အချစ်ရေ
ပျော်မြူးနေတဲ့မင့်ရယ်သံတွေ
ကမ္ဘာမြေအနှံ
ကြဲဖြန့်ချပစ်လိုက်စမ်းပါ
နေညိုချိန်တွေတိုင်း
မင့်ဆံနွယ်ရိုင်းလေးတွေကို
လွင့်ပျံစေတဲ့လေပြေမှာ
မင့်ကိုယ်သင်းရနံတွေစီးပျံလို့လေ
ရေမြေအဆုံးထိ
မင့်အပြုံးတွေမြင်တွေ့ခွင့်အတွက်
ကိုယ့်အသက်ကိုမွေးမြူစောင့်လျှောက်လျက်ပေါ့
မင့်ရယ်သံတွေနဲ့ဖုံးလွှမ်းနေတဲ့
ပင်လယ်မှာလှိုင်းလေငြိမ်သက်လို့
မင့်ဆံနွယ်တွေကိုရပ်တန့်ငေးမောနေတဲ့
တိမ်တွေဟာလဲ
အပြိုပြိုအလဲလဲရွာသွန်းခြင်းနဲ့
မင့်စကားလုံးတွေပန်းလိုပွင့်နေသမျှ
ညအိပ်မက်တွေလှပနေဆဲ
ဘယ်ဂီတကိုမင်းသီကျူးမလဲ
အချစ်ရေ... ။
အဇ္ဇ
ပျော်မြူးနေတဲ့မင့်ရယ်သံတွေ
ကမ္ဘာမြေအနှံ
ကြဲဖြန့်ချပစ်လိုက်စမ်းပါ
နေညိုချိန်တွေတိုင်း
မင့်ဆံနွယ်ရိုင်းလေးတွေကို
လွင့်ပျံစေတဲ့လေပြေမှာ
မင့်ကိုယ်သင်းရနံတွေစီးပျံလို့လေ
ရေမြေအဆုံးထိ
မင့်အပြုံးတွေမြင်တွေ့ခွင့်အတွက်
ကိုယ့်အသက်ကိုမွေးမြူစောင့်လျှောက်လျက်ပေါ့
မင့်ရယ်သံတွေနဲ့ဖုံးလွှမ်းနေတဲ့
ပင်လယ်မှာလှိုင်းလေငြိမ်သက်လို့
မင့်ဆံနွယ်တွေကိုရပ်တန့်ငေးမောနေတဲ့
တိမ်တွေဟာလဲ
အပြိုပြိုအလဲလဲရွာသွန်းခြင်းနဲ့
မင့်စကားလုံးတွေပန်းလိုပွင့်နေသမျှ
ညအိပ်မက်တွေလှပနေဆဲ
ဘယ်ဂီတကိုမင်းသီကျူးမလဲ
အချစ်ရေ... ။
အဇ္ဇ
Comments
Post a Comment