပအကြောင်းအရာကို သွယ်ဝိုက် (ဝါ) တိုက်ရိုက်မဟုတ်သောနည်းဖြင့် ရည်ညွှန်းရေးသားခြင်းကို Allusion ဟုခေါ်သည်။ ပြင်ပအကြောင်းအရာ ဆိုသည်မှာ လူပုဂ္ဂိုလ် (person)၊ နေရာ (place) သို့မဟုတ် အဖြစ်အပျက် (event) တို့ကို သမိုင်း (history) ထဲမှဖြစ်စေ၊ စာပေ (literature) ထဲမှဖြစ်စေ၊ ဘာသာရေး (religion) မှ ဖြစ်စေ၊ ဒဏ္ဍာရီ (mythology) ထဲမှဖြစ်စေ၊ နိုင်ငံရေး (politics) ထဲမှဖြစ်စေ၊ အားကစား (sport) ထဲမှဖြစ်စေ၊ သိပ္ပံပညာ (science) ထဲမှဖြစ်စေ၊ ပေါ့(ပ်)ယဉ်ကျေးမှု (pop culture) မော်ဒန်ကဗျာဆရာကြီးတီအက်စ်အီးလီးယော့(တ)၏အကြိုက်ဆုံးရေးဖွဲ့ပုံနည်းစနစ်ဖြစ်သည်။
Antanaclasis ထဲမှဖြစ်စေ ထုတ်နုတ်ယူ၍ ကဗျာထဲထည့်သွင်းရေးသားသော ကဗျာနည်းစနစ်ကို “Allusion” ဟုခေါ်သည်။ ဥပမာအားဖြင့် အမေရိကန်ကဗျာဆရာမ ဆား(လ)ဗီးယားပလာ့(သ်) (Sylvia Plath) လေဒီလာဇရု(စ) (Lady Lazarus) သည် သမ္မာကျမ်း(the Bible)ကိုရည်ညွှန်းကောက်နုတ်၍ရေးဖွဲ့သောကဗျာဖြစ်သည်။
Anastrophe
ကြယ်တာရာစစ်ပွဲများ (Star Wars) တွင် ရိုဒ (Yoda) ဟာ ဒီလိုအနာစထရိုပီ (Anastrophe) နဲ့ စကားတွေ ပြောတယ်။ ဥပမာ "သင်လေ့လာခဲ့သောအသိက သင့်အားကယ်တင်နိုင်တယ်" (Mind what you have learned. Save you it can) ဆိုတာမျိုးပေါ့။ ဒီအရေးအသားဟာ တစ်ရာစု (1st century BC (29-19 BCE) မှာ ရေးခဲ့တဲ့ အေးနိယ (Aeneid) မှာတော့ ပုံမှန်လက်တင် စာလုံးစီပုံနဲ့ ပတ်သက်ပြီး နေရာချမှု ပြောင်းပြန်တွေရှိခဲ့တယ်။ အင်္ဂလိပ်မူမှာတော့ ထရိုင်ကမ်းခြေဆီက အရင်ရောက်သူတွေ (Who first from the shore of Troy) ကို ရေးရာမှာ "Troiæ qui primus ab oris" လို့ရေးတယ်။
ထရိုင် (Troiæ) နဲ့ shore လို့ ခေါ်တဲ့ ကမ်းခြေ (oris)ဟာ အင်္ဂလိပ်သဒ္ဒါအရ ပြောရရင် ပိုင်ဆိုင်မှုကို ပြသော ကိစ္စ (possessive case) (ဝါ) ဒုတိယကိစ္စ (second case) လို့ခေါ်တယ်။ နာမ်တစ်ခုက နောက်တစ်ခုကို ပိုင်ဆိုင်ပြီး ဆက်နွယ်မှုလည်း ရှိပါက ကပ်ပြီး ရေးရပါတယ်။ မော်ဒန် အင်္ဂလိပ်သဒ္ဒါမှာတော့ ('s) ဒါမှမဟုတ် (of) လို့ သုံးပါတယ်။ ဥပမာ (Janet's long fingers)၊ (portion of the food) လိုမျိုးပါ။ ဒါပေမယ့် ဗာဂျီး (Virgil)ရဲ့ ကဗျာမှာတော့ ထရိုင် (Troiæ) နဲ့ ကမ်းခြေများ (the shores) တို့ဟာ ကပ်လျက် မရှိနေပါဘူး။ အဲဒီလိုပဲ ကိုးလရစ် (Coleridge) ရဲ့ The Rime of the Ancient Mariner" မှာလည်း "လက်ဟာ သူ့ဆီက အောက်ကိုကျတယ်" ကို "his hand dropt he." လို့ ရေးထားတာတွေ့ရတယ်။ ဒါဟာ သူတို့ခေတ်က လက်ခံတဲ့ အရေးအသားမျိုးမဟုတ်ပါဘူး။ သူ့လိုပဲ ဟုပ်ကင်း (Gerard Manley Hopkins) တို့၊ စမစ် (W.Eugene Smith) ရဲ့ ကတ္တားပုဒ် (subject) နဲ့ ကြိယာ (verb) ရှေ့နောက် အထားအသိုပြောင်းပြန် အရေးအသား (Anastrophe) တွေလည်း ရှိခဲ့ဖူးပါတယ်။
Ref: 1. Smyth, Herbert Weir (1920) Greek Grammar
2. Webster's Dictionary
Anadiplosis
ဝါကျတိုတစ်ခုရဲ့ နောက်ဆုံးစာလုံးကို ကပ်၍ နောက်မှ လိုက်ပါလာသော ဝါကျတိုအစ၌ ထပ်ဆင့်ရေးသား၍ ကဗျာစာကြောင်း တည်ဆောက်ခြင်းကို ဆိုလိုပါသည်။
ဥပမာအားဖြင့်....
ဒီနေရာဟာ ဘယ်လိုမှ မေးခွန်းထုတ်စရာမလိုတဲ့ ဖြူစင်ခြင်း
အဖြူရောင် ဆိုတာ ခရမ်းရောင်အစက်ကလေးနဲ့ သူဖြူနိုင်သလိုမျိုးဗဟိုပြုထားတဲ့ ပန်းတစ်ပွင့်စီ
ပန်းတစ်ပွင့်စီ ဆိုတာ လက်တစ်ဖက်ရဲ့ဆန့်ထွက်အလျား...
(William Carlos Williams’ “Queen Anne’s Lace” မှကောက်နှူတ်ချက်)
Andi-Memorie Poem
ရက်စွဲတစ်ခုအားခေါင်းစဉ်တပ်၍ထိုရက်စွဲပါအတိတ်ကိုပြန်လည်အောက်မေ့ရေးသောကဗျာကိုဆိုလိုသည်။
(Angustnas) (1744) အော်ဂတ်စတန်ဂိုဏ်း
အင်္ဂလိပ်ကဗျာသမိုင်းမှာတော့ အော်ဂတ်(စ)စတန် ခေတ်ရှိတယ်။ ရောမမြို့ပြရဲ့ ခမ်းနားမှု၊ အဆင့်မြင့်မှု၊ အထက်တန်းကျမှုကို ရေးတာပါပဲ။ သူရေးထားတဲ့ စာတစ်ကြောင်းကို အခြေပြုပြီး ဘာသာပြန်တာပါ။ foundness for urbanity and classical (Roman) forms and value.
Anadiplosis
ဝါကျတိုတစ်ခုရဲ့ နောက်ဆုံးစာလုံးကို ကပ်၍ နောက်မှ လိုက်ပါလာသော ဝါကျတိုအစ၌ ထပ်ဆင့်ရေးသား၍ ကဗျာစာကြောင်း တည်ဆောက်ခြင်းကို ဆိုလိုပါသည်။
ဥပမာအားဖြင့်....
ဒီနေရာဟာ ဘယ်လိုမှ မေးခွန်းထုတ်စရာမလိုတဲ့ ဖြူစင်ခြင်း
အဖြူရောင် ဆိုတာ ခရမ်းရောင်အစက်ကလေးနဲ့ သူဖြူနိုင်သလိုမျိုးဗဟိုပြုထားတဲ့ ပန်းတစ်ပွင့်စီ
ပန်းတစ်ပွင့်စီ ဆိုတာ လက်တစ်ဖက်ရဲ့ဆန့်ထွက်အလျား...
(William Carlos Williams’ “Queen Anne’s Lace” မှကောက်နှူတ်ချက်)
Antanaclasis
အနောက်တိုင်းကဗျာလင်္ကာရ ကိရိယာ (rhetorical device) ထဲမှ ကဗျာအလှဓါတ်ရရန် ရေးဖွဲ့သော နည်းတစ်နည်းဖြစ်သည်။ စကားလုံးတူ (the same world) စကားစုတူကိုပင် ကဗျာဆရာက အဓိပ္ပါယ်နှစ်ခွ (ဝါ) မတူသော အဓိပ္ပါယ် (different meaning) ဖြစ်အောင်ရေးဖွဲ့သည့်နည်းစနစ်ဖြစ်ပြီးယေဘုယျအသုံးများသောအခေါ်အဝေါ်မှာ“pun” ဟုလည်း ခေါ်ဆိုနိုင်သော နည်းစနစ်တစ်မျိုးဖြစ်သည်။
(If I don’t hung together, we’ll hung separately Benjamin Franklin.)
Hungဟူသောအသုံးကိုချိတ်ဆွဲသည်နှင့်ကြိုးဆွဲချသည်ဟူသောအဓိပ္ပါယ်နှစ်မျိုးလုံးရည်ရွယ်ချက်ရှိစွာသုံးသွားသည်။
ဤနည်းစနစ်သည်နှစ်ပေါင်းရာနှင့်ချီ၍အနောက်တိုင်းကဗျာနှင့်စာပေတွင်အသုံးပြုခဲ့ကြောင်းထပ်လောင်းပြောလိုသည်။
Antithesis
ကဗျာ (သို့မဟုတ်) စာရေးသားရာမှာ စာရေးသူက သူ့အိုင်ဒီယာ (အဆိုပြုချက်တစ်ခုကို ချိန်ခွင်လျှာထိန်းညှိရန်အတွက် လုံးဝဆန့်ကျင်ဘက်ဖြစ်သော စကားစုနှစ်ခုကို ချိတ်တွဲ တည်ဆောက်ပြခြင်းကို ဆိုလိုပါသည်။
ဥပမာ. . .သေခြင်းကို ပေးပါ (ဒါမှမဟုတ်) လွတ်လပ်ခြင်းပေးပါ။
ဤနေရာတွင်ဆန့်ကျင်ဘက်စကားလုံးကိုပူတွဲ၍စကားလုံးတည်ဆောက်သောနည်းစနစ်ဖြစ်သည့်အောက်ဆီမိုရွမ်
( oxymoron)နှင့်အမှတ်မမှားရန်လိုပါသည်။
ဥပမာ- ဝင်ရိုးတန်းမီး သည်အောက်ဆီမိုရွမ်ဖြစ်သည်။
Aposiopesis
ကဗျာဝါကျတည်ဆောက်မှုတွင် ရေးနေဆဲဝါကျ(ဝါ) လိုင်းအပြီးထိ မရောက်သေးဘဲ ရုတ်ချည်းရပ်တန့်လိုက်ခြင်း (ဖြတ်ပြောသော ရည်ရွယ်ချက်မရှိဘဲ) ကို ဆိုလိုသည်။ ဝါကျအား ရပ်ပစ်သောနေရာတွင် (-) သင်္ကေတ (dash) ချန်ရစ်ခဲ့သည်။ကဗျာဖတ်သူဆက်လက်တွေးခေါ်ရန်လိုင်းကိုဖွင့်ပေးထားခြင်းပင်ဖြစ်သည်။အထူးသဖြင့်ပိုစ့်မော်ဒန်ကဗျာ
များတွင်တွေ့ရသည်။ကဗျာဖတ်သူအားဝင်ရောက်အဆုံးသတ်စေသောဝါကျအဖြစ်သတ်မှတ်သည်။
Apostrophe
ကဗျာရေးဖွဲ့ရာတွင်ပုံမှန်အားဖြင့်တိုင်တည်လေ့မရှိသော စိတ္တဇနာမ်တစ်ခု (an abstraction) (ဝါ) သဘာဝတရားထဲမှ အရာဝတ္ထုတစ်ခု (an object in nature) ကို တိုင်တည်ပြောဆို ရေးသားသည်။
ဥပမာ .Oh! Love Oh! Tree Oh! Rock စသည်ဖြင့်ကဗျာဆရာကမိမိရည်စူးသောအရာကိုသက်ရှိသက်မဲ့တိုင်တည်ခေါ်ဆိုပြ၍ကဗျာကိုပိုမိုအသက်ဝင်အောင်ရေးသားခြင်းဖြစ်သည်။ရည်ရွယ်ချက်မှာ တိတ်ဆိတ်နေသော ဝန်းကျင်ကို လှုပ်နှိုးရန်ဖြစ်သည်။ တိုက်ရိုက်အမည်တပ်ခေါ်ဆိုခြင်း (direct address) ဟုလည်း သတ်မှတ်ကြပါသည်။ (ဝါကျအဖြတ်အနားသင်္ကေတာ (Punctuation) နှင့် မရောထွေးစေလိုပါ။
(Beats Generation) ( (1950) ဘိ(ထ)မျိုးဆက်ဂိုဏ်း
"Social conformity "ကို ဆန့်ကျင်တယ်လို့ပဲ ရေးထားတယ်။ ဒါပေမယ့် ဂင်းဇဘားဂ်ရဲ့ သူ့မျိုးဆက်အကြောင်းကို အသေးစိပ်ရေးထားပြီးဖြစ်တယ်။အယ်လန်ဂင်းဇဘာ့ဂ်၊ဂျက်ကာရိုးလက်ခ်၊အန်းဝဲလ်မန်းနဲ့လောရင့်ဖာလင်ဂတ်တီ၊
အဆိုတော်ပက်တီစမစ်တို့ဟာအမာခံပါ။အစိုးရကိုဆန့်ကျင်တယ်။လိင်တူကိစ္စကိုကဗျာထဲထည့်တယ်။အားနည်းသူဘက်ကရပ်တယ်။ သူပုန်ကဗျာဆရာတွေပါ။ ရောခ့်ဂီတနဲ့ဆက်နွယ်မှုရှိတယ်။
(Black Art) (1960-1970) ဘလက်အတ်(ထ)
အဲဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ အနုပညာရှင်တွေဟာ အမေရိကန်အာဖရိကန်တွေလို့ခေါ်တဲ့ လူမည်းတွေရဲ့ ယဉ်ကျေးမှု နဲ့ သမိုင်းဆိုင်ရာတွေကို ပြန့်ပွာအောင် နိုင်ငံရေးအရ ပြုလုပ်တဲ့လူတွေစုပြီးသွားတဲ့ ကဗျာအုပ်စုပါ။
Blazon
ကဗျာမှာတော့ဒီစာလုံးရဲ့အဘိဓါန်အဓိပ္ပါယ်နဲ့မတူပါဘူး။အမျိုးသမီးတယောက်ရဲ့ကောင်းခြင်းနဲ့ကြီးမြတ်တဲ့ဂုဏ်အင်ကိုကာရံကဗျာထဲရေးဖွဲ့တာကိုဆိုလိုပါတယ်။ဒီလိုဖွဲ့နွဲ့ရာမှာ(blazon)လို့ခေါ်တဲ့အဆင့်အတန်းမြင့်မားမှု(စိတ်သို့မဟုတ်ရုပ်)ကိုပေါ်လွင်အောင်ဖွဲ့နွဲ့တဲ့အဖွဲ့မျိုးကိုဆိုလိုပါတယ်။အနောက်တိုင်းကဗျာကျော်စပင်ဆာ(EdmundSpenser)ရဲ့(Epithalamion)ကဗျာဒသမပါဒကိုဥပမာပေးပါတယ်။ဒီကဗျာကသူ့သတို့သမီးကိုရေးဖွဲ့တဲ့တမ်းချင်းကဗျာရှည်ပါ။သူကကဗျာကို(၃၆၅)လိုင်းအရေအတွက်နဲ့တည်ဆောက်လိုက်တယ်။တနှစ်မှာရှိတဲ့ရက်စွဲအရေအတွက်အနေနဲ့ပါ။ပြောချင်တာကဒသမပါဒပါပဲ။အဲဒီမှာသတို့သားကဒီမြို့မှာသူ့သတို့သမီးလောက်တင့်တယ်လှပသူရှိလားလို့မေးပြီးသတို့သမီးရဲ့ကောင်းချင်းကိုဖွဲ့တော့တာပဲ။ဆံနွယ်ကနေခြေဖျားအထိကျက်သရေရှိပုံကိုရေးပါတယ်။သတို့သမီးအရံတွေဟာသတို့သမီးအလှကြောင့်အလွဲတွေဖြစ်ကြရတယ်ဆိုပါတယ်။ဒီဒသမပါဒကိုခွဲခြမ်းစိတ်ဖြာသူတွေဟာ(blazon convention)လို့ရေးသားကြပါတယ်။
Bob and Wheel
နာမည်အားဖြင့်အင်မတန်ထူးခြားတဲ့ကဗျာရေးဖွဲ့မှုပုံစံတခုပါ။ဒီကဗျာရေးနည်းလားရာဟာစကော့တလန်မြေနိမ့်(middle scot)ဒေသ(အင်ဒိုယူရို)ကဗျာတွေနဲ့အလယ်ခေတ်အင်္ဂလိပ်ကာရံကဗျာတွေမှာတွေ့ရတဲ့ဟန်ပါ။ပါဒတခုနဲ့တခုကိုဘော့(ဘ)(Bob)လို့ခေါ်တဲ့လိုင်းတိုကလေးနဲ့ချိတ်ဆက်သွားတဲ့ဟန်ပါ။အဲဒီဘော့(ဘ)လိုင်းတိုလေးဟာအသံထွက်ဝဏ္ဏနှစ်ခုသာရှိတဲ့လိုင်တိုလေးဖြစ်တယ်။သူ့အောက်ကမှနောက်ပါဒရှည်လိုက်ချိတ်ပါတယ်။အဲဒီပါဒရှည်ကိုဝှီး(လ)(Wheel)လို့ခေါ်ပါတယ်။ပါဒရှည်ဟာအတွင်းကာရံ(internal rhyme)ပါတဲ့ကဗျာလိုင်းတွေနဲ့ဖွဲ့စည်းထားပါတယ်။
အဲဒီပါဒကိုဗျည်းသံထပ်ကျော့ကာရံပိုဒ်(alliterative verse)လို့လည်းခေါ်ပါတယ်။
အဓိကစတင်အသုံးပြုသွားတဲ့ကဗျာဆရာကတော့ပုလဲကဗျာဆရာ(Pearl Poet)ပါ။
ဆာဂါးဒဝင်းနဲ့အစိမ်းရောင်သူရဲကောင်းကဗျာမှာသုံးခဲ့ပါတယ်။
with wynne..........‡.(bob)
whete werre and wrake and wonder.....‡(wheel)
Bi sythes has wont therinne
and oft bothe blysse and blinder
Ful skete has skyfted synne.
★ပုလဲကဗျာဆရာဆိုတာဘယ်သူမှန်မသိတဲ့ကလောင်နာမည်ပါ
Bouts-rime's
ပြင်သစ်တွေဆီကစတယ်လို့အဆိုရှိတဲ့ကဗျာပြိုင်ပွဲကိုခေါ်တာပါ။ပြိုင်မယ့်ကာရန်အသွားကိုအရင်သတ်မှတ်ရပါတယ်။ဝိတိုရိယခေတ်ပီအာဘီ(PRB)ကဗျာဂိုဏ်းအထင်ကရမောင်နှမနှစ်ဦးဖြစ်တဲ့ခရစ္စတီးနားရိုဆက်တီတို့မောင်နှမမကြာခဏပြိုင်လေ့ရှိတယ်ဆိုပါတယ်။
Canto
ကန်တိုလို့ ပြောရင် ကျွန်တော်တို့က အက်ဇရာပေါင်း(ဒ်) ကိုပဲ ပြေးမြင်ကြတယ်။ သူကလည်း ဒီကဗျာမျိုး အမြောက်အများ ရေးပစ်ခဲ့တာကိုး။ ကန်တိုဟာ ဘယ်လိုကဗျာလဲ ဆိုတော့ အက်ပစ်(Epic) မဟာကဗျာရဲ့ အခွဲတစ်ခု (ဝါ) ခေါင်းစဉ်ငယ်တစ်ခုပဲ ဖြစ်တယ်။ ဒါကြောင့် ရှည်လျားတဲ့ အက်ပစ်ကဗျာခွဲ (A Long Subsection of Epic) လို့ ရေးသလို ရှည်လျားတဲ့ ဇတ်ပြောကဗျာ (Long Narrative Poem) လို့လည်း အဓိပ္ပါယ်ဖွင့်ကြပါတယ်။ ဥပမာအနေနဲ့ ဒန်တီ (Dante) ရဲ့ (Alighieri’s Commedia) ဟာ ကန်တိုကဗျာ အမျိုးအစားပဲဖြစ်တယ်။ အင်္ဂလိပ်ကဗျာလောကထဲကို စတင်တင်သွင်းသူကတော့ အက်ဒမန်စပင်ဆာ (Edmund Spenser) ပဲဖြစ်ပြီး The Faerie Queen (နတ်ကျွန်ဘုရင်မ) ထဲမှာလည်း ထည့်ရေးခဲ့ပါတယ်။ ဘိုင်ရွန်ရဲ့ “Don Juan” ကဗျာဟာလည်း ကန်တိုပါပဲ။ ၂၀ ရာစုမှာ ဒီကဗျာအမျိုးအစားကို အစဉ်တစိုက် ရေးဖွဲ့ခဲ့သူကတော့ မော်ဒန်ဖခင်ကြီး အက်ဇရာပေါင်း(ဒ်)ပဲ ဖြစ်တယ်။ သူ့ကဗျာတွေကိုတော့ ကန်တိုများ (Cantos) လို့ အမည်ပေးခဲ့ပါတယ်။
Canzone ( ကန်ဇိုနီကဗျာ)
အသံအရေအတွက် (ဝဏ္ဏ)လို့ခေါ်တဲ့ အသံဆယ့်တစ်သံကိုတည်ပြီး ရေးဖွဲ့ရတဲ့ကဗျာစာကြောင်းမှာ အဆုံးသတ်ကာရံ (end rhyme) ပါဝင်တဲ့ ကဗျာစာကြောင်းတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ကဗျာအမျိုးအစားတစ်ခုဖြစ်တယ်။ အလယ်ခေတ် (medieval) က စခဲ့တဲ့ကဗျာအမျိုးအစားတစ်ခုပါ။ စပိန်နဲ့အီတလီ နိုင်ငံတွေက အခြေပြုစတင်တဲ့ ရေးဟန်ဖြစ်တယ်။ အပိတ်(ဝါ)အဆုံးသတ်ကာရံပါဝင်တဲ့ အဲဒီလို ဆယ့်တစ်သံစာကြောင်းကိုတော့ (hedecasyllabic) လို့ ခေါ်ပါတယ်။ကန်ဇိုနီကဗျာတည်ဆောက်ပုံဟာဆွန်းနက်ကဗျာပေါ်လာဖို့လမ်းဖွင့်ပေးခဲ့တဲ့ တည်ဆောက်ဟန်ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ဆွန်းနက်တည်ဆောက်ပုံရဲ့ ရှေ့ပြေးကဗျာမျိုးအစားရယ်လို့တောင် ပြောဆိုတာတွေ ရှိပါတယ်။ ဥရောပတိုက်ကအီတလီနဲ့စပိန်နယ်ခြားဧရိယာတစ်ဝိုက်ကရိုးရာတေးကဗျာအမျိုးအစားဖြစ်တာနဲ့အညီ တေးသီချင်း အဖြစ်နဲ့ လည်း ကန်ဇိုနီ အမျိုးအစားဂီတ ရှိပါတယ်။
Carol
ခရစ်စ္စမတ်ခဲ(အ)ရို(လ်) အနေနဲ့ ခရစ္စမတ်ရောက်လာရင် အုပ်စုဖွဲ့ပြီး သံပြိုင်သီဆိုရတဲ့ သီချင်းအမျိုးအစားဖြစ်တယ်။ ဥပမာ ခရစ္စမတ်သီချင်းဖြစ်တဲ့ (I saw three ships) နဲ့ (The twelve days of Christmas) ဟာ ကာရိုး(လ်)သီချင်းတွေပါ။ အုပ်စုနဲ့ ဆိုရပေမယ့်လည်း တစ်ဦးချင်းလူပြောင်းပြီး အလယ်ပိုဒ်လေးတွေကို ဆိုနိုင်ပြီး နောက်ခံအုပ်စုကတော့ အဖွင့်အပိတ်ညှပ်ထားတဲ့ အပိုဒ်တွေကို ဆိုရပါတယ်။ အနောက်နိုင်ငံမှာတော့ ခရစ္စမတ်ရောက်တိုင်းမှာ ကာရိုး(လ်)သီချင်းတွေဟာ ကျွန်တော်တို့ သင်္ကြန်သီချင်းတွေ သင်္ကြန်ရောက်တိုင်း ဆိုလေ့ရှိသလို ဆိုကြတာပါပဲ။ အဲဒီတော့ ကာရိုး(လ်)ဟာ တေးကဗျာအမျိုးအစားဖြစ်တယ်။ ရောဘတ်(တ်)ဆောက်(သ်)ဝဲ(လ်) (Robert Southwell) ရဲ့ လောင်ကျွမ်းဘာဘီ (The Burning Babe) ဟာ ထင်ရှားတဲ့ ကာရိုး(လ်)ကဗျာတစ်ပုဒ်ပါ။
Catharsis
ပြင်ပလောက စိတ်လှုပ်ရှားမှုကြောင့် တင်းအား (tension) ဖြစ်သွားသော စိတ်ကိုပြန်လည် သက်သာဖျော်ဖြေရေးအတွက် ဖြေလျှော့ပေးသည့် ရည်ရွယ်ချက်ဖြင့် တည်ဆောက်သော ကဗျာရေးဖွဲ့နည်းစနစ်ကို ဆိုလိုပါသည်။ ကြောက်တတ်သောကြောင့် တင်းအားဖြစ်နေသောစိတ်ကို ထိတ်လန့်စရာ အနုပညာပြုလုပ်ခြင်းဖြင့် ထွက်ပေါက်ပေး၍ ဖြေလျှော့သည်ကို ဆိုလိုပါသည်။ ခံစားချက်ကို အနုပညာဖြင့် ဖောက်ထုတ်ခြင်းပင်ဖြစ်သည်။ ဥပမာအားဖြင့် နာကျင်ဝန်ခံကဗျာဆရာအုပ်စု (Confessional School of Poetry) ကဗျာဆရာများသည် သူတို့၏အစွန်းရောက် နာကျင်မှုများကို ကဗျာရေးသားခြင်းဖြင့် ဖွင့်ဟကြလေသည်။
Cliché
လင်္ကာမြောက်သော်လည်း ကဗျာဆရာ အားထုတ်ရေးသားခြင်းမရှိသည့် ဖန်တရာထေရိုးအီနေသော အသုံးကို ဆိုလိုပါသည်။ ဖွဲ့နွဲ့မှုမှန်သော်လည်း အများသိပြီး (ဝါ) ယခင်အဖန်များစွာ သုံးစွဲပြီးသား အဖွဲ့အနွဲ့ကို ဆိုလို၍လည်းရသည်။
Close Form Poetry
ပုံစံသေ (ကာရံအသွား) အား ဘောင်သွင်းတည်ဆောက်မှုဖြင့် တည်ဆောက်ထားသော ကဗျာပုံစံများအားလုံးကို ဆိုလိုသည်။ ပုံစံသေ (ဝါ) ကန့်သတ်ပုံစံ (Fixed forms Poetry)ဟုလည်း ခေါ်ဆိုကြသည်။ ကဗျာတည်ဆောက်မှု ကျောရိုးပုံစံသေများ (Fixed Structures) နှင့် မီတာစာကြောင်း တည်ဆောက်ပုံအသေအကျပ်များ (Fixed Patterns) ကိုဆိုလိုပါသည်။ကာရံကဗျာဖြစ်ရန်အတွက်တင်ပြလိုသောအကြောင်းအရာကိုသွေဖီကာစကားလုံးများအားအတင်းအကြပ်ကာရံဘောင်အတွင်းသွတ်သွင်းခြင်းကိုဖတ်သူမှရိပ်စားမိလောက်သောအနေအထားကိုဆိုလိုပါသည်။
Concrete
တစ်သီးတစ်ခြားဖြစ်သော ရုပ်ဝတ္ထုပစ္စည်း (ဒြပ်ရှိ)များကို ခေါ်သည်။ ကဗျာတွင် အမြင်စာလုံးစီကဗျာများကို “Concrete” ကဗျာများဟု ခေါ်ကြသည်။ အကောင်အထည်မဲ့ (ဒြပ်မဲ့) “Abstract” နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ဤစကားလုံးနှင့် ဆန့်ကျင်ဘက်မှာ ဒြပ်မဲ့ ဖြစ်သည်။
Consonance ( ဗျည်းသံအဆုံး ထပ်ကျော့အသုံး )
မတူကွဲပြားသော သရသံတွေရဲ့ရှေ့နောက် မှာရှိတဲ့ ထပ်တူကျဗျည်းသံ..(consonance Repetition of final consonant sounds) လို့အတိုချုံးရှင်းပါတယ် ။ သုံးတဲ့နေရာကတော့ စကားလုံးတွေရဲ့ အဆုံးဗျည်းသံ( final consonant) တွေမှာပါ ။့ 
Gloo(m)y Wo(m)an
Convention
အစဉ်အလာအရ မည်သို့မည်ပုံ ပြုလုပ်ရမည်ကို ကျယ်ပြန့်စွာ စီစဉ်ထားပြီးသော ကိစ္စကို ဆိုလိုသော်လည်း ကဗျာတည်ဆောက်မှု (အနောက်တိုင်းတွင် မီတာဖြင့် ပုံစံကျဖြစ်နေသော) သို့မဟုတ် မိရိုးဖလာ တည်ဆောက်နည်းကို ဆိုလိုပါသည်။ ရှေးရိုးလမ်းဟောင်း ရေးဖွဲ့မှုကို ဆိုလိုသည်။
Couplet
ကဗျာနှစ်ကြောင်းတစ်ပါဒဟန်ရေးဖွဲ့မှုစနစ်ကိုခေါ်သည်။များသောအားဖြင့်မူထိုပါဝင်သော ကဗျာစာကြောင်းနှစ်ကြောင်း၏ လိုင်းအလျား (length)၊ မီတာ (metre) နှင့် ကာရံ (rhyme) တို့မှာ တူညီအောင် တည်ဆောက်ကြသည်။
DETOUR
ပင်မသုံးတဲ့လမ်းကို ပြင်လို့ပိတ်ထားရတယ်။ အခြားတစ်လမ်းကို ယာယီအသုံးပြုတဲ့အခါ အဲဒီစကားလုံးကို သုံးပါတယ်။ ပိုက်လိုင်းတွေမှာတော့ by pass လို့သုံးပါတယ်။ ကဗျာတစ်ပုဒ်ကို တည်တယ်။ ဥပမာ မောင်ချောနွယ်ရဲ့ ဆတ်သွားပေါ့။ အဆုံးသတ်မှာ မောင်ချောနွယ်ပေးချင်တဲ့အဖြေကို သူ့အတိုင်းမသွားပဲ တခြားကဗျာပုံစံသစ်တစ်မျိုးနဲ့ သွားတာပါ။
Didatic Poetry( ဒိုင်ဒက်တစ်(ခ်)ကဗျာအမျိုးအစား)
လမ်းညွှန်ပြုတဲ့ ကဗျာလို့ အတိုချုပ်အနက်ဖွင့်ရလိမ့်မယ်။ အရေးပါတဲ့ ကဗျာအမျိုးအစားလို့ ဆိုရမယ်။ ဒီကဗျာ အမျိုးအစားဟာ ဘယ်တော့မှ ပပျောက်သွားမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖတ်သူကို တစ်စုံတရာတိုးတက်ရာ တိုးတက်ကြောင်း လမ်းညွှန်မယ်ဆိုတဲ့ ကဗျာရဲ့ ရည်ရွယ်ချက်ကြောင့်ပါ။ ကဗျာဆရာက ဘာများ ဒီကဗျာအမျိုးအစားနဲ့ပတ်သက်ပြီး ဆောင်ရွက်သလဲဆိုတော့
၁။ စိတ်ပိုင်းဆိုင်ရာအားဖြင့်
၂။ အသိဥာဏ်ဖွံ့ဖြိုးလာအောင် ပံ့ပိုးပေးခြင်း
- ဒဿနဆိုင်ရာ (Philosophy)
- ဘာသာရေးဆိုင်ရာ (Religion)
- အနုပညာ (Art)
- သိပ္ပံပညာ (Sinence)
- ကျွမ်းကျင်မှုစွမ်းရည်များ (Skills)တို့ကို ပံ့ပိုးပေးတယ်လို့ ဆိုပါတယ်။
ကဗျာဆရာအတော်များများကတော့ ကဗျာတိုင်းဟာ တိုက်ရိုက်မဟုတ်တဲ့ အနေအထားနဲ့ကဗျာအားလုံးက တစ်ဆင့် ဖတ်သူကို လမ်းပြနေဟု ဆိုပေမယ့် “ဒိုင်ဒက်တစ်(ခ်)” ကဗျာအမျိုးလို့ သတ်မှတ်ရာမှာ ရှုပ်ထွေးမှု ရှိနိုင်တယ်ဖြစ်လင့်ကစား ဒိုင်ဒက်တစ်(ခ်)ဟာ ပိုမိုရှင်းတဲ့ စိတ်ပိုင်းဆိုင်ရာ (moral) သတင်းပို့ (message) နဲ့စာဖတ်သူဆီကို သေချာပစ်မှတ်ထား ရည်ရွယ်ချက်ရှိရှိကို ရေးသားပို့ဆောင်ပါတယ်။ ဂျွန်မေ(လ်)တန် ရဲ့ နိဗ္ပ္ဗန်ဘုံ ပျောက်ဆုံးခြင်း (Paradise Lost)၊ အလက်ဇန္ဒားပု(ပ်) (Alexandar Pope) ရဲ့ ယောကျာ်းနဲ့ပတ်သက်ပြီး ရေးတဲ့ အက်ဆေးတစ်ပုဒ် (An Essay on Man) တွေဟာဥပမာကောင်းတွေ ဖြစ်တယ်။ ကျွန်တော်တို့သိထားတဲ့ ရုယက်(ဒ်)ကက်ပလင်း (Rudyard Kipling) ရဲ့ တကယ်လို့သာ (If) ကဗျာဟာလည်း ဒီလို အမျိုးအစားပါပဲ။
အဝေးသင်တက္ကသိုလ် အင်္ဂလိပ်စာအထူးပြု ကဗျာသင်ခန်းစာ( Eng : 2106 )ပါ 'Rudyard Kipling' ရဲ့ 'If ' ကဗျာ အား 'မသီတာ(စမ်းချောင်း)' ၏ ကဗျာ ဘာသာပြန်နှင့်အတူ ခံစားကြည့်စေချင်ပါတယ် ။
“အကယ်၍…''
အကယ်၍ မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်.....။
အကယ်၍ အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်.....။
အကယ်၍ မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်
ဒါမှမဟုတ် မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ
အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်.....။
အကယ်၍ မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်.....
ပြီးတော့ အစကနေ ပြန်စနိုင်မယ်ဆိုရင်…..
ပြီးတော့တစ်ခါ ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူးမနေဘူးဆိုရင်…..။
အကယ်၍ သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်…..
အဲဒီလိုပဲ မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်…..။
အကယ်၍ စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်…
ဒါမှမဟုတ် မင်းရဲ့အကြောင်း မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင်….
ဒါမှမဟုတ် မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင်….
ပြီးတော့ မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင် . . . . . . .
အကယ်၍ စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…
အတွေးအခေါ် စိတ်ကူးတွေဟာ မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်. . . . . . ။
အကယ်၍ အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံ တရားတွေပါလား ရယ်လို့ ခံယူထားနိုင်မယ်ဆိုရင်. . . . . .။
အကယ်၍ လူတွေနဲ့ထိတွေ့ပြောဆိုဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ် မင်းဧရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့် မာန်မာန သွေးမကြွဘူးဆိုရင်….။
အကယ်၍ ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်. . . . . . ။
အကယ်၍လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်….။
အကယ်၍ တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ် အသုံးချနိုင်မယ်ဆိုရင်. . . . .။
ငါ့သားရေ…
မင်းဟာ အရာရာရှိတဲ့၊အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့…။
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတစ်ယောက်ပဲပေါ့။
( ဒေါ်အောင်ဆန်းစုကြည် )
If
If you can keep your head when all about you
Are losing theirs and blaming it on you;
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or being lied about, don't deal in lies,
Or being hated, don't give way to hating,
And yet don't look too good, nor talk too wise;
If you can dream—and not make dreams your master;
If you can think—and not make thoughts your aim;
If you can meet with triumph and disaster
And treat those two imposters just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and build 'em up with worn-out tools;
If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breath a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on";
If you can talk with crowds and keep your virtue,
Or walk with Kings—nor lose the common touch;
If neither foes nor loving friends can hurt you;
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds' worth of distance run,
Yours is the Earth and everything that's in it,
And—which is more—you'll be a Man my son!
( Rudyard Kipling )
DIGRESSION
ကွန်းဆငက်ကဗျာ Conceptual Poetry ရဲ့ စရိုက်လက္ခဏာထဲက တစ်ချို့နဲ့ ပို့စ်မော်ဒန်ရဲ့ လက္ခဏာတွေကို ရောစပ်ထားတဲ့ ချားလ်ဘန်စတိန်းးရဲ့ UBမှာသင်တဲ့ သင်ရိုးထဲက ကဗျာတစ်ပုဒ်ကို တည်ဆောက်တဲ့အခါမှာရှိပြီးသား ကဗျာတစ်ပုဒ်ကို Main Subject အဖြစ်တည်လိုက်တယ်။ ပြီးတော့ အဲ့ဒီမူလကဗျာမှ အဝေးကိုသွားတဲ့နည်းပါ။ digression ဆိုတာက စကားပြော (speech) နဲ့ စာအရေးအသား (writing) မှာ မူလ (main subject) ကနေ အခြားကို စွန့်ခွာသွားတာကို ဆိုလိုပါတယ်။
DIVERSION
မူလ အကြောင်းအရာ(main subject) မှ သွေဖယ်ကာ စဉ်းစားတည်ဆောက်ခြင်းဖြစ်သည်။ (Divert) ဟူသော အဓိပ္ပါယ်က to turn (a person or thing) aside from a course or direction ဟု အဘိဓါန်အလိုအရ မူလက ဘေးဘက်သို့သွေဖယ်ကာ ကဗျာသစ်တည်ဆောက်သည်။ ဥပမာ။ မောင်ချောနွယ်၏ ဆတ်သွားကို (main subject) အဖြစ်တည်ပေးပြီး ထို "ဆတ်သွား" ကို သွေဖယ်ကာ အခြားသောကဗျာသစ်များကို တည်ဆောက်ခြင်းပင်ဖြစ်သည်။
Doxa
လူတွေရဲ့ယျေဘုယျအမြင်၊အတွေး၊အသိတို့ကို"doxa"(ဒေါ့ဇာ)ဟုခေါ်တယ်။
ဂရိစကားမှဆင်းသက်လာပြီးဖြစ်ပေါ်(to appear)တွေးထင်(to think )သိမြင်(to seem)လို့မူလအဓိပ္ပါယ်ရှိပါတယ်။
လူတိုင်းသိနားလည်တဲ့သိမှုကိုဆိုလိုပါတယ်။
Dramatic Poetry ဒရာမက်တစ်ကဗျာ
၁။ လစ်ရစ် (Lyric )
၂။ ဒရာမက်တစ်(Dramatic)
၃။ နာရေးတေ့ဗ် (Narrative) ဟူ၍
ယေဘုယျသတ်မှတ်ထားသော ကဗျာ(အသံ)ပုံစံသုံးမျိုးထဲမှ ဒုတိယအသံပုံစံမျိုးဖြစ်သည်။ ကဗျာရေးသူ (ဝါ) ကဗျာထဲတွင် ပြောဆိုသူသည် ရည်ရွယ်ချက်ဖြင့် ဇာတ်လမ်းသဘောဖြစ်စေ သူ၏ခံစားမှုဖြစ်စေ စာဖတ်သူအား သိသာစွာ တင်ပြရန် ကြိုးပမ်းအားထုတ်ထားသော ကဗျာအမျိုးအစားကို ခေါ်ဆိုသည်။ ဇာတ်လမ်းသဘောဆိုသည်မှာ ပြောသူ၏ တင်ပြမှုထဲတွင် အခြားတစ်စုံတစ်ဦး၏ ဇာတ်ကောင်စရိုက် ပါဝင်လာခြင်းကို ဆိုလိုပါသည်။ ၎င်းကို ဧကပုဂ္ဂလဇာတ်ကြောင်းပြော (dramatic monologue) ဟုလည်း ခေါ်ဆိုပါသည်။ ဤကဗျာအမျိုးအစားနှင့် မှားယွင်းရောထွေးနိုင်သော အခြားကဗျာအမျိုးအစား တစ်ခုမှာ ပုဂ္ဂလခံစားချက်ကို ဖော်ပြသော (Persona Poem) (သို့မဟုတ်) လစ်ရစ်ကဗျာ (Lyric Poem) အမျိုးအစားပင်ဖြစ်သည်။ ထို လစ်ရစ်ကဗျာသည် ကဗျာအတွင်း၌ တစ်စုံတစ်ဦးကို ရည်ညွှန်းထည့်သွင်းဖော်ပြခြင်း မရှိ (an imagined speaker’s voice but not addressed to another character) ဟု ယျေဘုယျ သတ်မှတ်သည်။
"Eco ကဗျာ"
အီခေါလောဂျီEcologyဆိုတာအကျဉ်းပြောရရင်သက်ရှိတွေနဲ့သူ့ပတ်ဝန်းကျင်သဘာဝတရာတို့ဆက်စပ်အသက်ရှင်
ကြောင်းကိုလေ့လာတဲ့ဘာသာရပ်ပါ။ဒီဘာသာရပ်လိုမျိုးပဲသတ္တလောကနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအကြောင်းကိုပင်မအကြောင်းအရာအဖြစ်"တည်"ရေးတဲ့ကဗျာအမျိုးအစားကို"အီကိုပိုယက်ထရီ"လို့ခေါ်ပါတယ်။ဒီကဗျာအုပ်စုဟာ နှစ်ဆယ်ရာစုနှောင်းပိုင်းမှာပေါ်လာတာဖြစ်ပြီးသဘာဝဝန်းကျင်နဲ့သက်ရှိများကိုအဓိကစောင့်ကြည့်သူတွေကပတ်ဝန်းကျင် ထိန်းသိမ်းဖို့နဲ့သဘာဝဘေးကိုလည်းအကြောင်းအရာအဖြစ်ရေးကြပါတယ်။အဲဒီမှာအီကိုကဗျာဗေဒဖြစ်တာပါပဲ။ နောက်ပိုင်းမှာသဘာဝဘေးအပြင်ပိုပြီးကျယ်ပြန့်စွာရေးသားကြပါတယ်။သူတို့အုပ်စုပင်မဂျာနယ်အမည်ကလည်း (Ecopoetic)ပါပဲ။အယ်ဒီတာကတော့ဂျော်နသံစကင်နားဖြစ်ပါတယ်။ဒီလိုသဘာဝဘေးနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဗျာတွေဆိုတာအရင်ကတည်းကကဗျာဆရာတွေအများကြီးရေးခဲ့ဖူးကြပါတယ်။ဒါပေမယ့်အီကိုကဗျာဆိုတဲ့နာမည်ကတော့ပေါ်တာမကြာသေးပါဘူး။(၂၀၀၂)ခုနှစ်စကော့(တ)ဘရိုင်ဆန်ရေးတဲ့စာတမ်းမှာအကျယ်အပြန့်သုံးထားလို့ာ့ရေပန်းစားလာတာပါ။ ခုတော့အင်္ဂလိပ်ကဗျာလောကမှာအမျိုးအစားတစ်ခုအဖြင့်အခိုင်အမာရပ်တည်နေပါတယ်။
Elision
ကဗျာရေးသားရာတွင်စာလုံး၌သရ (Vowel) တစ်လုံး ဖျောက်ရေးခြင်းကို ဆိုလိုသည်။
ရည်ရွယ်ချက်မှာအဆိုပါ စာလုံးပါဝင်သော ကဗျာစာကြောင်း ၌သရများစွာ ပါဝင်မှုကိုရှောင်ရှားလိုခြင်းပင်။ ဥပမာအားဖြင့်မူ every အစား ev'ry ဟု ရေးခြင်းနှင့် wandering အား wand'ring ဟုရေးခြင်း ။
End Rhyme
ကဗျာစာကြောင်း (၀ါ) Envoi
လိုင်းအပိတ်၌ရှိနေသော ကာရံကို ခေါ်သည်။
ကဗျာအသိမ်း(အဆုံးသတ်) အနှစ်ချုပ်ပါဒ အတိုကို ဆိုလိုသည်။ ကဗျာနောက်ဆုံးပါဒသည်လေးကြောင်း ထက်မပိုသော ၊ အထူးသဖြင့် ဘဲလက်(ဒ) (Ballad ) ကဗျာများတွင်တွေ့ရသည့် နောက်ဆုံးပါဒကို “ envoi “ ဟု ခေါ်သည်။ ထိုပါဒသည် ကဗျာတစ်ပုဒ်လုံးအကြောင်း အရာ၏ အနှစ်ချုပ်ပင် ဖြစ်သည်။ အကျိုး အပြစ်ပြ၍ ချေပသည့် ပါဒ (argument of the poem ) (၀ါ ) ကဗျာအသိမ်းပင် ဖြစ်သည်။ “ sestina “ကဗျာအမျိုးအစားများတွင်လည်း တွေ့ရသည်။
Epigram
အက်ပီဂရမ် ကဗျာတွေက တိုတယ်။ အားပါတယ်။ ပုံမှန်အားဖြင့် ကာရန်ပါတယ်။ အဆုံးသတ်မတော့ သရော်ထားတဲ့ စာကြောင်းတွေနဲ့ ပိတ်လေ့ရှိတယ်။ အတွေးတစ်ခု(ဝါ) အဖြစ်အပျက်တစ်ခုကိုပဲ အခြေခံထားတယ်။ ဒီစကားလုံး Epigram ဟာ ဂရိဝေါဟာရ "Epigraphein" ကလာပြီး ထွင်းစာလုံး ရေးသားခြင်း လို့ အဓိပ္ပါယ်ရှိတယ်။ ဒါဟာ ရှေးဟောင်းဂရိ ကျောက်တုံး အမှတ်တရနေရာတွေမှာ ဆောက်ထွင်းရေးသားမှုနဲ့ ဆက်စပ်နေတယ်။ အက်ပီဂရမ်တွေရဲ့ ပထမရာစုဟာ ရောမကဗျာဆရာကြီး မာရှယ် (Roman Poet Martial) က တဆင့် မော်ဒန်အက်ပီဂရမ်ရယ်လို့ ဖြစ်လာခဲ့တယ်။ အက်ပီဂရမ်တွေဟာ ခြောက်ရာစု နဲ့ ခုနစ်ရာစုတွေမှာ ပိုပြီး ထင်ရှားလာတယ်။ ဂျွန်ဒုန်း (John Donne)၊ ရောဘတ်ဟားရစ် (Robert Herrick)၊ ဘင်ဂျွန်ဆင်၊ အလက်ဇန္ဒားပုတ် (Alexander Pope)၊ ဘိုင်ရွန်၊ ကိုးလားရစ် (Samuel Taylor Coleridge)တို့ရေးပြီးပြင်သစ်တွေထဲကဘော်လတဲလ်ယား(Voltaire)တို့ရေးခဲ့တယ်။ကိုးလားရစ်ရဲ့အက်ပီဂရမ် အဓိပ္ပါယ်ဖွင့် ပုံလေး တစ်ပုဒ်ကို ကြည့်ပါ။
What is an Epigram? A dwarfish whole,
Its body brevity and wit its soul
အက်ပီဂရမ် ဆိုတာ ဘာလဲ ? သေးသေးငယ်ငယ် အပေါက်လေးတစ်ပေါက်ပေါ့
သူ့ရဲ့ ခန္ဓာက အကျဉ်းချုံ့ထားပြီး ထူးခြားတဲ့ ဝိဥာဉ်ရှိရဲ့။
အနှစ်ချုပ်ရရင်အတွေးအားကောင်းပြီးသရော်ဟန်ရှိတဲ့အဆိုအမိန့်ဆန်ကဗျာတိုတွေကိုအက်ပီဂရမ်လို့ ခေါ်တယ်။
Epigraph
ကဗျာရေးသားရာတွင် ကဗျာခေါင်းစဉ် အောက်၌ ရေးသားမည့် ကဗျာနှင့်ဆက်စပ်လျက်ရှိ သော အဆိုအမိန့် တစ်ခုအား ဖော်ပြသည့် နည်းစနစ်ကို ခေါ်သည်။
စကားပုံ ဆန်သောကဗျာကို “ epigram “ခေါ်၍၄င်း နှင့်မရောထွေးစေလိုပါ။
Epistrophe
အပြိုင်ရေးဖွဲ့မှု (Parallel Structure )စနစ်ထဲမှ တစ်ခုဖြစ်သည်။
ကဗျာစာကြောင်းများ၏ ရှေ့စာလုံးများ အပြိုင်တူညီအောင် ရေးဖွဲ့လျှင် အနာဖိုရ(anaphora )ဟု ခေါ်၍ ၄င်းနှင့် ဆန့်ကျင်ဘက် တည်ဆောက်ပုံဖြစ်သော ကဗျာစာကြောင်းများ၏ နောက်စာလုံးများအား အပြိုင်ရေးဖွဲ့လျှင်“ Epistrophe “ ဟု ခေါ်သည်။း
Errancy
မှားတဲ့အခြေနေ”Errancy” ကို အဓိပ္ပါယ်ဖွင့်တာက”Condition of being in error”ပါ။တခုခုမှားလုပ်မိရင် မှားတဲ့အတွက် အခြေနေသစ်တစ်ခုဖြစ်လာပါတယ်။ ချာလ်းဘန်းစတီန်းတို့ရဲ့ကဗျာသင်ရိုးထဲမှာ မှားတဲ့အကျိုးကိုရဖို့ ကဗျာကို မှားတဲ့ဘက်က ချဉ်းကပ်ရပါတယ်။တခါတလေတမင်တကာမှားပစ်ရပါတယ်။ ကွန်ဆက်ချူရယ် ကဗျာ အမျိုးစား တစ်ခုဖြစ်တဲ့(N+7)မှာလဲအဲ့ဒါကိုအခြေခံပါတယ်။ရည်ရွယ်ချက်ရှိရှိကို မှားပစ်ပြီ ရလာတဲ့နောက်ဆက်တွဲအကျိုးနဲ့ အနုပညာကို တည်ဆောက်တာပါ။
Extended Metaphor (Conceit)
နှိုင်းယှဉ်အသုံး မက်တာဖေါ (Metaphor)၏ နောက်ထပ်အသွင်ကွဲတစ်မျိုးပင်ဖြစ်သည်။ ကွဲပြားသော အရာမှာ မက်တာဖေါကဲ့သို့ နှိုင်းလိုသောအရ (Tenor) နှင့် အနှိုင်းခံရသောအရာ (Vehicle) တို့ တစ်ခုစီသီးခြား နှိုင်းယှဉ်ပြခြင်း မဟုတ်ဘဲ နှိုင်းယှဉ်လိုသော အရာတစ်ခုအား ကဗျာတစ်ပုဒ်အတွင်း အနှိုင်းခံရသောအရာ (Vehicle) များ၊ နှိုင်းလိုသောအရာ “Tenor”များနှင့် ဂုဏ်သတ္တိမျှဝေတူညီသော နှိုင်းယှဉ်အရာနှစ်ခု (ground) အား အများအပြားချိတ်ဆက် နှိုင်းယှဉ်မှုကို ခေါ်သည်။ ဥပမာအားဖြင့် ရောဘတ်(ထ်)ဖရော့(စ်) (Robert Frost) ၏ (The Road Not Taken) ကဗျာတွင် ဘဝဆိုသည်မှာ ခရီးစဉ်တစ်ခုပင်ဖြစ်သည်။ “Life is a journey” ဟူသော မက်တာဖေါကို တည်၍ ကဗျာတစ်လျှောက်တွင် နှိုင်းလိုသောအရာ (Tenor)ဖြစ်သည့် “Life” နှင့် အနှိုင်းခံအရာ (Vehicle) ဖြစ်သည့် “journey” (ခရီးစဉ်) တို့အပြင် ဂုဏ်သတ္တိတူမျှဝေ နှိုင်းယှဉ်အရာ (ground) များဖြစ်သော “လူသည်ခရီးသည်ဖြစ်သည်” (Person is a traveler)၊ “ရည်ရွယ်ချက်သည်ပန်းတိုင်ဖြစ်သည်” (Purposes are destinations)၊ “လှုပ်ရှားမှုများ(လုပ်ရပ်များ)က လမ်းများ (routes)ဖြစ်သည်” တို့နှင့် ချိတ်ဆက်သုံးစွဲထားသည်။သက်ပြင်းချသံနဲ့အတူ ကိုယ်ပြောမယ်ဒါကြောင့်ပဲ သက်တမ်းတွေနဲ့ သက်တမ်းတွေတစ်နေရာဝယ်ကိုယ်နဲ့ သစ်တောထဲက ကွဲတဲ့ လမ်းနှစ်သွယ်တိုတဲ့ ခရီးတို ကိုယ်ရွေးခဲ့တယ်၊ပြီးတော့ ကွဲပြားမှုအားလုံး လုပ်ခဲ့တဲ့ လမ်းကလေးရယ်မရွေးဖြစ်တဲ့လမ်း (ရောဘတ်ဖရော့(စ်)
(Fireside Poets) ဖိုင်းယားဆိုဒ်ကဗျာရှင်များအစ
(ဝိတိုရိယခေတ်)
ဗြိတိသျှကဗျာကို ပုန်ကန်တဲ့ ပထမဦးဆုံး အမေရိကန်အုပ်စုပါ။ ဝေါ့သ်စဝေါ့လောင်းဖဲလိုးတို့ တစ်စုဟာ အင်္ဂလိပ်ကဗျာကို ပေါ်တင်ပဲ စိန်ခေါ်ခဲ့တယ်။ ခင်ဗျားတို့ကဗျာကို ဘယ်လောက်ရေးနိုင်သလဲ။
(The Fugitives) ဖိဂျီတစ်များအုပ်စု
တောင်ပိုင်းကျေးလက်ရဲ့ သိက္ခာကို မြှင့်တင်တဲ့ မြို့ပြဆန့်ကျင်တဲ့ အုပ်စုပါ။ ကျေးလက်ကဗျာလေးတွေရေးတဲ့အုပ်စုပေါ့။
Futurism
နှစ်ဆယ်ရာစု အစောပိုင်းကာလမှာပဲ ဥရောပတိုက်က ရုရှားနဲ့အီတလီနိုင်ငံတွေဆီက အနာဂတ်ဝါဒ လို့ခေါ်တဲ့ (Futurism) ပေါ်ပေါက်လာတယ်။ ရသပညာတော်လှန်ရေးလှုပ်ရှားမှု (An avant-garde aesthetic movement) တစ်ခုဖြစ်တယ်လို့ အကျဉ်းချုံးပြောရမှာဖြစ်ပြီး အတိတ်က ဖော်ပြမှု ရိုးရာအားလုံးကို ငြင်းပစ်လိုက်တဲ့ အနုပညာလှုပ်ရှားမှု တစ်ခုပါပဲ။ ဒါ့အပြင် အဲဒီအချိန်တုန်းက ပေါ်ပေါက်နေတဲ့ နည်းပညာနဲ့စက်မှုတိုးတက်မှုအားလုံးကို အနုပညာထဲ တည်ဆောက်ထည့်သွင်း အသုံးပြုခဲ့တဲ့ အုပ်စုဖြစ်တယ်။ စာပေ၊ ကဗျာမှာသာမက အမြင်အနုပညာတွေဖြစ်တဲ့ ပန်းချီ၊ ပန်းပု တွေမှာလည်း ဒီဝါဒကို အသုံးချခဲ့ကြတယ်။ သူ့ရှေ့က ပေါ်ပေါက်ခဲ့တဲ့ လစ်ရစ်ဟန်ပုဂ္ဂလဗဟိုပြု (lyricism)၊ သင်္ကေတဝါဒ (symbolism) နဲ့ အဆင့်မြင့်ရိုးရာ (high culture) တွေကို ငြင်းဆန်ခဲ့ပြီး ခေတ်သစ်စက်မှုပေါက်ကွဲဖြစ်စဉ်ကို အသုံးချပြီး အနုပညာကို တည်ဆောက်လိုကြတယ်။ သူတို့ “အား” က နှစ်ခုတည်းရယ်ပါ။
အဲဒါတွေကတော့
၁။ အမြန်နှုန်း (speed)
၂။ ပေါက်ကွဲပြင်းထန်မှု (violence) တို့ပါပဲ။
၁၉၀၉ ခုနှစ်မှာ မာရင်နတီ (F.T. Marinnetti) ရေးတဲ့ ကြေညာစာတမ်းထွက်လာပါတယ်။ လွတ်လပ်တဲ့စကားလုံးတွေနဲ့ ဖွဲ့စည်းတည်ဆောက်ဖို့ တွန်းအားပေးတယ်။ သာမန်ဝါကျတည်ဆောက်မှု သဒ္ဒါအထားအသို (syntax) က ဘာသာစကားတစ်ခုကို လွတ်လပ်စွာ စီးဆင်းခွင့်ပေးပြီး စာမျက်နှာထက်က စကားလုံးပုံဖော်နေရာချမှု (typography) ကို ခံစားမှုနဲ့ယှဉ်ပြီး ရေးသားဖို့ တွန်းအားပေးခဲ့တယ်။ ခံစားရတဲ့အတိုင်း စာမျက်နှာပေါ် စကားလုံးတွေ စီခွင့်ပေးတယ်။ စာလုံးနေရာချပုံဖော်ပြီး ခံစားချက်တွေကို သယ်ဆောင်ခွင့်ပေးတယ်။ စာစီစာရိုက်နည်းပညာ (typography) ဟာ အရေးပါလာတော့တယ်။ အဲဒီတော့ ဒီဝါဒကို ပြန့်ပွားအောင် လုပ်တဲ့အုပ်စုသုံးစုကို အထင်အရှားတွေ့ရတယ်။ ကနဦးအစပျိုးခဲ့တဲ့ အီတလီအုပ်စုဖြစ်တဲ့ “မာရင်နတီ” ဦးဆောင်တဲ့ အီတလီအနုပညာရှင်တွေဟာ ဒုတိယကမ္ဘာစစ်ကြီးထဲ ဝင်ရောက်သွားပြီး ရုရှကဗျာဆရာမာယာကော့စကီးလို ရုရှအနာဂတ်ဝါဒီတွေကတော့ ရုရှားဖော်မယ်လစ်ဇင် (Russian Fomalism) ထိ ရောက်အောင် ဆက်သွားခဲ့ကြတယ်။ အင်္ဂလန်-အမေရိကန် အုပ်စုဖြစ်တဲ့ အက်ဇရာပေါင်း(ဒ်)ဦးဆောင်တဲ့ အဖွဲ့ကတော့ ဗော်တစ်ဇင် (Vorticism) ဆိုပြီး (BLAST) မဂ္ဂဇင်းကို ဖြန့်ချိခဲ့တယ်။
(Goliardic Verse) ဂိုးလျူဒစ်ကာရံကဗျာ
(၁၂)ရာစုနဲ့(၁၃)ရာစုကာလမှာဥရောပတိုက်အဝှမ်းလှည့်လည်ခရီးသွားရင်းကဗျာစပ်ဆိုတဲ့အုပ်စုတစုရှိခဲ့ပါတယ်။
သူတို့ရေးတဲ့ကဗျာတွေကခပ်ကြမ်းကြမ်းနဲ့သရော်လှောင်ပြောင်ဟန်အပြည့်ပါဝင်တယ်။အဲဒီအုပ်စုကရေးတဲ့ကဗျာတွေကိုခေါ်တဲ့အခေါ်အဝေါ်ပါ။ဒီကဗျာတွေကို(၁၈၀၃)ခုနှစ်ရောက်မှဘုန်းတော်ကြီးကျောင်းတကျောင်းရဲ့အောက်ကရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး(ကာနမင်ဘူရန)လို့ထင်ရှားပါတယ်။
Group, the
အုပ်စု(group)ကဗျာဆရာတွေရယ်လို့အမည်တွင်ခဲ့တဲ့လန်ဒန်အခြေစိုက်ကဗျာဆရာအုပ်စုတခုပါ။စတင်ဖွဲ့စည်းသူကတော့ဖိလစ်(ဖ)ဟော့(စ)ဘမ်း နဲ့သူ့ဇနီးတို့ဖြစ်ပါတယ်။အသင်းဝင်တွေအနေနဲ့က ပီတာပေါ်တာ ၊ပီတာရက်ဂ(ဒ)ဂရုဒ် ၊ဂျော့ခ်ျမက်ဘက်ခ်ျ ၊အက်ဒွပ်လူစီစမစ်သ်တို့ ပါဝင်ခဲ့ပြီး(၁၉၅၅)မှာဖွဲ့ခဲ့တာဖြစ်တယ်။
(Grub Street) ဂရပ်(ဘ)လမ်း
လန်ဒန်မြို့ကမထင်မရှားစာရေးဆရာလေးတွေ၊ကဗျာဆရာငယ်တွေကျက်စားရာလမ်းပါ။မအောင်မြင်သေးသူတို့စုဝေးရာနေရာပေါ့။မောဖီးလ်(Moorfield)အနားမှာရှိတဲ့ဒီလမ်းလေးကိုအောင်မြင်မှုမရခင်ကဗျာဆရာတွေခြေချခဲ့ရလေ့ရှိတယ်လို့ဆိုတယ်။အဲဒါကိုအစွဲပြုပြီးမထင်မရှားစာပေကိုဂရပ်(ဘ)လမ်းစာပေလို့လည်းခေါ်လေ့ရှိတယ်။
(Harlem Ranaissanee) 1925 ဟာလမ်း(မ)ရီနေဆန်း
The Crisis, cafes, jazz clubs နဲ့ Reading Venues စာစောင်တို့မှာ ရေးသားခဲ့သူတွေရဲ့အစု။
ဆန်ဖရန်စ္စကို ရီနေဆန်း (San Franciso Ranaissance) 1940s
(၁၉၅၀)ကဗျာပေါက်ကွဲမှုက လွင့်သွားတဲ့သူတွေ ဆန်ဖရန်မှာ ဆုံလို့ဖွဲ့ခဲ့တဲ့ အုပ်စု။
Intemperance
တစ်စုံတရာအား အလွန်အကျွံသုံးမိ၍ ရှုပ်ထွေးမှုပိုသွားသည်ကို ဆိုလိုပါသည်။ ကဗျာတွင် လင်္ကာရကိရိယာများအား လက်စွမ်းပြသုံးမိ၍ ဖတ်သူအား ရှင်းလင်းစွာ မဖော်ပြနိုင်မှု (ဝါ) ရှုပ်ထွေးမှုကို အလိုအလျောက် ဖော်ဆောင်သွားသည်ကို ဆိုလိုပါသည်။ကဗျာဆရာသည်သူ၏ဝါသမ္ဘာကိုဖတ်သူအထင်ကြီးစေရန်သော်လည်းကောင်း၊အခြားသူများထက်ထူးခြားမှုကိုဖော်ပြလို၍သော်လည်းကောင်းစာလုံးအသုံးများနှင့်ကဗျာကိရိယာများကိုအလွန်အမင်းသုံးစွဲသောအနေအထားတွင်မိမိပေးလိုသောအနက်သို့မရောက်ပဲဖတ်သူအားအလွန်အမင်းရှုပ်ထွေးသွားစေသောအခြေအနေကိုဆိုလိုသည်။
Imagery
ဆောင်းပါးရေးသူ ကတော့ စိတ်လှုပ်ရှား၊ ခံစား ၊တုံ့ပြန် စသော စိတ်အနေအထား (ဝါ)ခံစားမူကို ပေးနိုင်တဲ့ ပုံရိပ်များကို ဖော်ပြတဲ့အနေအထားကို Imagery (နမိတ်ပုံ)လို့ အနက် ဖွင့်တယ်။ အင်္ဂလိပ်မူရင်းကတော့(language that evokes sensory images)ပါ။ ဥပမာလေး ပေးထားပါတယ်။
Drip of ruby teardrops (aural /sound)
Drip ကိုဖတ်လိုက်ရင် သူ့စာလုံးကထွကတဲ့အသံနဲ့ teardrops တွေကိုပိုပြီး လှုပ်ခတ် လာစေ ပါတယ်။ Drip ကိုနားထဲက အကြားပါ သူရဲ့ အသံနဲ့ ပုံရိပ်ဟာ စာကြောင်းကို ထောက်ပံ့ပေးပါတယ်။
To wake up where the green grass grows (visual sight)
Lips like cool sweet tea (oral/taste) / streaming through a velvet sky
ကဗျာအုပ်စုများ
(Jazz Poetry) (1920) ဂျက်ဇပိုထရီ
Writing about jazz poetry is as they say, like dancing about architecture. “ဂျက်ဇကဗျာရေးတာဟာ သူတို့အခေါ် ဗိသုကာပညာကခုန်ခြင်းနဲ့ တူပါတယ်”တဲ့။
(Language Poetry)(80s) ဘာသာစကားကဗျာ
ရေးသူမဲ့၊ပြောသူမဲ့ကဗျာကချည်းပြောတဲ့စကားလုံးတွေရဲ့ကဗျာ။ဘာသာဗေဒအားနည်းချက်အားသာချက်ကိုအားပြုတည်ဆောက်တဲ့ကဗျာ။(ဖွဲ့စည်းအဆောက်အအုံ/လွန်)ဝါဒဖလော်ဆော်ဖီနောက်ခံရှိတယ်။တက္ကသိုလ်ကျောင်းဝင်းထဲကအုပ်စုလို့ဆိုတယ်။ ၈၀ ခုနှစ်များတဝိုက်မှာအလုပ်ဖြစ်ခဲ့တယ်။ လက်ဝဲကဗျာဆရာတွေအများအပြားပါဝင်တယ်။
META
ကဗျာရေးဖွဲ့ရာတွင်နိမ့်မြင့်အသံပုံစံဖြင်ဝါကျတည်ဆာက်သောစနစ်ကို(metre)ခေါ်၍စာပေသဘောတရားတွင်(META)ဟူသောစကားလုံးကိုမကြာခဏသုံးစွဲလေ့ရှိသည်။နာမ်အားဖြင့်လည်းကေင်း၊နာမဝိသေသနအားဖြင့်းလည်းကေင်းသုံစွဲကြပါသည်။တစ်စုံတရာသည်မိမိကိုယ်တိုင်အားဖြင့်ပြန်လည်ရည်ညွှန်းသည်(selfparodying)ကိုခေါ်ပါသည်။တစ်ချို့ကမူမိမိကိုယ်မိမိပြန်လည်ဖေါ်ပြခြင်းကိုဟုခေါ်ဆိုနိုင်သည်ဟုပြောကြပါသည်။အနုပညာအကြောင်းကိုအနုပညာဖြင်ဖေါ်ပြသလို၊ကဗျာအကြောင်းကဗျာထဲထည်ရေးသည့်(ars poetica)ကိုပင်ဟုခေါ်ကြပါသည်။
ရုပ်ရှင်ထဲတွင်ပြသနေသောရုပ်ရှင်ကားတစ်ခုအကြောင်းကိုသော်လည်းကောင်း၊သီချင်းတပုဒ်အကြောင်းစပ်ဆိုထားသောသီချင်းကိုလည်းကောင်း(META)ဟုခေါ်ဆိုနိင်ပါသည်။သို့သော်ထို(META)ကိုဇတ်ပြောခြင်း(NARRATIVE)နှင့်တွဲလိုကပါကအခြားသောအဓိပ္ပါယ်တစ်ခုဖြစ်သွားပါသည်(GRAND NARRATIVE)ဟူ၍လည်းကောင်း
(MASTER NARRATIVE )ဟူ၍လည်းကောင်းခေါ်ဆိုကြသည်။
Meta-narrative (မက်တာနာရေးတေ့ဗ်)
(META)ကိုဇာတ်ပြောခြင်း(NARRATIVE)နှင့်တွဲလိုကပါကအခြားသောအဓိပ္ပါယ်တစ်ခုဖြစ်သွားပါသည်
(GRAND NARRATIVE)ဟူ၍လည်းကောင်း(MASTER NARRATIVE )ဟူ၍လည်းကောင်းခေါ်ဆိုကြသည်။စိတ်ကူးနှင့် အကောင်အထည်မဲ့အိုင်ဒီယာတစ်ခုဖြစ်ပြီးသမိုင်းအခြေခံအသိနှင့်အတွေ့အကြုံတို့ကိဖြစ်ပေါ်တိုးတက်မှုအစီအစဉ်တို့ကိုထည်သွင်းဖေါ်ပြသောအရေအသားကိုဆိုလိုသည်။ပညာရှင်ဂျွန်စတီဖင်၏အလိုအရကမ္ဘာကြီး၏နိုင်ငံရေးအသိအတွေးအခေါ်ယဉ်ကျေးမှုရိးရာကူးပြောင်းလဲမှုအစီအစဉိုခေါ်သည်ဟုဆိုပါသည်။Metaဟူသောစကားလုံးသည်(အလွန်- beyond) ဖြစ်သော်လည်း(narrative-ဇာတ်ပြော)နဲ့တွဲလိုက်သောအခါ(အကြောင်း-about )ဖြစ်လာသည်။အချုပ်ဆိုသော်မက်တာနာရေးတေ့ဗ်(METANARRATIVE)ဆိုသည်မှာဇတ်ကြောင်းပြောသောဇတ်အကြောင်းတစ်ခုဖြစ်၍သူပြောသောဇာတ်မှာ ကမ္ဘာကြီ၏နိုင်ငံရေးနှင့်ယဉ်ကျေးမှုပြောင်းလဲသောသမိုင်အကြောင်း(ဝါ)အသိကိုအစီစဉ်တကျပြောဆိုခြင်းဖြစ်သည်။
Metonymy
“အရာဝတ္ထုဖြစ်စေ၊ မြို့ဖြစ်စေ၊ လူဖြစ်စေ မည်သည်ကိုမဆို မူလ အမည်နာမ မဟုတ်ဘဲ အခြားအမည်တစ်မျိုးဖြင့် ခေါ်ဝေါ်သမုတ်ကာ မူလ အဓိပ္ပါယ်မပျောက်ပျက်အောင် သုံးနှုန်းသည်ဟု ဆိုလိုသည်။” လို့ အဘိဓါန်တွေမှာ ဖော်ပြတယ်။ မူလအမည်ကို ပထမအမည်ဟု ဆိုပါစို့။ ဒုတိယအမည်ကို ခေါ်ဆိုပါက ပထမအမည်ကဲ့သို့ ရှင်းရှင်းလင်းလင်း မြင်ယောင်ရမည်ဟု ဆိုသည်။ ဒီ (Metonymy) ဆိုတဲ့ စကားလုံးဟာ မူရင်း ဂရိဘာသာစကားက ဆင်းသက်လာပြီး နာမည်ပြောင်းခြင်းတစ်ခု (A Change of Name) လို့ အဓိပ္ပါယ်ရပါတယ်။ တင်စားချက်ဖြစ်တဲ့ “မက်တာဖေါ” အသွင်ကွဲတစ်မျိုးပါပဲ။ ဥပမာအားဖြင့် ဟောလီးဝုဒ် လို့ ကျွန်တော်တို့ခေါ်နေတာက တကယ်တော့ အမေရိကန် ရုပ်ရှင်လုပ်ငန်းကို ဆိုလိုတာဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့က “ဟောလီးဝုဒ်” လို့ပဲ ခေါ်ကြတယ်။ ဟောလီးဝုဒ် ဟာ အမေရိကန်ရုပ်ရှင်လောကရဲ့ကိုယ်စားပြုစကားလုံးဆိုတာ လူတိုင်းသိကြတယ်။ ဘာသာဗေဒမှာ ပုံမှန်အသုံး သို့မဟုတ် အဓိပ္ပါယ်က ပိုမိုနက်ရှိုင်းတဲ့ အဓိပ္ပါယ်တွေကို အထူးပြုပေးရင်တော့ “လင်္ကာရစကားအသုံး” (Figure of Speech) လို့ ခေါ်ပါတယ်။ ကဗျာမှာ “Figure of Speech” (Rhetorical Figure) ဟာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုပါ။ အခြား အဓိပ္ပါယ်တစ်မျိုး၊ အထူးပြုအဓိပ္ပါယ်တစ်မျိုးဖြစ်အောင် ပေါင်းစပ်တီထွင်ပြီး စကားလုံးတွေကို သုံးတယ်လို့ အကျဉ်းအဓိပ္ပါယ်ဖွင့်လို့ရပါတယ်။ အခုပြောတဲ့ ကိုယ်စားပြုစကားလုံး (Metonymy) ဆိုတာလည်း “Figure of Speech” ထဲမှာ တစ်ခုအပါအဝင်ဖြစ်တယ်။ ဗြိတိန်က ပါလီမန်ကိုတော့ ဝက်(စ)မင်စတာ (West Minster)လို့ ခေါ်ပါတယ်။ ဒီနေရာမှာတော့ ရှေ့ကကျွန်တော်တို့ သိပြီးဖြစ်တဲ့ နှိုင်းယှဉ်တင်စားမှု (မက်တာဖေါ) နဲ့ ဘာများကွာသလဲ ဆိုတာကို သိဖို့လိုလာပါတယ်။ မက်တာဖေါကတော့ မတူတဲ့ ဒိုမိန်းအစု နှစ်စုကို နှိုင်းယှဉ်တင်စားပြီး သုံးစွဲတာဖြစ်တယ်။ ဥပမာဆိုပါတော့ “crown” ဆိုတဲ့ သရဖူဟာ အချုပ်အခြာအာဏာ (ဝါ) ရှင်ဘုရင်ဖြစ်ပြီး “press” ကတော့ ပုံနှိပ်လုပ်ငန်း၊ သတင်းပို့လုပ်ငန်းပါ။
ဒီတော့ crown (သရဖူ)လို့ဆိုလိုက်ရင်ဘုရင်ကိုဆိုလိုတယ်။သူကတိုက်ရိုက်ကိုယ်စားပြုစကားလုံးပါ။
(Misty Poets) (1979) မစ်စတီကဗျာအုပ်စု
၁၉၇၉ နွေဦးရာသီဘေကျင်းကစပြီး ၁၉၈၉ နွေဦးအထိ တရုတ်ကျောင်းသားတွေစုခဲ့တဲ့ ကဗျာအစု။
(Modernism) 1910မော်ဒန်အုပ်စ
လေယာဉ်ပျံပေါ်ပေါက်လို့ ကမ္ဘာ့လူဦးရေ ပေါက်ကွဲမှုကို ရှော့ရပြီး ရှေးရိုးတွေအားလုံးကို မြောင်းထဲပို့ခဲ့တဲ့ ကဗျာ့သမိုင်းမှာ အကြီးဆုံးတော်လှန်ရေးလုပ်သွားတဲ့အုပ်စုပါ။ရိုးရာမီတာအသွားမှလွတ်လပ်ကာရံအဖွဲ့အနွဲ့ဖြင့်ပကတိတရားကိုမြင်သည့်အတိုင်းဖေါ်ပြကာခေတ်ပေါ်နည်းစနစ်များဖြင့်ကဗျာကိုတည်ဆောက်သောအုပ်စု။တင်စားချက်မပါသောတိုက်ရိုက်အဖွဲ့
Directtreatmentဖြင့်စကားပြေကဗျာ၊သင်္ကေတဝါဒ၊သိစိတ်အလျှင်၊ဖြတ်ဆက်နည်းစနစ်ဖြင့်မတူကွဲပြာနာမ်များစုပေါင်း
နေရချထားခြင်းနှင့်ပြတ်ရွေ့စာကြောင်းများသည်မော်ဒန်ကဗျာ၏အဓိကပြုယုဂ်များဖြစ်သည်
(Metaphysical Poets) 17th centuryမိတာဖစ်ဆစ်ကယ်ကဗျာအစ
ဒဿနဗေဒနဲ့နာမ်ပိုင်းအတွေးအခေါ်ဆိုင်ရာအရာတွေအားကိုးပြီးပဋိပက္ခတွေကိုဖြေရှင်းဖို့ကြိုးစားတဲ့ကဗျာအစုပါ။သြကာသလောကဖွဲ့စည်းပုံရှမှုကိုဖေါ်ပြတဲ့ကဗျာဆရာအုပ်စုဖြစ်ပြီးအနောက်ကဗျာလောကကိုအချိန်အတော်ကြာလွှမ်းမိုးခဲ့တဲ့
အုပ်စုဖြစ်ပါတယ
(Modernismo) (1900) မော်ဒန်စ်စမို
လှပတဲ့တောတန်းများ၊ တောင်ရိုင်းများ၊ ဘဲငန်းများ၊ ရေကြာပန်းများ၊ တောဖွဲ့တောင်ဖွဲ့ကဗျာနဲ့ ကမ္ဘာတစ်ခုလုံးကို ရူမျှော်ခင်းတွေချည်းလုပ်လိုတဲ့အစု။ (Modernism နှင့် မတူပါ ခင်ဗျား)
ကဗျာအုပ်စုများ
(Negritude) 1934 နဂရီကျူ့(ဒ)
အာဖရိကက လူမည်းတွေကိုယ့်မြေပေါ်က စွန့်ခွါပြီး ဥရောပမှာ ပြန့်ကြဲနေလို့ အနှိမ်ခံရတာကိုတန်ပြန်ကာ ဥရောပ ကိုလိုနီကို ဆန့်ကျင်တဲ့အဖွဲ့ပါ။ အမဲဂုဏ်သိက္ခာမြှင့်တင်ရေးနဲ့ ဖြူဖြူမှန်သမျှ ဆန့်ကျင်ပြကြပေါ့။ ဒါက သူတို့ရဲ့ ကြွေးကြော်သံပဲ။ အဲဒီအမဲတွေက ပြင်သစ်အမဲတွေပါတဲ့။
(New Formalism) 1960 -90 နယူးဖော်မယ်လီဇင်
အဖြူ အမဲဓါတ်ပုံတွေကို ဆေးရောင်သွင်းချင်တဲ့ လူတွေဟာ ကဗျာရဲ့ရိုးရာ ကာရန်တွေကိုလည်း ပါကင်ပြောင်း ထုပ်ဖို့ ကြိုးစားခဲ့တဲ့အုပ်စုပဲ။ဒီအုပ်စုကကာရံမဲ့ကဗျာကိုတန်ပြန်ဖိအားပေးတဲ့အုပ်စုဖြစ်ပြီးဝေဖန်ရေးဆရာစတီဗန်ဘန့်(တ)အလိုအရ(၈၀)ခုနှစ်များအလွန်အမေရိကန်ကဗျာလောကဘာသာစကားကဗျာလှိုင်းဖြစ်တော့ကဗျာစာအုပ်တွေရောင်းအားကျပါတယ်။ဖတ်သူနားမလည်လို့ပါ။အဲဒီအခါမှာကဗျာကိုမူလကာရန်အသွားနဲ့မီတာလိုင်းတွေကိုခေတ်ပေါ်အကြောင်းအရာ
ပေါင်းပြီးကယ်တင်ဖို့ကြိုးစားခဲ့တဲ့အုပ်စုပါ။
(New York School) (1960s) နယူးယော့(ခ်)အုပ်စု
နယူးယော့(ခ်)ကပန်းချီကိုသိတဲ့၊အရူးအမူးစိတ်ဝင်စားတဲ့ကဗျာအစု။ဆူရီရယ်ဟန်နဲ့ဘာသာဗေဒအားပြုပြီး
ဒုတိယအနုပညာတော်လှန်ရေး(အက်ဗွန်ဂတ်လှိုင်း)ကိုစတင်ပေးခဲ့သူတွေပါ။
ရိုမန်းတစ်များ(Romaticism)18thcentury၁၉ရာစုအလယ်ကရောမန္တိကများပေါ့။ ကဗျာဆရာဟာနတ်သံနမိတ်ကိုကိုယ်စားပြုနိုင်သူဖြစ်ပြီးသြကာသလောကကိုအလွန်အကြူးတင်စားဖွဲ့နွဲ့တဲ့ဟန်ရှိတဲ့ကဗျာအုပ်စုပါ။ပုဂ္ဂလအမြင်နဲ့ခံစားစိတ်ကြောင့်ပြည့်လျှံရိုယိုစီးတဲ့အခါမှသာကဗျာကိုပြုလုပ်နိုင်တယ်လို့ယုံကြည်သူတွေပါ။ ဒုတိယမျိုးဆက်ဒီလန် သောမတ်(စ)တို့လို နယူးရိုမန်းတစ်ခ်အုပ်စု (NRG )တွေလဲပါမယ်။
OBSTRUCTION
အတားအဆီးပါ။ မူရင်းရဲ့ စီးဆင်းမှု မပြီးဆုံးသေးခင်မှာ အတားအဆီးတစ်စုံတရာကြောင့် ရပ်တန့်သွားပြီး ဖြစ်ပေါ်လာတဲ့ အတားအဆီးကို ကျော်ဖြတ်ဖို့ကြိုးစားတဲ့အခါ ရလာတဲ့ အခြေအနေ သစ်ကို ပြောတာဖြစ်တယ်။
Personification( လူပုဂ္ဂိုလ်ကဲ့သို့တင်စားသုံးနှုံးမှု)
လူတွေရဲ့အရည်အသွေးနဲ့စရိုက်လက္ခဏာများအား တိရိစ္ဆာန်သို့မဟုတ်အရာဝတ္တုများတွင် သုံးစွဲ ရေးသားခြင်း။ (Giving human qualities or characteristics to animals or objects.)
Political Verse
"Political" ဟုကျွန်တော်တို့က နိုင်ငံရေး ဖြင့်အဓိပ္ပါယ်လဲလှယ်ထားသောစကားလုံး၏မူလအရင်းအမြစ်မှာ ဂရိ ဘာသာစကားမှဆင်းသက်လာသည်။ ထိုဘာသာစကားအရ "Civic" သို့မဟုတ် "Civil "သည် နေ့တဓူဝ လူအများ "Everyday People "ကိုဆိုလိုသည်။ ထိုပေါ်လက်တစ် ဟူသောအသုံး ကိုကာရံကဗျာနှင့်တွဲဖက်၍ နိုင်ငံရေးကာရံကဗျာ Political Verse ဟူသော အသုံးမှာလွန်ခဲ့သော ၁၁ ရာစု မှစတင်၍ သုံးစွဲလာသည်။ ထို့ထက်ရှေ့အနည်းငယ်စောကောင်းစောနိုင်သော်လည်းမှတ်တမ်းများအရမူ(၁၁)ရာစုဟုသာဖေါ်ပြသည်။စတင် သုံးစွဲသူမှာကဗျာဆရာ"JohnTzetzes"ဖြစ်သည်။နိုင်ငံရေးကာရံကဗျာပေါင်းတစ်သောင်းကျော်ကျော်ကိုသူရေးသော သမိုင်းစာအုပ်ထဲထည့်သွင်းခဲ့သည်။ကျွန်တော်ပြောလိုသည်မှာပုဂ္ဂလဗဟိုပြုမဟုတ်ပဲ"အများကိုကိုယ်စားပြုခြင်းသည်ပင် နိုင်ငံရေးဟုခေါ်ဆိုထိုက်သောအဓိပ္ပါယ်ဖြစ်လာသည်"ကိုပင်ဖြစ်သည်။ထို့ကြောင့်ကဗျာတွင်ပုဂ္ဂလခံစားမှုကိုရှောင်ကာလူထုနှင့်နီးသော(ဝါ)လူထုကိုယ်စားပြုကဗျာများသည်ပေါ်လက်တီကယ်ကဗျာများဖြစ်သည်။ပါတီနိုင်ငံရေး၊အယူဝါဒဗဟိုပြုရေးဖွဲ့မှသာပေါ်လက်တီကယ်ကဗျာမဟုတ်ပေ။
Primitave Poem
ကိုယ်ချင်းစာနာခံစားမှုမျှဝေသော ကဗျာများကိုအမျိုးအစားတခုအဖြစ် ခေါ်ဆိုပါသည်။
ကျုပ်ဘယ်လိုကဗျာမျိုးကြိုက်လဲဆိုတဲ့မေးခွန်းကတော့ဖြေရင်အချိန်အတော်ကုန်မယ့်ကိစ္စဗျ။အကျဉ်းချုပ်ရရင်...
-ဖတ်တဲ့အခါအထိတ်တလန့်ဖြစ်စေတဲ့ devastating အမျိုးအစား
-ခပ်ရိုးရိုးခပ်ရှင်းရေးထားတဲ့ simplicityအားပြု အမျိုးအစား
-ခံစားမှုမျှဝေတဲ့empathy အမျိုးအစား
(PrimitavePoetics)ကဗျာလို့ခေါ်လေ့ရှိတဲ့အမျိုးအစားပေါ့။
ကံကောင်းတာကဒါတွေအားလုံးရှိတ်စပီးယားကဗျာတွေမှာရတယ်။
ချားလ်စီမစ်အင်တာဗျူး...မှ
ကဗျာအုပ်စုများ
( Rhyme) ကာရန်
အသံဆင်တူစကားလုံးများဝါကျအဆုံးတွင်ပါဝင်သောကာရန်ပုံစံ(ဝါ)စနစ်တစ်ခုပင်ဖြစ်သည်။
(A pattern of words that contains similar words at the end of the line.)
Life for me Is wild and free ကာရန်စနစ်ံ( Rhyme Scheme)
အပေါ်မှာရှင်းထားတဲ့ ရိုင်း(မ) ပုံစံက တစ်ခုမဟုတ်ပဲ ကြိမ်ဖန်ထပ်ဆင့် သုံးသောအသုံးကိုခေါ်သည်။(A repeated pattern of rhymed words at the end of the line.)
Lusty eyes (A)
Passionate cries (A)
Rich blood (B)
Bitter sweat (C)
She/he loves (D)
And die (A)
Satire and Irony
''satire''(သရော်စာ)နဲ့ ''irony''(ဆန့်ကျင်အသုံး ထေ့ငေါ့လုံး)တွေဟာ အနီးဆုံးဆက်စပ်ပြီး အလွန်ကွာခြားတဲ့ စာပေဝေါဟာရ(Literary Term) တွေပါ။''satire''ဟာ စာပေဝေဖန်ရေးပုံစံတစ်ရပ်ဖြစ်ပေမယ့် ပြင်းပြင်းထန်ထန် ဝေဖန်တာမျိုးတော့မဟုတ်ပါဘူး။အုပ်ချုပ်သူအစိုးရ(Government)လူမှုအဖွဲ့အစည်း(Society)လူပုဂ္ဂိုလ်တစ်ဦးချင်း
(Individual)နဲ့ လူ့ဘဝ(Human Condition)တွေထဲမှာရှိနေတဲ့ အပြစ်အနာအဆာ(fault) တွေကိုဆွဲထုတ်မယ်။
ဟာသ လုပ်မယ်။လှောင်ပြောင်မယ်။ပြက်ရယ်ပြုမယ်။ဇဝနဥာဏ်(wit )လေးပါမယ် ပြီးတော့ ''irony'' ဆိုတဲ့ဆန့်ကျင်အသုံး ထေ့ငေါ့လုံးလေးတွေထည့်သုံးလိုက်တာဟာ သရော်လိုက်တာပါပဲ။
ဒါကြောင့် ''Satirist''တွေဟာ ''Irony''ကို '' device/technique''အဖြစ်သုံးပြီးတော့ ''satire''ကို ပိုမိုလှပအောင် ပိုထိရောက်လာအောင် ရေးဖွဲ့ပါတယ်။ဒါပေမယ့် ''satire''တိုင်းမှာတော့ ''irony''မပါနိုင်ပါဘူး။
''Irony''ကို ''satirical/satiric device'' တစ်ခုအနေနဲ့ ''satire''ထဲမှာသုံးတယ်ဆိုရင် ဒီ''term''နှစ်ခုကြားကကွဲပြားမှုကို အလွယ်တကူသဘောပေါက်မယ်လို့ထင်ပါတယ်။
ဒါ့ကြောင့် ''irony''ဟာ''device''''satire''ဟာ စာပေအနုပညာပုံစံတစ်ခု (genre)လို့သတ်မှတ်တာပါ။တက္ကသိုလ်ကောလိပ် အင်္ဂလိပ်စာအထူးပြုသင်ခန်းစာထဲက ''George Orwell''ရဲ့ ''Animal Farm'' နဲ့ ''Jane Austen'' ရဲ့ ''Pride and Prejudice ''ဝတ္တုတွေဟာ ယနေ့ခေတ်တိုင်အောင် ကျော်ကြားတဲ့ ''Satire'' တွေအဖြစ်လေ့လာဖတ်ရှုနိုင်ပါတယ်။
(Simile) ဥပမာအလင်္ကာ
မတူတဲ့အရာဝတ္တုနှစ်ခုကို တည့်ပဲဖြစ်တယ်လို့ရေးရင်တော့ မက်တာဖေါပေါ့။ ဒါမှမဟုတ် တူတယ် ဆင်တယ်ဆိုရင်တော့ like/as ကိုခံရေးရမယ်။ အဲဒါ simile ပဲ။Noun (နာမ်) နှစ်လုံးဆင့်ပြီး adj (နာမဝိသေဒန) လုပ်ထားတဲ့အခါမှာလည်း တူတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေးတယ်။
Notes dance across the page
Like stars twinkle in the night sky
(Slam) 1990s ဆလမ်း
နိုင်ငံရေးကို ကဗျာဖွဲ့၊ စီးပွါးရေးကို စာသားတွေလုပ်ပြီး ကျားမ လိင်ခွဲခြားမှုတွေနဲ့ ကမ္ဘာ့အရေးဟာ သူတို့ရဲ့ ကဗျာပဲ။လက်ရှိပြသနာတွေကိုဝေဖန်သရော်တဲ့ကဗျာအုပ်စုပါ။ ပေါ့(ပ)ကဗျာအုပ်စုလို့လည်းခေါ်တယ်။
(Surrealism) 1924ဆူရီရာယ်လစ်ဇင
အိမ်မက်ထဲက မြင်ကွင်းတွေက ကဗျာဖြစ်ပြီး အတွေးကိုလွတ်လွတ်လပ်လပ် ဆော့ကစားတတ်သူတွေ ရေးတဲ့ ကဗျာ။ အင်္ဂလိပ်စာလုံးနဲ့“Free Play of Thought”တဲ့။
သိစိတ်တဝက်အခြေအနေမှစိတ်ထဲရှိတာကိုချရေးပစ်တာပဲ။ပြင်သစ်အခြေစိုက်အုပ်စုဖြစ်ပြီအင်ဒရေဘရီတွန်နဲ့ပေါလ်အီလျတို့ထင်ရှားတယ်။ဒါဒါဝါဒရဲ့နောက်ဆက်တွဲအကျိုးဆက်လို့ဆိုတယ်။အမေရိကန်ကဗျာသစ်နယူးယောက်အုပ်စုကိုလွှမ်းမိုးခဲ့တဲ့ရေးဟန်ဖြစ်တယ်။
ကဗျာအုပ်စုများ
(Symbol) သင်္ကေတ
အရာဝတ္တု ဒါမှမဟုတ် လှုပ်ရှားမူတစ်ခုဟာသူရဲ့ရှိရင်းစွဲ အဓိပ္ပါယ် ထက်ကျော်ပြီး ဖွင့်ဆိုလာမယ်ဆိုရင်တော့ symbol လို့ခေါ်ရမယ်။ (A object or action that mean more that it literal meaning) လို့  အဓိပ္ပါယ်ရှိတယ်။ ဥပမာ။
Always open like a rosebud about to bloom (a young girl)
ဖူးပွင့်ဖို့ ကြိုးစားတဲ့ နှင်းဆီငုံလေးလို အမြဲတမ်းဖွင့်ဟထားတယ် လို့ ဆယ်ကျော်သက်မိန်ကလေးကို နှိုင်းတာပါ။ အဲဒီနှင်းဆီဆိုတာ "symbol" ပါပဲ။
(Symbolists) (1857)
အတိုချုပ်အနေနဲ့ဒီအုပ်စုဟာအယူဝါဒထိန်းချုပ်ဆင်ခြင်မှုမရှိ၊ကျိုးကြောင်းဆက်တွေးမှုမရှိ၊ယုံကြည်မှုလည်းမရှိတဲ့
..သင်္ကေတအားပြုသူတွေရေးတဲ့ ကဗျာဂိုဏ်းပါ။မော်ဒန်ကဗျာရဲ့ရှေ့ပြေးရေးဟန်လို့သတ်မှတ်ခြင်းခံရပါတယ်။
ကန်နကမိုလီ (Kanaka Maoli) (1970)
မူလ ဟာဝေယံတွေ လုပ်တဲ့ကဗျာ။
အင်(ထ)နိုပိုဝ
Understatement ( လျှော့သောတင်စားချက်)
“Understatement” တွင် အခြား အသွင်ကွဲတစ်မျိုး ရှိပါသည်။ ဂရိအခေါ်အဝေါ်အားဖြင့် “plain” ဖြစ်၍ “simple” အရှင်းအလင်း ဟု ခေါ်ကြသည်။ “litotes” ဟုလည်း ခေါ်ကြသည်။ “အနှုတ်သဘော” “အငြင်းသဘော” ဖြင့် မူလ အနေအထားကို လျော့ပါးအောင် ပြုလုပ်သည်။
သူကတော့ “an affirmative by negating its contrary” လို့ ရေးသည်။ ဥပမာအားဖြင့် “သူကအသုံးမကျတဲ့ကောင်” (He is stupid) ကို “ဒီကောင်ကတော့ ကမ္ဘာပေါ်မှာ ဥာဏ်အကောင်းဆုံးကောင်မဟုတ်” (He is not the brightest in the world) လို့ ဆန့်ကျင်ဘက် ရေးသည်။ ဒါက ပြောင်းပြန်စကားအသုံး “Irony” ၏ အသွင်ကွဲတစ်မျိုးလည်း ဖြစ်ပါသည်။
ဒီအသုံးမျိုးဟာ ရှေးအင်္ဂလိပ် တွေဖြစ်တဲ့ “အင်ဂလိုဆက်ဇုံ” (Anglo-Saxon)စာပေနှင့် ကဗျာများထဲတွင် မကြာခဏ
အသုံးပြုလေ့ရှိသည်။ “Beowulf” တွင် Hrothgar က သတ္တဝါကောင်ကြီး “Grendel” ၏ အိမ်ကြီးအကြောင်း ပြော၍ “This is not a pleasant place” (ဒီနေရာက သာယာတဲ့နေရာတော့ မဟုတ်ဘူး) ဟူ၍ “litotes” အသုံးကို တန်း၍သုံးသည်ဟု “M.H. Abrams ” က သူ့ရဲ့ စာပေဝေါဟာရ ပေါင်းချုပ်ဒဿမတည်းမူ တွင် ဖော်ပြသည်။ ငြိမ်သက်ခြင်းဟူသော အဓိပ္ပါယ်ကို ဆန့်ကျင်ပစ်ခြင်းဖြင့် အငြင်းဝါကျကို တည်ဆောက်ရာတွင် “မငြိမ်မသက်ဖြစ်ခြင်း” ကို ပို၍ ပေါ်လွင်လာစေသည်။
ကဗျာအုပ်စုများ
villanelle poem ( ဗေလာနလီ ကဗျာ )
ဗေလာနလီ" ဟန်ဟာ တစ်ဆယ့်ကိုးကြောင်းဖွဲ့ဟန်ဖြစ်ပြီး တင်းကျပ်ကာရန်ပိတ် (Ridgid Rhyme Scheme) တွေနဲ့ အသေအချာ အချိန်ပေးတည်ဆောက်တဲ့ (A1 b A2/ ab A1/ ab A2/ ab A1/ ab A2/ ab A1A2)ဟာ သူ့ဖွဲ့စည်းပုံပါပဲ။ ကျွန်တော်တို့ရင်းနှီးတဲ့ကဗျာဆရာတွေထဲမှာ "ဗေလာနလီ" ကို စိတ်ဝင်စားတဲ့သူတစ်ယောက် ရှိပါတယ်။ သူကတော့ ဒီလန်သောမတ်(စ) (Dylan Thomas) ပါ။ "အဲဒီကောင်းသောညထဲကိုတော့ မသွားလေနဲ့" (Do not go into that goodnight) ကဗျာဟာ "ဗေလာနလီ" ဟန်ပါပဲ။ နောက်ထပ် ကဗျာဆရာတွေ "ဗေလာနလီ" ရေးသွားတာ ရှိပါသေးတယ်။ လက်တည့်စမ်းချင်တာလား၊ ဒါမှမဟုတ် ပညာပြချင်တာလား ဆိုတာတော့ သူတို့ပဲ သိပါလိမ့်မယ်။ တင်းကြပ်ကာရန် ပိတ်ကိုတည်ဆောက်တာလုံးလုံးလွယ်ကူတာမဟုတ်ပါဘူး။ ကွန်ဖက်ရှင်းနစ်ကြီး အဲလီးဇဘက်ဘစ်ရှော့(Elizabe tBishop) ရဲ့အနုပညာတစ်ခု(OneArt)ဟာထင်ရှားတယ်။ဒီကဗျာအမျိုးအစားကိုစမ်းရေးခဲ့တဲ့ နာမည်ကျော်သူတွေကတော့ အော်ဒင် (W.H. Auden)၊ အော်စကာဝိုင်း (Oscar Wild)၊ ရှေးမတ်ဟေနီ (Seamus Heany)၊ ဆားဗီးယားပါ့သ် (Sylvia Plath) တို့ပါသည်။
#အတတ်နိုင်ဆုံးအစီအစဉ်တကျဆောင်ရွက်ထားပါသည်။
ဆရာဇော်ဇော်ထွန်းအားပြန်လည်ပေးပ်ု့ပါမည်ဟုကတိပေးထားဖြစ်သော်လည်းအလုပ်မအားသောကြောင့်အခုမှပေးပို့နိုင်သိအတွက်
တောင်းပန်ပါသည်။
ဆရာဇော်၏fbအားရှာမတွေ၍ဆရာနေမှ
တဆင့်ဆောင်ရွတ်ပေးပါ။
ဒီစာအားမဖြုတ်ပါရန်
အောင်ငြိမ်း
Comments
Post a Comment