မန္တလေး
မန္တလေးဟာမန္တလေးကိုပြန်သတ်နေကြောင်း
မန္တလေးဟာမလုံခြုံတော့တဲ့ညတွေထဲ
စိုးရိမ်ထိတ်လန့်နေရကြောင်း
ကြားသိလိုက်ချိန်မှာ
မန္တလေးဟာ....
ဇာတိပုညဂုဏ်မာနတွေ
လျော့ပါးပျောက်ကွယ်သွားပြီဆိုတာ
ကျုံးဘေးကညနေခင်းတွေဟာ
မြို့လယ်ကလုယက်မှုများစွာဟာ
ြိကိုးကြားကြိုကြားဖမ်းမိတဲ့မူးယစ်ဆေးများဟာ
မန္တလေးကိုကြိုးပေးသတ်နေသလို
မန္တလေးမှာအန္တရာယ်တွေထူပြောတယ်
မန္တလေးမှာအနုပညာတွေပွင့်လန်းတယ်
ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှါန်းနဲ့
မန္တလေးဟာ....
သားသတ်သမားတွေကိုမွေးမြူနေတယ်
သေနတ်တွေတိတ်တဆိတ်
ရောင်းဝယ်ဖောက်ကားနေတယ်
ဓားလက်နက်ကိုယ်စီနဲ့
လုယက်မှုတွေထွန်းကားနေတဲ့မြို့တော်မှာ
မြို့သူမြို့သားတွေဟာ
အထိတ်တလန့်နေထိုင်ရှင်သန်လို့
ဥပဒေမဲ့နေတဲ့လမ်းဘေးဒုစရိုက်တွေနဲ့
မန္တလေးဟာသူ့ကိုယ်သူသတ်နေတယ် ။ ။
အဇ္ဇ
မန္တလေးဟာမန္တလေးကိုပြန်သတ်နေကြောင်း
မန္တလေးဟာမလုံခြုံတော့တဲ့ညတွေထဲ
စိုးရိမ်ထိတ်လန့်နေရကြောင်း
ကြားသိလိုက်ချိန်မှာ
မန္တလေးဟာ....
ဇာတိပုညဂုဏ်မာနတွေ
လျော့ပါးပျောက်ကွယ်သွားပြီဆိုတာ
ကျုံးဘေးကညနေခင်းတွေဟာ
မြို့လယ်ကလုယက်မှုများစွာဟာ
ြိကိုးကြားကြိုကြားဖမ်းမိတဲ့မူးယစ်ဆေးများဟာ
မန္တလေးကိုကြိုးပေးသတ်နေသလို
မန္တလေးမှာအန္တရာယ်တွေထူပြောတယ်
မန္တလေးမှာအနုပညာတွေပွင့်လန်းတယ်
ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှါန်းနဲ့
မန္တလေးဟာ....
သားသတ်သမားတွေကိုမွေးမြူနေတယ်
သေနတ်တွေတိတ်တဆိတ်
ရောင်းဝယ်ဖောက်ကားနေတယ်
ဓားလက်နက်ကိုယ်စီနဲ့
လုယက်မှုတွေထွန်းကားနေတဲ့မြို့တော်မှာ
မြို့သူမြို့သားတွေဟာ
အထိတ်တလန့်နေထိုင်ရှင်သန်လို့
ဥပဒေမဲ့နေတဲ့လမ်းဘေးဒုစရိုက်တွေနဲ့
မန္တလေးဟာသူ့ကိုယ်သူသတ်နေတယ် ။ ။
အဇ္ဇ
Comments
Post a Comment