** အခုထိလွမ်းနေတုန်း **
လမ်းခွဲအလွန် ညောင်ညိုရိပ်မှာ
အိပ်မက်ဆိုးတွေနဲ့ မိုးလင်းခဲ့ရတဲ့ ည
ဘဝ အပေါင်း ဘဝ ညီမျှခြင်းဖြစ်ဖို့
အချစ်တို့ နဲ့ဖြတ်သန်းခဲ့ကြပြီး
တခဏမျက်ကွယ်အပြုမှာ
ကမ္ဘာဖျက်မဲ့ မိုးတွေရွာ
ငါတို့ တယောက်တနေရာ မိုင်ပေါင်းများစွာ
ခြားနားတဲ့ နှလုံးသားတွေ မဝေးကွာ
ကြိုးစားသမျှ အရာထင်ဖို့နီးလာချိန်
မျှော်လင့်ချက်တို့မှေးမှိန်အောင်
သေးသိမ်တဲ့ စကားလုံးတွေ နင်ပြောတယ်
အဲဒီတော့ ငါ ရင်မောတယ်
မေ့လိုက်ဖို့ လွယ်တယ်ထင်သလား
ဦးနှောက်နဲ့ နင် စဉ်းစား
နင်မကြိုက်တာ ငါပြင်ခဲ့ပေမဲ့
နင့်အမြင်မှာတော့ ငါဟာအခြေနေမဲ့
မိဘတွေကိုငဲ့သလိုနဲ့နင်အဆက်ဖြတ်ခဲ့တဲ့
အပေကောင်တယောက်ရဲ့ အချစ်ဆိုတာ
နင့် အသိုင်းအဝိုင်းမှာ အရောင်မလက်ခဲ့
ဒီလိုနဲ့ ငါနဲ့နင် သူစိမ်းတွေအဖြစ်နဲ့…
…သူစိမ်းတွေ အဖြစ်နဲ့ပေါ့…
တိမ်တွေရေ သူ့ကိုတွေ့ရင်ပြောလိုက်ပါ
အခုထိ… လွမ်းနေတုန်းပါ… လို့ ။
IZZA
လမ်းခွဲအလွန် ညောင်ညိုရိပ်မှာ
အိပ်မက်ဆိုးတွေနဲ့ မိုးလင်းခဲ့ရတဲ့ ည
ဘဝ အပေါင်း ဘဝ ညီမျှခြင်းဖြစ်ဖို့
အချစ်တို့ နဲ့ဖြတ်သန်းခဲ့ကြပြီး
တခဏမျက်ကွယ်အပြုမှာ
ကမ္ဘာဖျက်မဲ့ မိုးတွေရွာ
ငါတို့ တယောက်တနေရာ မိုင်ပေါင်းများစွာ
ခြားနားတဲ့ နှလုံးသားတွေ မဝေးကွာ
ကြိုးစားသမျှ အရာထင်ဖို့နီးလာချိန်
မျှော်လင့်ချက်တို့မှေးမှိန်အောင်
သေးသိမ်တဲ့ စကားလုံးတွေ နင်ပြောတယ်
အဲဒီတော့ ငါ ရင်မောတယ်
မေ့လိုက်ဖို့ လွယ်တယ်ထင်သလား
ဦးနှောက်နဲ့ နင် စဉ်းစား
နင်မကြိုက်တာ ငါပြင်ခဲ့ပေမဲ့
နင့်အမြင်မှာတော့ ငါဟာအခြေနေမဲ့
မိဘတွေကိုငဲ့သလိုနဲ့နင်အဆက်ဖြတ်ခဲ့တဲ့
အပေကောင်တယောက်ရဲ့ အချစ်ဆိုတာ
နင့် အသိုင်းအဝိုင်းမှာ အရောင်မလက်ခဲ့
ဒီလိုနဲ့ ငါနဲ့နင် သူစိမ်းတွေအဖြစ်နဲ့…
…သူစိမ်းတွေ အဖြစ်နဲ့ပေါ့…
တိမ်တွေရေ သူ့ကိုတွေ့ရင်ပြောလိုက်ပါ
အခုထိ… လွမ်းနေတုန်းပါ… လို့ ။
IZZA
Comments
Post a Comment