ငြိမ်းချမ်းရေးဒုက္ခသည်များ
ဘယ်လိုပဲတွေးတွေး
နယ်နိမိတ်တွေသွေးနဲ့ရေးနေရသမျှ
အတ္တကိုရေလောင်းပေါင်းသင်
ရှင်သန်အောင်မွေးနေကြသမျှ
သေနတ်ပြောင်းတွေဟာ
ချိုးဖြူငှက်ကိုချိန်ရွယ်ထားတယ်
သံလွင်ခက်ကိုပစ်ခတ်ကြတယ်
လူမမယ်တွေ
သက်ကြီးရွယ်အိုနဲ့
မိန်းမသားတွေအတွက်
အသက်နဲ့လက်တကမ်းအကွာက
မာရ်နတ်ရဲ့တံပိုးသံတွေအလား
ပြေးပြေးလွှားလွှားနဲ့
ပျောက်ဆုံးသွားရမဲ့ဘဝတွေကို
လေးလေးစားစားမရှိသမျှ
စစ်ဆိုတာနတ်ဘုရားတွေဖန်ဆင်းခဲ့တဲ့
အတ္တတွေအရောင်တင်တဲ့ပွဲပဲလေ
စာရွက်ဖြူပေါ်က...
ကတိသစ္စာတွေဟာ
ပြင်လွယ်ပြောင်းလွယ်ယုံကြည်မှုတွေဖြစ်ကြောင်း
အပြုံးတုတွေရဲ့နောက်ကွယ်က
စစ်လက်နက်တွေကတပ်လှန့်နေကြ
လူမျိုးစုတွေသွေးနဲ့ရေးထားတဲ့
နယ်နိမိတ်တွေမှာ
ဒုက္ခတွေနှစ်ဆတိုးရှင်သန်နေတဲ့အခါ
ငြိမ်းချမ်းရေးငှက်ဟာလှောင်အိမ်ထဲမှာလုံခြုံလို့။
အဇ္ဇ
ဘယ်လိုပဲတွေးတွေး
နယ်နိမိတ်တွေသွေးနဲ့ရေးနေရသမျှ
အတ္တကိုရေလောင်းပေါင်းသင်
ရှင်သန်အောင်မွေးနေကြသမျှ
သေနတ်ပြောင်းတွေဟာ
ချိုးဖြူငှက်ကိုချိန်ရွယ်ထားတယ်
သံလွင်ခက်ကိုပစ်ခတ်ကြတယ်
လူမမယ်တွေ
သက်ကြီးရွယ်အိုနဲ့
မိန်းမသားတွေအတွက်
အသက်နဲ့လက်တကမ်းအကွာက
မာရ်နတ်ရဲ့တံပိုးသံတွေအလား
ပြေးပြေးလွှားလွှားနဲ့
ပျောက်ဆုံးသွားရမဲ့ဘဝတွေကို
လေးလေးစားစားမရှိသမျှ
စစ်ဆိုတာနတ်ဘုရားတွေဖန်ဆင်းခဲ့တဲ့
အတ္တတွေအရောင်တင်တဲ့ပွဲပဲလေ
စာရွက်ဖြူပေါ်က...
ကတိသစ္စာတွေဟာ
ပြင်လွယ်ပြောင်းလွယ်ယုံကြည်မှုတွေဖြစ်ကြောင်း
အပြုံးတုတွေရဲ့နောက်ကွယ်က
စစ်လက်နက်တွေကတပ်လှန့်နေကြ
လူမျိုးစုတွေသွေးနဲ့ရေးထားတဲ့
နယ်နိမိတ်တွေမှာ
ဒုက္ခတွေနှစ်ဆတိုးရှင်သန်နေတဲ့အခါ
ငြိမ်းချမ်းရေးငှက်ဟာလှောင်အိမ်ထဲမှာလုံခြုံလို့။
အဇ္ဇ
ဝင်ရောက်ကြည့်ရှုသူအားလုံးကိုကျေးဇူးတင်ပါတယ်
ReplyDelete