** ကဗျာဆရာ (၂) **
တနင့်တပိုးခံစားချက်တွေ
ရင်နဲ့အပြည့်လွယ်ပိုက်ထားရတဲ့
အဲဒီသူတွေဟာ စကားလုံးတွေမွေးဖွားရင်း
အလင်္ကာမြောက်ငိုကြွေးနေသူပေါ့ ။
ဘဝကိုကဗျာဆန်ဆန်အမြစ်တွယ်ဖို့ကြိုးစားပန်းစား
နေထိုင်ကျက်စားခဲ့ပေမဲ့
ကဗျာမဆန်စွာ ပျောက်ရှသွားခဲ့တဲ့နေဝင်ချိန်တွေအောက်
လမ်းပျောက်နေတတ်သူတွေပါ
တခါတရံ အိမ်ပြန်ဖို့တောင်မေ့နေတဲ့အထိ ။
ကိုယ်ချင်းစာတရားတွေနဲ့ ဝေမျှခဲ့တဲ့ တခုတလေအတွက်
မျှော်လင့်ချက်တွေ မထားတတ်ကြတဲ့သူတို့ဟာ
နွေးထွေးစွာ ပြုံးပြဖို့လဲ နှမျောတွန့်တိုမနေတတ်ပြန်ဘူး
နေမမြင့်လဲ အရူးရင့်နေသူတွေမှာ
ကဗျာဆိုတာ ဘဝဖြစ်ဖို့ ထုဆစ်နေတဲ့ညတိုင်း
အိပ်မက်ကိုအိပ်မက်ထဲအထိသယ်ဆောင်ရင်း ။
ကဗျာဆရာဆိုတာနေ့တဓူဝ ကိုယ်ဝန်ဆောင်သည်
ရင်ဘတ်ထဲက စကားတွေဖွင့်အံသွန်ပြဖို့
မွေးဖွားခွင့်စောင့်နေသူတွေပါ ။
အဇ္ဇ
တနင့်တပိုးခံစားချက်တွေ
ရင်နဲ့အပြည့်လွယ်ပိုက်ထားရတဲ့
အဲဒီသူတွေဟာ စကားလုံးတွေမွေးဖွားရင်း
အလင်္ကာမြောက်ငိုကြွေးနေသူပေါ့ ။
ဘဝကိုကဗျာဆန်ဆန်အမြစ်တွယ်ဖို့ကြိုးစားပန်းစား
နေထိုင်ကျက်စားခဲ့ပေမဲ့
ကဗျာမဆန်စွာ ပျောက်ရှသွားခဲ့တဲ့နေဝင်ချိန်တွေအောက်
လမ်းပျောက်နေတတ်သူတွေပါ
တခါတရံ အိမ်ပြန်ဖို့တောင်မေ့နေတဲ့အထိ ။
ကိုယ်ချင်းစာတရားတွေနဲ့ ဝေမျှခဲ့တဲ့ တခုတလေအတွက်
မျှော်လင့်ချက်တွေ မထားတတ်ကြတဲ့သူတို့ဟာ
နွေးထွေးစွာ ပြုံးပြဖို့လဲ နှမျောတွန့်တိုမနေတတ်ပြန်ဘူး
နေမမြင့်လဲ အရူးရင့်နေသူတွေမှာ
ကဗျာဆိုတာ ဘဝဖြစ်ဖို့ ထုဆစ်နေတဲ့ညတိုင်း
အိပ်မက်ကိုအိပ်မက်ထဲအထိသယ်ဆောင်ရင်း ။
ကဗျာဆရာဆိုတာနေ့တဓူဝ ကိုယ်ဝန်ဆောင်သည်
ရင်ဘတ်ထဲက စကားတွေဖွင့်အံသွန်ပြဖို့
မွေးဖွားခွင့်စောင့်နေသူတွေပါ ။
အဇ္ဇ
Comments
Post a Comment