ခူးဆွတ်ခွင့်မကြုံတဲ့ပန်း
သူငယ်ချင်းဆိုတာ…
တရာသီစာပွင့်တဲ့ပန်းမဟုတ်ဘူး
အရုပ်လိုငေးကြည့်နေခွင့်အတွက်
တသက်တာလက်မှတ်လည်းမရပြန်ဘူး
အဖြူရောင်မှာစွန်းတဲ့အချစ်နဲ့
စူးစူးနစ်နစ်… ။
သက္ကရာဇ်များစွာ ဆွဲဆောင်သိမ်းသွင်းပြီး
ရင်းနှီးခဲ့တဲ့ အပင်ထက်မှာ
နင်ဖူးရင် ငါပွင့်လို့
တလှည့်စီကျူးရင့်တဲ့ သည်တေးဟာ
ငါတို့အတိတ် ငါတို့ပစ္စုပ္ပန်
ငါတို့ရဲ့အနာဂတ်ပါ
ဒါကို ဘဝလို့ကြီးကြီးကျယ်ကျယ်ပြောမယ်။
သူငယ်ချင်းဆိုတာ
ပွင့်ချိန်တန်လျက်ပွင့်ပွင့်လင်းလင်းမြုံနေတဲ့
သက်တန့်ရောင်ပန်းတပွင့်လေ
ဘာသိဘာသာစိုးရိမ်ပူပန်မှုက
ချိုမြတဲ့အိပ်မက်တွေကို ချော့မြှုပွတ်သတ်ပြီး
တိမ်တွေနဲ့လေးဟုန်စီးနေကြတယ် ။
နင်ပြုံးပျော်ရွှင်ပျနေသမျှ
တိတ်တခိုးကြည်နူးနေရတာ ကျေနပ်တယ်
နင့်ရဲ့ပြတ်သွားတဲ့ဖိနပ်လေးတရံဟာ
ဘယ်ညာတလှည့်စီနှစ်သိမ့်ရင်း
ငါ့အခန်းကျဉ်းလေးထဲနွေးထွေးနေကြ
သက်တန့်ရောင်ပန်းတွေငေးကြည့်ရင်းလေ။
အဇ္ဇ
သူငယ်ချင်းဆိုတာ…
တရာသီစာပွင့်တဲ့ပန်းမဟုတ်ဘူး
အရုပ်လိုငေးကြည့်နေခွင့်အတွက်
တသက်တာလက်မှတ်လည်းမရပြန်ဘူး
အဖြူရောင်မှာစွန်းတဲ့အချစ်နဲ့
စူးစူးနစ်နစ်… ။
သက္ကရာဇ်များစွာ ဆွဲဆောင်သိမ်းသွင်းပြီး
ရင်းနှီးခဲ့တဲ့ အပင်ထက်မှာ
နင်ဖူးရင် ငါပွင့်လို့
တလှည့်စီကျူးရင့်တဲ့ သည်တေးဟာ
ငါတို့အတိတ် ငါတို့ပစ္စုပ္ပန်
ငါတို့ရဲ့အနာဂတ်ပါ
ဒါကို ဘဝလို့ကြီးကြီးကျယ်ကျယ်ပြောမယ်။
သူငယ်ချင်းဆိုတာ
ပွင့်ချိန်တန်လျက်ပွင့်ပွင့်လင်းလင်းမြုံနေတဲ့
သက်တန့်ရောင်ပန်းတပွင့်လေ
ဘာသိဘာသာစိုးရိမ်ပူပန်မှုက
ချိုမြတဲ့အိပ်မက်တွေကို ချော့မြှုပွတ်သတ်ပြီး
တိမ်တွေနဲ့လေးဟုန်စီးနေကြတယ် ။
နင်ပြုံးပျော်ရွှင်ပျနေသမျှ
တိတ်တခိုးကြည်နူးနေရတာ ကျေနပ်တယ်
နင့်ရဲ့ပြတ်သွားတဲ့ဖိနပ်လေးတရံဟာ
ဘယ်ညာတလှည့်စီနှစ်သိမ့်ရင်း
ငါ့အခန်းကျဉ်းလေးထဲနွေးထွေးနေကြ
သက်တန့်ရောင်ပန်းတွေငေးကြည့်ရင်းလေ။
အဇ္ဇ
Comments
Post a Comment