**မှတ်စု **
ငါဟာမြေနိမ့်လွင်ပြင်ဆိုရင်တောင်မှ
လှံလာမစိုက်ကြနဲ့
ဘဝဆိုတာ အခွင့်အရေးများစွာအတွက်
အခွင့်အရေးတခုပဲ
ကိုယ်ယုံကြည်ရာ စွဲမြဲဆုပ်ကိုင်ထားဖို့
ဘောင်မလိုဘူး
ကိုယ့်သတ်မှတ်ချက်ဟာ ကိုယ့်ဥပဒေသ
လွတ်လပ်တဲ့ညဟာ
လွတ်မြောက်ကဗျာတပုဒ်ကိုရေးတယ်
တိမ်တွေရဲ့ အရွေ့ကိုတိုင်းတာဖို့
စိတ်ကိုဆန့်ထုတ် ရှည်လျားစေခဲ့တယ်ဆို
စိတ်ဟာစိတ်ကို မမိတဲ့ အတိုင်းမသိအမှောင် ရဲ့နယ်လွန်အလင်း
အစက်အပြောက်တို့ ကြဲဖြန့်ရာ
သိမှုအာရုံတို့ ပြိုးပြက်လင်းလက် နေတဲ့
ဟင်းလင်းပြင်ရဲ့ မပီဝိုးတဝါး အနားသတ်
ခြေလှမ်းတိုင်းမှာ ခြေရာထင်ဖို့
အားစိုက်လျှောက်လှမ်းနေတဲ့
မနက်ဖြန်များစွာ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့
ဒီနေ့ဟာ အမည်နာမ…
ဒီနေ့ဟာ ခရီးအစ…
ခံစားမှုအာရုံထဲက လွတ်ကျမသွားဖို့ကို
ဒီနေ့ဟာ ဖမ်းဆုပ်ထားတယ်
အဇ္ဈတ္တ အရောင်တွေ တောက်ပလာဖို့
ဒီနေ့မှာ အရာရာကိုလွှတ်ချထားတယ်
ငြိမ်းအေးမှု လွတ်မြောက်မှုတွေနဲ့
သီးသန့် ကမ္ဘာကိုတည်ဆောက်နေရင်း
နှလုံးသားကိုဖြူစင်နေခွင့်ပြုပါ ။ ။
အဇ္ဇ
16 March 2017
** အသွင်တူ ပြောင်းလဲခြင်း**
----------------------------------------------
သူငယ်ချင်း…
မင်းနဲ့ငါ့ အကြားမှာ အတားဆီးမဲ့သံယောဇဉ်တွေနဲ့
ငါတို့… ခင်မင်ခဲ့ကြတယ် ။
မင်ရင်ဘတ်ထဲက ဒဏ်ရာတွေကို
ငါ့ရင်ဘတ်ထဲ ကူးထည့်ခံစားလို့
ငါတို့ရဲ့ စိတ်ကူးနေ့ရက်တွေကို
ဆေးစက်ချ ပုံဖော်ခဲ့ဖူးတယ် ။
ရယ်စရာတွေ ပြောကြရင်း
နာကျင်ကြေကွဲခြင်းတွေ မေ့ဖျောက်လို့
ကောင်းခြင်း ဆိုးခြင်း
ဆင်းရဲ ချမ်းသာ အတူမျှဝေထမ်းပိုးခဲ့တဲ့
နေ့ရက်တွေမှာ နောင်တမရကြေးပေါ့ ။
မင်းလဲကဗျာတွေ ရေးတယ်
ငါလဲ ကဗျာဆန်ဆန်တွေးတယ်
ဒီလိုနဲ့ တို့တွေ ဘဝအပူက
တစ်ရာဒီဂရီအောက်မဆင်းဘူး ။
အဲဒီ အပူပိုင်းဇုံမှာ
နွေဦးပန်းတွေ တဖျန်းဖျန်းပွင့်ဝေတုန်းက
မင်းနဲ့ငါ ကတုံးတွေ ဖြစ်ခဲ့ကြတယ်ပေါ့ ။
(ဆိုးဖော် ပေဖက် သူငယ်ချင်းတယောက်အတွက် အမှတ်တရ)
အဇ္ဇ
အဟောင်းလေးတပုဒ်ပြန်ယူလာပြီ…
** အလေ့ကျပေါက်ပင်**
------------------------------------------
အိပ်မက်များထဲ ကြေကွဲရင်း
စိတ်ကူးများထဲ မျောလွင့်ရင်း
နာကျင်မှုများထဲ ကူးခပ်ရင်း
စကားလုံးများထဲ ရုန်းကန်ရင်း
မျက်လုံးများအောက် ရှောင်ဖယ်ရင်း
လက်ညှိုးများရှေ့ ခေါင်းငုံ့ခြေစုံရပ်ရင်း
အမှောင်ထုထဲ ပျော်မွေ့ရင်း
အာရုဏ်ဦးကို တမ်းတရင်း
မေတ္တာတရားများ ဖြန့်ကျက်ရင်း
လေပြည်များနဲ့ ကြည်းနူးရင်း
မုန်တိုင်းတွေကို ကြိုဆိုရင်း
ရွက်ကြွေကိုင်းပေါ် နားခိုရင်း
နှင်းမှုန်များထဲ ငြိမ်သက်ရင်း
တိမ်တွေနဲ့အတူ ပျံသန်းရင်း
အိုးမဲ့အိမ်မဲ့ လွပ်လပ်နေရင်း
မာနတရားတွေ စားသုံးရင်း
သက္ကရာဇ်ပြတင်းကို ဖွင့်ကြည့်ရင်း
သံဝေဂတရားတွေ ဆင်ခြင်ရင်း
လက္ခဏာရေးသုံးပါးကို ရှုမှတ်နေရင်း
အဖြူရောင်ဆံပင်တွေ ပွတ်သပ်ရင်း
အမည်မသိတေးတပုဒ်ကို ဆိုညည်းရင်း
ငါ့ကိုယ်ငါ ရစ်ပတ်နွယ်တက်ရင်း
ငါဟာ… အတ္တနဲ့ခုတ်မောင်းနေတဲ့ ရထားတစင်းပေါ့ ။ ။
အဇ္ဇ
ငါဟာမြေနိမ့်လွင်ပြင်ဆိုရင်တောင်မှ
လှံလာမစိုက်ကြနဲ့
ဘဝဆိုတာ အခွင့်အရေးများစွာအတွက်
အခွင့်အရေးတခုပဲ
ကိုယ်ယုံကြည်ရာ စွဲမြဲဆုပ်ကိုင်ထားဖို့
ဘောင်မလိုဘူး
ကိုယ့်သတ်မှတ်ချက်ဟာ ကိုယ့်ဥပဒေသ
လွတ်လပ်တဲ့ညဟာ
လွတ်မြောက်ကဗျာတပုဒ်ကိုရေးတယ်
တိမ်တွေရဲ့ အရွေ့ကိုတိုင်းတာဖို့
စိတ်ကိုဆန့်ထုတ် ရှည်လျားစေခဲ့တယ်ဆို
စိတ်ဟာစိတ်ကို မမိတဲ့ အတိုင်းမသိအမှောင် ရဲ့နယ်လွန်အလင်း
အစက်အပြောက်တို့ ကြဲဖြန့်ရာ
သိမှုအာရုံတို့ ပြိုးပြက်လင်းလက် နေတဲ့
ဟင်းလင်းပြင်ရဲ့ မပီဝိုးတဝါး အနားသတ်
ခြေလှမ်းတိုင်းမှာ ခြေရာထင်ဖို့
အားစိုက်လျှောက်လှမ်းနေတဲ့
မနက်ဖြန်များစွာ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့
ဒီနေ့ဟာ အမည်နာမ…
ဒီနေ့ဟာ ခရီးအစ…
ခံစားမှုအာရုံထဲက လွတ်ကျမသွားဖို့ကို
ဒီနေ့ဟာ ဖမ်းဆုပ်ထားတယ်
အဇ္ဈတ္တ အရောင်တွေ တောက်ပလာဖို့
ဒီနေ့မှာ အရာရာကိုလွှတ်ချထားတယ်
ငြိမ်းအေးမှု လွတ်မြောက်မှုတွေနဲ့
သီးသန့် ကမ္ဘာကိုတည်ဆောက်နေရင်း
နှလုံးသားကိုဖြူစင်နေခွင့်ပြုပါ ။ ။
အဇ္ဇ
16 March 2017
** အသွင်တူ ပြောင်းလဲခြင်း**
----------------------------------------------
သူငယ်ချင်း…
မင်းနဲ့ငါ့ အကြားမှာ အတားဆီးမဲ့သံယောဇဉ်တွေနဲ့
ငါတို့… ခင်မင်ခဲ့ကြတယ် ။
မင်ရင်ဘတ်ထဲက ဒဏ်ရာတွေကို
ငါ့ရင်ဘတ်ထဲ ကူးထည့်ခံစားလို့
ငါတို့ရဲ့ စိတ်ကူးနေ့ရက်တွေကို
ဆေးစက်ချ ပုံဖော်ခဲ့ဖူးတယ် ။
ရယ်စရာတွေ ပြောကြရင်း
နာကျင်ကြေကွဲခြင်းတွေ မေ့ဖျောက်လို့
ကောင်းခြင်း ဆိုးခြင်း
ဆင်းရဲ ချမ်းသာ အတူမျှဝေထမ်းပိုးခဲ့တဲ့
နေ့ရက်တွေမှာ နောင်တမရကြေးပေါ့ ။
မင်းလဲကဗျာတွေ ရေးတယ်
ငါလဲ ကဗျာဆန်ဆန်တွေးတယ်
ဒီလိုနဲ့ တို့တွေ ဘဝအပူက
တစ်ရာဒီဂရီအောက်မဆင်းဘူး ။
အဲဒီ အပူပိုင်းဇုံမှာ
နွေဦးပန်းတွေ တဖျန်းဖျန်းပွင့်ဝေတုန်းက
မင်းနဲ့ငါ ကတုံးတွေ ဖြစ်ခဲ့ကြတယ်ပေါ့ ။
(ဆိုးဖော် ပေဖက် သူငယ်ချင်းတယောက်အတွက် အမှတ်တရ)
အဇ္ဇ
အဟောင်းလေးတပုဒ်ပြန်ယူလာပြီ…
** အလေ့ကျပေါက်ပင်**
------------------------------------------
အိပ်မက်များထဲ ကြေကွဲရင်း
စိတ်ကူးများထဲ မျောလွင့်ရင်း
နာကျင်မှုများထဲ ကူးခပ်ရင်း
စကားလုံးများထဲ ရုန်းကန်ရင်း
မျက်လုံးများအောက် ရှောင်ဖယ်ရင်း
လက်ညှိုးများရှေ့ ခေါင်းငုံ့ခြေစုံရပ်ရင်း
အမှောင်ထုထဲ ပျော်မွေ့ရင်း
အာရုဏ်ဦးကို တမ်းတရင်း
မေတ္တာတရားများ ဖြန့်ကျက်ရင်း
လေပြည်များနဲ့ ကြည်းနူးရင်း
မုန်တိုင်းတွေကို ကြိုဆိုရင်း
ရွက်ကြွေကိုင်းပေါ် နားခိုရင်း
နှင်းမှုန်များထဲ ငြိမ်သက်ရင်း
တိမ်တွေနဲ့အတူ ပျံသန်းရင်း
အိုးမဲ့အိမ်မဲ့ လွပ်လပ်နေရင်း
မာနတရားတွေ စားသုံးရင်း
သက္ကရာဇ်ပြတင်းကို ဖွင့်ကြည့်ရင်း
သံဝေဂတရားတွေ ဆင်ခြင်ရင်း
လက္ခဏာရေးသုံးပါးကို ရှုမှတ်နေရင်း
အဖြူရောင်ဆံပင်တွေ ပွတ်သပ်ရင်း
အမည်မသိတေးတပုဒ်ကို ဆိုညည်းရင်း
ငါ့ကိုယ်ငါ ရစ်ပတ်နွယ်တက်ရင်း
ငါဟာ… အတ္တနဲ့ခုတ်မောင်းနေတဲ့ ရထားတစင်းပေါ့ ။ ။
အဇ္ဇ
Comments
Post a Comment