ကွာရှင်းပြတ်စဲခြင်း
---------------------
မင်းနဲ့ကိုယ့်အကြားမှာ
သံသယတွေ ကြီးထွားလာသမျှ
စကားလုံးတွေ ထက်ရှလွန်းတယ် ။
အချစ်နဲ့အမုန်းဟာ
လမ်းခွဲအလွန် စာမျက်နှာများထက် ကွဲလွဲမှုများချိတ်ဆက်ရှင်သန်နေ ။
ဘဝဟာ ဘဝလိုခက်ခဲပြီး
ငွေကြေးနဲ့အချစ်လွန်ဆွဲပွဲမှာ
ငါနဲ့ ငါ့အိပ်မက်တွေ ရှုံးခဲ့တယ် ။
ငါချစ်ရတဲ့မင်းမှာ
ငါမသိတဲ့ ကွယ်ဝှက်ခြင်းတွေနဲ့
ငါ့ကိုခုတ်ဖြတ်မဲ့ အမုန်းဓါးတွေလက်မြမြ ။
ငါတို့ မတူညီမှု
ငါတို့ သံသယနဲ့
ငါတို့ လမ်းခွဲခဲ့ကြပြီ ။
မင်းပျော်တဲ့အရပ်မှာ
ငါမပါတဲ့ မိသားစုလေးထဲ
မင်းပျော်နေရင် ငါရှုံးခဲ့တာပျော်တယ် ။
အဇ္ဇ
---------------------
မင်းနဲ့ကိုယ့်အကြားမှာ
သံသယတွေ ကြီးထွားလာသမျှ
စကားလုံးတွေ ထက်ရှလွန်းတယ် ။
အချစ်နဲ့အမုန်းဟာ
လမ်းခွဲအလွန် စာမျက်နှာများထက် ကွဲလွဲမှုများချိတ်ဆက်ရှင်သန်နေ ။
ဘဝဟာ ဘဝလိုခက်ခဲပြီး
ငွေကြေးနဲ့အချစ်လွန်ဆွဲပွဲမှာ
ငါနဲ့ ငါ့အိပ်မက်တွေ ရှုံးခဲ့တယ် ။
ငါချစ်ရတဲ့မင်းမှာ
ငါမသိတဲ့ ကွယ်ဝှက်ခြင်းတွေနဲ့
ငါ့ကိုခုတ်ဖြတ်မဲ့ အမုန်းဓါးတွေလက်မြမြ ။
ငါတို့ မတူညီမှု
ငါတို့ သံသယနဲ့
ငါတို့ လမ်းခွဲခဲ့ကြပြီ ။
မင်းပျော်တဲ့အရပ်မှာ
ငါမပါတဲ့ မိသားစုလေးထဲ
မင်းပျော်နေရင် ငါရှုံးခဲ့တာပျော်တယ် ။
အဇ္ဇ
Comments
Post a Comment