New Feed
----------------------------
နေတွေသိပ်ပူတယ်
ဦးထုပ်နဲ့ ဖိနပ်ခဏငှားပါ
လမ်းဖြတ်ကူးလျင်သတိထား
ခရမ်းလွန်ရောင်ခြည်ပါဝင်မှုမြင့်နေတယ်
မနေ့ကpost တခုဖတ်မိရဲ့လား
အလှုခံမဏ္ဌာပ်က လော်စပီကာသံဆူညံ
ကောင်မလေးများခောတ်လွန်ဖက်ရှင်နှင့်
လိုင်းကားတွေကြပ်နေတယ်
မကြာခင် မီးလာတော့မည်
ကြိုးစားပန်းစား ပြောင်းလဲနေပြီ
အခွန်များကျေပွန်အောင်ဆောင်ကြပါ
လှေလှော်သားများလှော်တက်မကျိုးစေရ
စီးသောမြစ်၌ကွေ့ကောက်သဏ္ဌာန်ရှိသည်
ကဗျာဆရာ ဆရာမများတော်ကြသည်
ဆီလူးထားသောနေရာတွင်အနာမရှိပါ
မိုးရွာစဉ်ခံထားသောရေခွက်လေနှင့်လွင့်၏
ကိုယ်ပြောသောစကားနား၌ပြန်နာကြသော်
စစ်ပွဲများမြို့ထဲတွင်မရှိပါ
ဂစ်တာများကြိုးပြတ်ကြကုန်၏
ခေါတ်ကိုအပြစ်မတင်ကြစေလို
ဟမ်ဘာဂါကိုလူတိုင်းမကြိုက်ပါ
လမ်းဘေးဈေးသည်များစည်းကမ်းရှိဖို့လိုပြီ
အလုပ်အကိုင်များ ပေါပါသည်
လုပ်တတ်ကိုင်တတ်ဖို့အတွက်သင်ယူပါ
မုန်တိုင်းအားလျော့သွားလျင်မိုးရွာမည်
လူကူးမျဉ်းကျား၌ ရပ်မနေရ
သူ့ဘက်ကိုယ့်ဘက်လွန်ဆွဲရင်း
ပြုံးယမ်းတွင်မွေးနေ့ပွဲကျင်းပပြီးစီး
မနက်ဖြန် ဘောလုံးပွဲမရှိပါ
သတင်းစာပုံမှန်ဖတ်ဖို့
စာကြည့်မျက်တလက်ဝယ်ဦးမည် ။
အဇ္ဇ
----------------------------
နေတွေသိပ်ပူတယ်
ဦးထုပ်နဲ့ ဖိနပ်ခဏငှားပါ
လမ်းဖြတ်ကူးလျင်သတိထား
ခရမ်းလွန်ရောင်ခြည်ပါဝင်မှုမြင့်နေတယ်
မနေ့ကpost တခုဖတ်မိရဲ့လား
အလှုခံမဏ္ဌာပ်က လော်စပီကာသံဆူညံ
ကောင်မလေးများခောတ်လွန်ဖက်ရှင်နှင့်
လိုင်းကားတွေကြပ်နေတယ်
မကြာခင် မီးလာတော့မည်
ကြိုးစားပန်းစား ပြောင်းလဲနေပြီ
အခွန်များကျေပွန်အောင်ဆောင်ကြပါ
လှေလှော်သားများလှော်တက်မကျိုးစေရ
စီးသောမြစ်၌ကွေ့ကောက်သဏ္ဌာန်ရှိသည်
ကဗျာဆရာ ဆရာမများတော်ကြသည်
ဆီလူးထားသောနေရာတွင်အနာမရှိပါ
မိုးရွာစဉ်ခံထားသောရေခွက်လေနှင့်လွင့်၏
ကိုယ်ပြောသောစကားနား၌ပြန်နာကြသော်
စစ်ပွဲများမြို့ထဲတွင်မရှိပါ
ဂစ်တာများကြိုးပြတ်ကြကုန်၏
ခေါတ်ကိုအပြစ်မတင်ကြစေလို
ဟမ်ဘာဂါကိုလူတိုင်းမကြိုက်ပါ
လမ်းဘေးဈေးသည်များစည်းကမ်းရှိဖို့လိုပြီ
အလုပ်အကိုင်များ ပေါပါသည်
လုပ်တတ်ကိုင်တတ်ဖို့အတွက်သင်ယူပါ
မုန်တိုင်းအားလျော့သွားလျင်မိုးရွာမည်
လူကူးမျဉ်းကျား၌ ရပ်မနေရ
သူ့ဘက်ကိုယ့်ဘက်လွန်ဆွဲရင်း
ပြုံးယမ်းတွင်မွေးနေ့ပွဲကျင်းပပြီးစီး
မနက်ဖြန် ဘောလုံးပွဲမရှိပါ
သတင်းစာပုံမှန်ဖတ်ဖို့
စာကြည့်မျက်တလက်ဝယ်ဦးမည် ။
အဇ္ဇ
Comments
Post a Comment