ရူးနေတဲ့ မြစ်
__________________ အဇ္ဇ
ငါဟာ အရှိန်ဟုန်ပြင်းပြင်း ပင်လယ်ဆီ
ကဆုန်ပေါက်စီးဆင်းနေတဲ့ မြစ်
နာကျင်ဒေါသတွေတလိမ့်လိမ့် သယ်ဆောင်ရာ
တိုက်စားသယ်ဆောင်ခွင့်မရှိပေမဲ့
ပို့ချအနည်ထိုင်ခွင့်လည်းမရတဲ့ လမ်းမှာ
ကျောက်ဆောင်ကျောက်သားများစွာကို
ပွတ်တိုက်စီးမျောရင်း
ရင်ဘတ်မှာသွေးအလိမ်းလိမ်း
ကိုယ်တိုင်ထိမ်းသိမ်းဖို့ခွန်အားကိုဆုံးရှုံးခဲ့ပြီး
ဟန်ဆောင်ရယ်မောခြင်းတွေတောက်လောင်နေတဲ့
မြို့ရွာတွေနားမှာ ငါ မရပ်မနား
ကြယ်တွေကိုရေတွက်ရင်း
ညတွေထဲမှာ ငြိမ့်ငြိမ့်အေးအေး
တံငါသည်တွေနဲ့ နွေးနွေးထွေးထွေး
တောင်ပြာတွေရဲ့ဘေးမှာ ဖြည်းဖြည်းဆေးဆေး
ငါ့ရင်ဘတ်ထဲကခပ်ထုတ်သွားသူတွေ
ရင်ဘတ်ထဲပြန်လည်သွန်ထည့်သူများနဲ့
ပြိုဆင်းလာတဲ့ မြေသားစိုင်တွေငါမငြိုငြင်ဘူး
ပင်လယ်နဲ့နီးလာလေ ငါဝမ်းနည်းလေ
လည်ပြန်ငေးမိတိုင်း
အစပြုရာလမ်းကလေး ဝေးသီမှုန်ပျ
ရူးသွပ်နေတဲ့ ဂီတတွေနဲ့ကောင်းကင်ကိုမျှားခဲ့တယ်
ကြယ်တွေရင်ဘတ်ထဲသိမ်းထားချင်လို့
မြစ်ဟာမငိုကြွေးဖူးဘူး
မြစ်ဟာမရယ်မောဖူးဘူး
ရင်ခုန်သံတွေကျယ်လောင်ပြင်းပြဖူးတာဝန်ခံတယ်
ဒါပေမဲ့ မချစ်တတ်ခဲ့တာ ရူးနေလို့ပဲ ။ ။
__________________ အဇ္ဇ
ငါဟာ အရှိန်ဟုန်ပြင်းပြင်း ပင်လယ်ဆီ
ကဆုန်ပေါက်စီးဆင်းနေတဲ့ မြစ်
နာကျင်ဒေါသတွေတလိမ့်လိမ့် သယ်ဆောင်ရာ
တိုက်စားသယ်ဆောင်ခွင့်မရှိပေမဲ့
ပို့ချအနည်ထိုင်ခွင့်လည်းမရတဲ့ လမ်းမှာ
ကျောက်ဆောင်ကျောက်သားများစွာကို
ပွတ်တိုက်စီးမျောရင်း
ရင်ဘတ်မှာသွေးအလိမ်းလိမ်း
ကိုယ်တိုင်ထိမ်းသိမ်းဖို့ခွန်အားကိုဆုံးရှုံးခဲ့ပြီး
ဟန်ဆောင်ရယ်မောခြင်းတွေတောက်လောင်နေတဲ့
မြို့ရွာတွေနားမှာ ငါ မရပ်မနား
ကြယ်တွေကိုရေတွက်ရင်း
ညတွေထဲမှာ ငြိမ့်ငြိမ့်အေးအေး
တံငါသည်တွေနဲ့ နွေးနွေးထွေးထွေး
တောင်ပြာတွေရဲ့ဘေးမှာ ဖြည်းဖြည်းဆေးဆေး
ငါ့ရင်ဘတ်ထဲကခပ်ထုတ်သွားသူတွေ
ရင်ဘတ်ထဲပြန်လည်သွန်ထည့်သူများနဲ့
ပြိုဆင်းလာတဲ့ မြေသားစိုင်တွေငါမငြိုငြင်ဘူး
ပင်လယ်နဲ့နီးလာလေ ငါဝမ်းနည်းလေ
လည်ပြန်ငေးမိတိုင်း
အစပြုရာလမ်းကလေး ဝေးသီမှုန်ပျ
ရူးသွပ်နေတဲ့ ဂီတတွေနဲ့ကောင်းကင်ကိုမျှားခဲ့တယ်
ကြယ်တွေရင်ဘတ်ထဲသိမ်းထားချင်လို့
မြစ်ဟာမငိုကြွေးဖူးဘူး
မြစ်ဟာမရယ်မောဖူးဘူး
ရင်ခုန်သံတွေကျယ်လောင်ပြင်းပြဖူးတာဝန်ခံတယ်
ဒါပေမဲ့ မချစ်တတ်ခဲ့တာ ရူးနေလို့ပဲ ။ ။
Comments
Post a Comment