အချစ်...
ယုံလားလို့် မေးဖို့အတွက်
ယုံကြည်မှုလေးတခုတော့ရှိဖို့လိုတယ်
ကျွန်တော်တို့အကြားမှာ
အများပိုင်နာမ်စားတွေပဲ
ငွားငွားစွင့်စွင့်ပွင့်နေဖြစ်ခဲ့တာ
ကြာလှပြီလေ။
ဘယ်လက်နဲ့ပျိုးစိုက်ခဲ့မှန်းမသိပေမဲ့
ပွင့်ခဲ့...
ဝေခဲ့...
ကြွေခဲ့...ရတဲ့ရာသီတွေတိုင်းမှာ
ဒဏ်ရာပြက္ခဒိန်တွေသာအပ်ကြောင်းထပ်နေ။
နှုတ်ခြွေစကားတခွန်းနဲ့
တဘဝလုံးပေးဆပ်ဖို့ပြင်ဆင်ခဲ့ရပြီး
နီးခြင်းဝေခြင်းတွေကြားမှာ
အိပ်ပျက်ညတွေပျားပန်းခပ်လို့ ။
အဇ္ဇ
ယုံလားလို့် မေးဖို့အတွက်
ယုံကြည်မှုလေးတခုတော့ရှိဖို့လိုတယ်
ကျွန်တော်တို့အကြားမှာ
အများပိုင်နာမ်စားတွေပဲ
ငွားငွားစွင့်စွင့်ပွင့်နေဖြစ်ခဲ့တာ
ကြာလှပြီလေ။
ဘယ်လက်နဲ့ပျိုးစိုက်ခဲ့မှန်းမသိပေမဲ့
ပွင့်ခဲ့...
ဝေခဲ့...
ကြွေခဲ့...ရတဲ့ရာသီတွေတိုင်းမှာ
ဒဏ်ရာပြက္ခဒိန်တွေသာအပ်ကြောင်းထပ်နေ။
နှုတ်ခြွေစကားတခွန်းနဲ့
တဘဝလုံးပေးဆပ်ဖို့ပြင်ဆင်ခဲ့ရပြီး
နီးခြင်းဝေခြင်းတွေကြားမှာ
အိပ်ပျက်ညတွေပျားပန်းခပ်လို့ ။
အဇ္ဇ
Comments
Post a Comment