ပျံ သန်း​နေ​သောငှက်​က​လေးသို့(၂၉)
------------------------------------------------------------------------
မိုဃ်း​ဇော်

လင်​​ပျောက်​သွားတဲ့
ဆပ်​ပြာသည်​မ​လေးကိုလည်း
ငါ မ​​စော်​ကားမိခဲ့ဘူး။
ထမင်းငတ်​လို့
ကားမှတ်​တိုင်​နား ရပ်​မိကာမှ
လက်​ထိတ်​အခတ်​ခံလိုက်​ရတဲ့
ညဉ့်​ငှက်​မက​လေး​တွေကိုလည်း
ငါ မ​​စော်​ကားမိခဲ့ဘူး။
အလုပ်​သွားအလုပ်​ပြန်
ပင်​ပင်​ပန်းပန်း
မျ က်​နှာနွမ်းနွမ်းနဲ့​အလုပ်​သမလေး​တွေကိုလည်း
ငါ မ​​စော်​ကားမိခဲ့ဘူး။
လွတ်​လပ်​တဲ့ဘဝနဲ့
မိုးတိမ်​​တောင်​​တွေကြားထဲ
ပျံ သန်းသွားခဲ့သူ
မင်းအ​တောင်​ပံ​တွေကိုသာ
ငါပြစ်​မှားခဲ့ပါတယ်​။

Comments

Popular Posts