၂၀ ရာစုစာပေလှုပ်ရှားမှုများ
===================
နောင်ချိုသစ်
မော်ဒန်ဝါဒ
(Modernism)
လှုပ်ရှားမှုအစ - ၁၉၀၀
"၁၉၁၀ ဒီဇင်ဘာလမှာ၊ ဒါမှမဟုတ် အဲဒီလလောက်မှာ လူသားသ ဘာဝဟာ ပြောင်းလဲသွားခဲ့တယ်"။ ဒီစာကြောင်းကို ရေးသားခဲ့သူကတော့ တ ခြားသူမဟုတ်ဘူး။ ထင်ရှားတဲ့မော်ဒန်စာရေးဆရာမ ဗာဂျီးနီးယားဝုဖ်ပဲ။ သူမ ဟာ ၁၉၂၄ ခုနှစ် Mrs. Bennett and Mrs. Brown }ဆိုတဲ့အက်ဆေးတစ် ပုဒ်မှာ ရေးသွားခဲ့တာပဲ ဖြစ်တယ်။ ဆက်လက်ပြီး ၀ုဖ်က "လူသားဆက်ဆံရေး တွေအားလုံးဟာ ရွေ့လျားသွားတယ်၊ လူသားဆက်ဆံရေးတွေ ပြောင်းလဲသွား တာနဲ့တစ်ချိန်တည်းမှာပဲဘာသာရေး၊ အပြုအမူ၊ နိုင်ငံရေးနဲ့ စာပေမှာပါ လိုက်ပါ ပြောင်းလဲသွားတယ်"လို့ ရေးသားခဲ့တယ်။ ဒီလို ရည်ရွယ်ချက်ပါပါနဲ့ လှုံ့ဆော်မှု သက်ဝင်တဲ့ ထုတ်ဖော်ရေးသားချက်ဟာ အဲဒီခေတ်ရဲ့ ထင်ရှားတဲ့ဝိသေသတစ် ရပ်ကို ထုတ်ဖော်ပြရာမှာ အလင်္ကာသုံးပြီးတင်ပြမှုတစ်ရပ် ဖြစ်ခဲ့တာ။ ဒါပေမဲ့ အ နောက်တိုင်းယဉ်ကျေးမှုရဲ့ တဖြည်းဖြည်းပြောင်းလဲဖြစ်ထွန်းမှုကို လေ့လာတဲ့ သူတိုင်းနီးပါးဟာ ၁၉ ရာစုနှောင်းပိုင်းမှာ တစ်ခါတစ်လေ စပေါ်လာပြီး ဒုတိယက မ္ဘာစစ်ကာလတစ်ဝိုက်အထိကို အောင်မြင်ဖြစ်ထွန်းလာတဲ့ အတွေးအခေါ်၊ အ ပြုအမူနဲ့ ယဉ်ကျေးမှုဆိုင်ရာထုတ်လုပ်ချက်တွေမှာ သိသာထင်ရှားတဲ့အပြောင်း အလဲတစ်ရပ်ဖြစ်နေပြီဆိုတာကို သိထားဖို့ လိုအပ်တယ်။ အနုပညာ၊ နည်းပ ညာ၊ဒဿနပညာ၊ ဒါမှမဟုတ် လူသားအပြုအမူပိုင်း ဘယ်လိုအပိုင်းမှာပဲဖြစ်ဖြစ် ဒီပြောင်းလဲမှုကို ယေဘုယျအားဖြင့် မော်ဒန်ဝါဒရယ်လို့ တံဆိပ်တပ် ခေါ်ဝေါ်ကြ တယ်ဆိုတာတော့ ငြင်းမရဘူး။
ရိုမန်တစ်ဝါဒလိုပဲ မော်ဒန်ဝါဒဟာ ကျယ်ပြန်တဲ့စာပေနဲ့ ယဉ်ကျေးမှု လှုပ်ရှားမှုတစ်ရပ်ကို ပုံစံထုတ်ထားတာ။ အနုပညာတွေအားလုံး ကူးလူးယှက် နွယ်ပြီး ကျယ်ပြန့်လာကာ နိုင်ငံရေးနဲ့ ဒဿနပညာနယ်ပယ်ထိ ဖိတ်လျှံစီးဝင် လာတဲ့ စာပေနဲ့ ယဉ်ကျေးမှုလှုပ်ရှားမှုတစ်ရပ်ကို ပြောချင်တာပဲ ဖြစ်တယ်။ ရိုမန် တစ်ဝါဒလိုပဲ မော်ဒန်ဝါဒဟာ အနုပညာရပ်တွေ၊ အနုပညာတစ်ခုချင်းစီအနေနဲ့ တောင် ဖော်ထုတ်ပြချက်တွေက ကွဲလွဲတယ်။ မော်ဒန်ဝါဒ ပေါ်ပေါက်ထွန်းကား တဲ့ကာလဟာ အငြင်းပွားစရာရှိပေမယ့် ပညာရှင်တချို့ကတော့ ၁၈၆၀ မတိုင် ခင် ဇာစ်မြစ်တည်တယ်လို့ ဖော်ထုတ်ပြီး ဒုတိယကမ္ဘာစစ်မှာတော့ လှုပ်ရှားမှုရဲ့ အထွတ်အထိပ်ကာလ အဆုံးသတ်တယ်လို့ ယေဘုယျ ယူဆကြတယ်။ မော် ဒန်အနုပညာဟာ ဥရောပရဲ့ မြို့ ကြီးတွေကနေ စတင်တယ်၊ အဓိကကတော့ လန်ဒန်၊ မီလန်၊ ဘာလင်၊ စိန့်ပီတာစဘတ်နဲ့ အထူးသဖြင့် ပါရီမှာပဲ။ ပထမကမ္ဘာ စစ်ပြီးတဲ့နောက်မှာ အမေရိကန်နဲ့ တောင်အမေရိကဘက်ကို ပြန့်နှံ့သွားတာ။ ၁၉၄၀ ပြည့်နှစ်လောက်မှာ မော်ဒန်ဝါဒဟာ အမေရိကန်နဲ့ဥရောပအကယ်ဒမစ် အသိုင်းအ၀ိုင်းတစ်ရပ်လုံးမှာ လွှမ်းမိုးနေရာယူထားပြီး ဖြစ်နေခဲ့တယ်။ ၁၉၆၀ ပြည့်နှစ်မှာတော့ အဲဒီနေရာတွေမှာပဲ မော်ဒန်ဝါဒဟာ အခြေတည်စပြုလာတဲ့ ပို့စ်မော်ဒန်ဝါဒရဲ့ စိန်ခေါ်မှုကို ခံလာခဲ့ရတာပါ။
၁၉ရာစုနှောင်းပိုင်း အလျှင်အမြန်ပြောင်းလဲသွားတဲ့နည်းပညာထဲက နေ မော်ဒန်ဝါဒဟာ ဇာစ်မြစ်တွယ်ခဲ့တာ ဖြစ်တယ်၊ ဒါ့အပြင် အဲဒီရာစုနှစ်နှောင်း ပိုင်း အထင်ကရတွေးခေါ်ပညာရှင်တွေဖြစ်တဲ့ ဖရွိုက်၊ မာ့က်စ်၊ ဒါဝင်နဲ့ နိရှေးတို့ ရဲ့ သီအိုရီတွေထဲကနေ အခြေတည်ပေါက်ဖွားလာတယ်လို့လည်း ဆိုနိုင်တယ်။ မော်ဒန်ဝါဒဟာ စစချင်းမှာ ပန်းချီအနုပညာကို လွှမ်းမိုးခဲ့တာ၊ မော်ဒန်ဝါဒပုံသ ဏ္ဌာန်နဲ့ရေးဆွဲတဲ့ပန်းချီအယူအဆတွေက အင်ပရက်ရှင်နစ်ဇင်၊ ကျူဘစ်ဇင်ဆို တာတွေပဲ၊ ဒါပေမဲ့ ပထမကမ္ဘာစစ်မတိုင်ခင် ဆယ်စုနှစ်ကာလမှာ အက်ဇရာ ပေါင်း၊ ဖိလစ်ပိုမာရီနက်တီ၊ ဂျိမ်းစ်ဂျွိုက်နဲ့ အပိုလိုနဲတို့လို့ စာရေးဆရာတွေဟာ အမြင်အနုပညာတွေ တိုးပွားလာမှုကို စာပေထဲ ထည့်ဝင်တည်ဆောက်ကြည့် ကြတယ်။ ပုံသဏ္ဌာန်ပိုင်းတည်ဆောက်ချက်ဖြစ်တဲ့ မော်ဒန်တက်ခနိတွေဟာ ၁၉၃၀ ပြည့်နှစ်နှောင်းပိုင်းလောက်မှာ ပေါ်ပြူလာအရေးအသားတွေထဲ စီးမြော ၀င်လာခဲ့ပြီး စံပုံစံအရေးအသားရယ်လို့ ဖြစ်လာခဲ့တာ။ အဲဒီတက်ခနိတွေက သိ စိတ်အလျှင်အတိုင်းထင်ဟပ်ရေးသားခြင်း(stream-of-consciousness) နဲ့ တိုက်ရိုက်မဖော်ညွှန်းခြင်း (allusiveness) ဆိုတာပဲ ဖြစ်တယ်။
လူ့အဖွဲ့အစည်းရဲ့ ပျက်စီးယိုယွင်းမှုနဲ့ အဓိပ္ပာယ်မဲ့မှုထဲကို တရှိန်ထိုး တိုးဝင်လာတဲ့ခြေလှမ်းကို မော်ဒန်လှုပ်ရှားမှုက အဓိကထားတယ်။ ၁၈၀၀ ပြည့် နှစ်နှောင်းပိုင်းမှာ လူ့အဖွဲ့အစည်းရဲ့ ရေရာသေချာမှုတွေ မှေးမှိန်လာတယ်။ မာ့က်စ်က လူမှုရေးဆိုင်ရာအတန်းအစားဆိုတာကို ဖန်တီးကြတယ်၊ အဲဒီအရာ ဟာ လူ့အဖွဲ့အစည်းရဲ့ ပင်ကိုရှိရင်းစွဲအမျိုးအစားမဟုတ်ဘူးရယ်လို့ ဆိုတယ်။ ဖ ရွိုက်ကလည်း လူသားရဲ့ တစ်သီးပုဂ္ဂလသဘာဝကို မွေးရာပါလိင်ရဲ့ မောင်းနှင် အားတစ်ရပ်အဖြစ် လျှော့ချပစ်လိုက်တယ်။ ဒီလိုပဲ ကမ္ဘာမြေကြီးဟာ ခရစ်ယာန် သမ္မာကျမ်းစာပေါ် အခြေခံတွက်ချက်မှုထက် အများကြီး သက်တမ်းပိုရင့်တယ် ဆိုတာကို ပြတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းသက်သေကို ဒါဝင်က ထုတ်ပြတယ်။ နိ ရှေးကတော့ လူသားရဲ့ အနက်ရှိုင်းဆုံးထဲမှာ အမြစ်တွယ်နေတဲ့ ကျင့်ဝတ်ဆိုင် ရာနိယာမတွေဟာ တည်ဆောက်ချက်တွေသာသာပဲ ဖြစ်တယ်ဆိုတာကို ပြော လာခဲ့တယ်။ မော်ဒန်ဝါဒီစာရေးဆရာတွေဟာ လူသားမျိုးနွယ်ရဲ့ အခြေခံအုတ် မြစ်တွေ တိုက်စားချေဖျက်ခံလာရပြီးနောက်မှာ အဲဒီလူသားဟာ ဘယ်နေရာမှာ ရပ်တည်မလဲဆိုတဲ့ ပြဿနာရပ်ကို ကိုင်တွယ်ဖို့ ကြိုးပမ်းလာတယ်။ ဒီလိုနဲ့ မော် ဒန်ဝါဒီတွေဟာ အတိတ်ရဲ့ ခြေရာအစအနတွေကို ပြန်ဆန်းစစ်တယ်၊ ပြီးရင် ဘယ်အရာက တန်ဖိုးရှိနိုင်သလဲ၊ ဘယ်အရာက လူ့အဖွဲ့အစည်းအသစ်တည် ဆောက်ဖို့အတွက် ထည့်ဝင်ပေးနိုင်သလဲဆိုတာကိုရွေးထုတ်ကြတယ်။

Comments
Post a Comment