နားရွက်တွံတွေးလာဆွတ်တဲ့
အကြောင်းတရားနဲ့ ကြုံတဲ့အခါ
မယမ်းမယိုင်ကြံခိုင်းမြဲမြံတဲ့စိတ်ကို
အလေးအနက်ထားပြီး ငြိမ်သက်စွာပြုံးဖြစ်တယ် ။
(၁၀)ငြိမ်သက်တဲ့အပြုံး=စိတ်တည်ငြိမ်ခြင်း

ကိုယ်အလိုလားဆုံးရစ်ပတ်နှောင်ဖွဲ့ ခံလိုက်ပြီး
အကျေနပ်ဆုံးပြန်ချည်ထုံးထားတဲ့ကြိုးလေး
ရုတ်ချည်းပြတ်တောက် ။
တစ်ချောင်းတည်းတည်း ကျန်ခဲ့တဲ့အခါ
ထိခိုက်ကြေကွဲမူတွေအလိမ်းလိမ်းနဲ့ နွမ်းလျလျပြုံးဖြစ်ခဲ့ပေါ့ ။
(၁၁)နွမ်းလျအပြုံး=ကိုယ့်ကိုကိုယ်နှစ်သိမ့်ခြင်း

ဘာတွေစိုးရွံနေကြတာလဲ။
ဆုံးရှုံးစရာဘာမှမရှိပဲ အလေးထပ်ခိုးချင်သေးတယ်ပေါ့ ။
ကဲ့ရဲ့ လှောင်ပြောင်မူတွေကို ပခုံးဖက်တဲ့အပြုံးပြုံးပြီးလျော်လိုက်တယ်။
(၁၂)ပခုံးဖက်တဲ့အပြုံး=ကိုယ့်ကိုကိုယ်အားပေးနှစ်သိမ့်ခြင်း

ကဗျာတွေပြန်လည်ဖွဲ့ သီတော့
အရောင်မဲ့ဇုံရေ ။မင်းတို့ စားကျက်ပြောင်းသွားကြတာလား ။
လက်အံတွေသေကုန်ကြပြီလား ။
တစ်ယောက်ထီး ထီး ညည်းတွားနေတုန်း
"ဖြိုးဝေခ"ရဲ့ လက်စလက်နတွေမြင်တွေ့ လိုက်ရတော့
ဝမ်းသာအားရသည်းလှိုက်အူလှိုက်နဲ့  နှုတ်ခမ်းဟဟဖွင့်ပြုံးပြလိုက်တယ် ။
(၁၃)နှုတ်ခမ်းဟဟဖွင့်ပြုံး=ပီတိဖြစ်ခြင်း။  
                           အားတက်ကျေနပ်ပျော်ရွင်ခြင်း ။

ဘဝမှာ ဘယ်လိုအချိန်အခါ
         ဘယ်လိုမိုးရွာရွာ
          ဘယ်လိုလေနီကြမ်းလာလာ ။
အဲဒီကံကြမ္မာနဲ့ ရာသီကို
အောက်နှုတ်ခမ်းဒေါင့်ကွေးညွတ်ပြီး ပြန်ပြုံးပြနိုင်ရမယ် ။
(၁၄)တကိုယ်ရည်အပြုံး=အားအင်တိုးပွားစေခြင်း

မှတ်မှတ်ရရ အပြုံး (၁၄)ပွင့်ရှိခဲ့ဖူးတယ်။

                                                        မိုးရင့်

Comments

Popular Posts