.တဆစ်ဆစ်စားနေတဲ့အသံ(မူရင်း)
1/1 . အသံတွေ ကျယ်လောင်လွန်းရဲ့  ။
2/1 .လက်တွေ့ ဘဝမှန် ဖြတ်သန်းမူထဲ
2/2 .စိမ့်ဝင်လှိုက်စားနေခဲ့တာ ။
1/1 .အသံတွေ ကျယ်လောင်လွန်းရဲ့  ။
3/1 .ကျယ်လောင်တဲ့ ပွဲတော်၊ဆူပွက်နေတဲ့ဂီတ၊စပီကာသံ
3/2 .ဆူညံတဲ့ ဟွန်း၊အင်ဂျင်စက်ပစ္စည်းတွေရဲ့ အသံ
3/3 .လူတိုင်းမကင်းနိုင်တဲ့ ဖုန်းခေါ်သံ၊ဝင်သံ၊ကလိသံ။
3/4 .ကာမအတွက် ရုန်းကန်နေတဲ့လူ့ အသိုက်အဝန်းဆီကပြိုကျလာသံ
3/5 .မိုးခြိမ်းသံ၊မိုင်းခွဲသံ၊ထုနှက်သံ၊ပေါက်ကွဲသံ။
3/6 .အသံ ။အသံတွေ ....
2/1 .လက်တွေ့ ဘဝမှန်ဖြတ်သန်းမူထဲ
2/1 .စိမ့်ဝင်လှိုက်စားနေခဲ့တာ
4/1 ."dB ဘယ်လောက်ရှိလဲ။"
4/2 .တုန်ဟီးပြေးဝင်လာမယ့် မျှားအစင်းပေါင်းများစွာ
4/3 .လျော့ချဟန့် တားဖို့ 
4/4 .သိမ်မွေ့ နုနယ်တဲ့ နားအတွင်းပိုင်း ဆဲလ်တွေဆီ
2/2 .စိမ့်ဝင်လှိုက်စားနေခဲ့တာ
3/6 .အသံ ။အသံတွေ
1/1 .အသံတွေ ကျယ်လောင်လွန်းရဲ့  ။
5/1 .နိုင်ငံတကာ၊မြို့ ပြ၊ကျေးလက်တောမကျန်ခံစားရတယ်
5/2 .အသံလေလှိုင်း ဥပဒေ ချမှတ်ရေးဆွဲသင့်လား
3/3 .လူတိုင်းမကင်းနိုင်တဲ့ဖုန်းခေါ်သံ၊ဝင်သံ၊ကလိသံ

3/1 .ကျယ်လောင်တဲ့ပွဲတော်၊ဆူပွက်နေတဲ့ဂီတ၊စပီကာသံ
3/6 .အသံတွေ ။အသံတွေ
3/2 .ဆူညံတဲ့ဟွန်း၊အင်ဂျင်စက်ပစ္စည်းတွေရဲ့ အသံ
4/3 .လျော့ချဟန့် တားဖို့ 
1/1 .အသံတွေ ကျယ်လောင်လွန်းရဲ့  ။
6/1 ."NIHL"
6/2 .သိရက်နဲ့ ထိခိုက်ခံရသလို။မသိပဲတိုက်ခိုက်ခံရတာတွေ
6/3 ."ဘာ,ဘာပြောလိုက်တယ်"ဆိုတာ အမြဲကြားနေရမယ် ။

6/4 .ဆံခြည်မျှင်အရွယ်နားတွင်းဆဲလ်16000ကိုပျက်ယွင်း
စေသတဲ့
7/1 .အန္တရာယ်တွေဝိုင်းရံထားသလို
7/2 .နားစည်ထဲ ရုတ်ချဉ်းတိုးဝင်ခဲ့ပြီ
2/1 .လက်တွေ့ ဘဝမှန်ဖြတ်သန်းမူထဲ
7/3 .ထက်မြေ့တဲ့ ဓါးလိုပြတ်ရှ
2/2 .စိမ့်ဝင်လှိုက်စားနေခဲ့တာ
7/4 .ပုန်းခိုရှောင်ဖယ်ကင်းလွတ်ရာမမြင်မိ
7/5 .ပင်း ကန်း အူ တဲ့ဘဝဆီ ခေါ်မြူ ခံနေရပြီ ။
မိုးရင့်
dB(Decibel)=နားအတွက်ဆူညံအဆင့်တိုင်းထွာရန်၊်dBဖြင့်တိုင်းထွာသည်။
NIGL(Noige Induced Hearing Loss) =ဆူညံ သံကြောင့် သောတအာရုံချွတ်ယွင်းခြင်း(သို့)နားထိုင်းခြင်း ။

Comments
Post a Comment