ရူးနေတဲ့ မြစ်
__________________ အဇ္ဇ
ငါဟာ အရှိန်ဟုန်ပြင်းပြင်း ပင်လယ်ဆီ
ကဆုန်ပေါက်စီးဆင်းနေတဲ့ မြစ်
နာကျင်ဒေါသတွေတလိမ့်လိမ့် သယ်ဆောင်ရာ
တိုက်စားသယ်ဆောင်ခွင့်မရှိပေမဲ့
ပို့ချအနည်ထိုင်ခွင့်လည်းမရတဲ့ လမ်းမှာ
ကျောက်ဆောင်ကျောက်သားများစွာကို
ပွတ်တိုက်စီးမျောရင်း
ရင်ဘတ်မှာသွေးအလိမ်းလိမ်း
ကိုယ်တိုင်ထိမ်းသိမ်းဖို့ခွန်အားကိုဆုံးရှုံးခဲ့ပြီး
ဟန်ဆောင်ရယ်မောခြင်းတွေတောက်လောင်နေတဲ့
မြို့ရွာတွေနားမှာ ငါ မရပ်မနား
ကြယ်တွေကိုရေတွက်ရင်း
ညတွေထဲမှာ ငြိမ့်ငြိမ့်အေးအေး
တံငါသည်တွေနဲ့ နွေးနွေးထွေးထွေး
တောင်ပြာတွေရဲ့ဘေးမှာ ဖြည်းဖြည်းဆေးဆေး
ငါ့ရင်ဘတ်ထဲကခပ်ထုတ်သွားသူတွေ
ရင်ဘတ်ထဲပြန်လည်သွန်ထည့်သူများနဲ့
ပြိုဆင်းလာတဲ့ မြေသားစိုင်တွေငါမငြိုငြင်ဘူး
ပင်လယ်နဲ့နီးလာလေ ငါဝမ်းနည်းလေ
လည်ပြန်ငေးမိတိုင်း
အစပြုရာလမ်းကလေး ဝေးသီမှုန်ပျ
ရူးသွပ်နေတဲ့ ဂီတတွေနဲ့ကောင်းကင်ကိုမျှားခဲ့တယ်
ကြယ်တွေရင်ဘတ်ထဲသိမ်းထားချင်လို့
မြစ်ဟာမငိုကြွေးဖူးဘူး
မြစ်ဟာမရယ်မောဖူးဘူး
ရင်ခုန်သံတွေကျယ်လောင်ပြင်းပြဖူးတာဝန်ခံတယ်
ဒါပေမဲ့ မချစ်တတ်ခဲ့တာ ရူးနေလို့ပဲ ။ ။
* အိမ်ပြန်တေး *
ငါ့ရဲ့…
အိမ်အပြန်တေးဟာ
ဆွေးမြေ့ကြေကွဲရိပ်မသမ်းဘူး ။
ပျော်ရွှင်ကြည်နူးဖွယ်တေးသွားလဲမဟုတ်ခဲ့ဘူး
အေးစက်မာကျောနေတဲ့စိတ်နဲ့
ကျောပိုးအိတ်တလုံး စာနာကျင်မှု
ခါးသီးဒဏ်ရာဗရပွနဲ့ ဂျင်းဘောင်းဘီတထည်သာ။
ငါ့အိမ်ပြန်လမ်းမှာ
ကြိုဆိုသူ ဝမ်းမြောက်စကားဆိုသူမရှိဘူး
လမ်းထဲကအမြီးနှံ့ပြီး စူးစမ်းနေတဲ့
ခွေးတွေနဲ့ ပြူးးကြောင်ကြောင်ကလေးငယ်များသာ ။
ဆွေးမြေ့ခြံတံခါးဝမှာ
အမေဟာအရင်လိုဝမ်းမြောက်စွာ
မကြိုနိုင်တော့ဘူး
မြက်ပင်ရိုင်းတွေမင်းမူနေတဲ့လမ်းကလေး
အဖေစိုက်ပျိုးခဲ့တဲ့ အပင်အိုများနဲ့
အမေ့ရဲ့ခြောက်ကပ်ကပ်ချောင်းဆိုးသံများသာ ။
နောင်တတရားနဲ့နာကျင်မှုက
ရင်ဘတ်ကိုတင်းကျပ်စေတယ်
အသက်ရှုမဝတဲ့ဝေဒနာနဲ့
လဲပြိုကျလုလု စိတ်များ
အဲဒါ ငါ့ရဲ့အိမ်အပြန် တေးပဲ ။ ။
အဇ္ဇ
** အာဖရိက **
အသားအရောင်မဲတယ်
ဆင်းရဲမွဲတေမှုနဲ့ အငတ်ဘေးဟာ
နေသားတကျဖြစ်တည်နေတဲ့ ကဗျာတပုဒ်လို
သဘာဝကိုက ကြုံရာကျပန်းရှင်သန်ပေါက်ရောက်ရာ
ငါတို့ချမ်းသာတယ်
ငါတို့ ဆင်းရဲတယ်
အဖြူအမဲ မသဲကွဲပေမဲ့
လူဖြူလူမဲခွဲနေကြတယ်
ဒါပေမဲ့
ငါတို့ချမ်းသာတယ်
ငါတို့ ဆင်းရဲတယ်
ဖိနှိပ်ခြင်းကိုအံတုရဲဖို့ ဖိနှိပ်ခံရင်း
တော်လှန်ရေးကို မွေးမြူခဲ့တယ်
ငါတို့ လွပ်လပ်တယ်
ငါတို့ ဖိနှိပ်ခံနေတယ်
သမိုင်းထဲမှာ အသားမဲတဲ့သွေးနီတွေ
အဖြူရောင်စာနာမှုနဲ့
ကြီုးစားရုန်းကန်နေတဲ့ မြေ
ငါတို့စိုက်ခဲ့တယ်
ငါတို့ အငတ်ဘေးကို ရိတ်သိမ်းခွင့်ရာသီလုံလောက်ဖို့
စိမ်းမြတဲ့သစ်တောတွေ
ငါတို့ပိုင်တယ်
ဒါကြောင့်ငါတို့ချမ်းသာတယ်
ဒါပေမဲ့ ငါတို့ဆင်းရဲတယ်
ဖြူဖွေးတောက်ပတဲ့ကမ္ဘာကျော်သယံဇာတတွေ
ငါတို့ပိုင်တယ် ဒါကြောင့်ငါတို့ချမ်းသာတယ်
ဒါါပေမဲ့ ငါတို့ဆင်းရဲတယ်
ရိုးရာတေးကို ငါတို့ဆိုတယ်
ရိုးရာအကကိုငါတို့ ကတယ်
ငါတို့ ချမ်းသာတယ်
ငါတို့ဆင်းရဲနေတယ် ။ ။
IZZA
ဒီမိုကရေစီ
_______________________
စကားလုံးအချို့ကိုခောတ်ရောဂါတခုလို
နာတာရှည်နေတတ်တဲ့ ကဗျာဆရာနဲ့
တော်လှန်ရေးဆိုတာကိုဖုတ်တခါခါ
နေတပြပြ ခောတ်ဟောင်းမျိုးဆက်သစ်တို့
ပူးပေါင်းကြံစည်မှုက လူ့ပတ်ဝန်းကျင်ကို
အအေးမိစေခဲ့တယ်
ခင်ဗျားတို့သိလား …
အမြဲတမ်းတော်လှန်သူ ဟာ အမြဲတမ်းအာဏာရှင်တွေပဲဆိုတာ
ဖိနပ်မပါပဲလမ်းလျှောက်ဖူးတာလောက်က
ဘဝနဲ့ချီပြီးပြောပြနေစရာ ပုံပြင်မဟုတ်ဘူးဗျ
ကီးနဲ့တိုင်ပင်သာပြောင်းပြီး
စာသားမပြောင်းတဲ့သီချင်းကိုပဲ
ဆေးပြင်းတိုက်နေကြတုန်း ချွေးထုတ်ကောင်းနေကြတုန်း ခောတ်လေ
သမိုင်းကိုသင်ခန်းစာယူပြောင်းဖို့ထက်
အသက်သွင်းမန္ထာန်ကိုပဲရွတ်ရွတ်နေကြတဲ့
ပညာရှိတွေကြားမှာ
ရိုးသားသူများ အန္တရာယ်ကင်းပါစေ ။
အဇ္ဇ
* ဇာတိမြို့*
အဲဒီမြို့ထဲက စိတ်တွေကိုမျှားဖို့
ပင်လယ်မှာ ကဆုန်ပေါက်ဖူးပွင့်လာတဲ့လှိုင်းတွေလို ဆူညံလျက်…
အခွံသက်သက်ရုပ်ကြွင်းတခုရဲ့
လှောင်ပြောင်ရယ်မောသံအဆုံးမှာ
ကမ္ဘာမြေတိမ်းစောင်းခြင်း လည်ပတ်ရင်း ၂၄ နာရီ…
မသေချာဘူး…
မြစ်တစင်းရဲ့အတ္ထုပ္ပတ္တိကိုဖတ်ခဲ့သလားဆိုတာ
မြို့ရဲ့အသံထွက်ကအတက်အဆင်းများတယ်
ပြန်မရနိုင်တော့မဲ့ ငယ်အိပ်မက်တွေထဲ
ဖြူစင်မှုလေးကျပျောက်သွားခဲ့ဖူး
မြို့ကိုမျှားလို့မရတာသေချာပြီဆိုမှ
အစာသွပ်အပြုံးတွေ ခူးဆွတ်ကြရုံ ။
အဇ္ဇ
__________________ အဇ္ဇ
ငါဟာ အရှိန်ဟုန်ပြင်းပြင်း ပင်လယ်ဆီ
ကဆုန်ပေါက်စီးဆင်းနေတဲ့ မြစ်
နာကျင်ဒေါသတွေတလိမ့်လိမ့် သယ်ဆောင်ရာ
တိုက်စားသယ်ဆောင်ခွင့်မရှိပေမဲ့
ပို့ချအနည်ထိုင်ခွင့်လည်းမရတဲ့ လမ်းမှာ
ကျောက်ဆောင်ကျောက်သားများစွာကို
ပွတ်တိုက်စီးမျောရင်း
ရင်ဘတ်မှာသွေးအလိမ်းလိမ်း
ကိုယ်တိုင်ထိမ်းသိမ်းဖို့ခွန်အားကိုဆုံးရှုံးခဲ့ပြီး
ဟန်ဆောင်ရယ်မောခြင်းတွေတောက်လောင်နေတဲ့
မြို့ရွာတွေနားမှာ ငါ မရပ်မနား
ကြယ်တွေကိုရေတွက်ရင်း
ညတွေထဲမှာ ငြိမ့်ငြိမ့်အေးအေး
တံငါသည်တွေနဲ့ နွေးနွေးထွေးထွေး
တောင်ပြာတွေရဲ့ဘေးမှာ ဖြည်းဖြည်းဆေးဆေး
ငါ့ရင်ဘတ်ထဲကခပ်ထုတ်သွားသူတွေ
ရင်ဘတ်ထဲပြန်လည်သွန်ထည့်သူများနဲ့
ပြိုဆင်းလာတဲ့ မြေသားစိုင်တွေငါမငြိုငြင်ဘူး
ပင်လယ်နဲ့နီးလာလေ ငါဝမ်းနည်းလေ
လည်ပြန်ငေးမိတိုင်း
အစပြုရာလမ်းကလေး ဝေးသီမှုန်ပျ
ရူးသွပ်နေတဲ့ ဂီတတွေနဲ့ကောင်းကင်ကိုမျှားခဲ့တယ်
ကြယ်တွေရင်ဘတ်ထဲသိမ်းထားချင်လို့
မြစ်ဟာမငိုကြွေးဖူးဘူး
မြစ်ဟာမရယ်မောဖူးဘူး
ရင်ခုန်သံတွေကျယ်လောင်ပြင်းပြဖူးတာဝန်ခံတယ်
ဒါပေမဲ့ မချစ်တတ်ခဲ့တာ ရူးနေလို့ပဲ ။ ။
* အိမ်ပြန်တေး *
ငါ့ရဲ့…
အိမ်အပြန်တေးဟာ
ဆွေးမြေ့ကြေကွဲရိပ်မသမ်းဘူး ။
ပျော်ရွှင်ကြည်နူးဖွယ်တေးသွားလဲမဟုတ်ခဲ့ဘူး
အေးစက်မာကျောနေတဲ့စိတ်နဲ့
ကျောပိုးအိတ်တလုံး စာနာကျင်မှု
ခါးသီးဒဏ်ရာဗရပွနဲ့ ဂျင်းဘောင်းဘီတထည်သာ။
ငါ့အိမ်ပြန်လမ်းမှာ
ကြိုဆိုသူ ဝမ်းမြောက်စကားဆိုသူမရှိဘူး
လမ်းထဲကအမြီးနှံ့ပြီး စူးစမ်းနေတဲ့
ခွေးတွေနဲ့ ပြူးးကြောင်ကြောင်ကလေးငယ်များသာ ။
ဆွေးမြေ့ခြံတံခါးဝမှာ
အမေဟာအရင်လိုဝမ်းမြောက်စွာ
မကြိုနိုင်တော့ဘူး
မြက်ပင်ရိုင်းတွေမင်းမူနေတဲ့လမ်းကလေး
အဖေစိုက်ပျိုးခဲ့တဲ့ အပင်အိုများနဲ့
အမေ့ရဲ့ခြောက်ကပ်ကပ်ချောင်းဆိုးသံများသာ ။
နောင်တတရားနဲ့နာကျင်မှုက
ရင်ဘတ်ကိုတင်းကျပ်စေတယ်
အသက်ရှုမဝတဲ့ဝေဒနာနဲ့
လဲပြိုကျလုလု စိတ်များ
အဲဒါ ငါ့ရဲ့အိမ်အပြန် တေးပဲ ။ ။
အဇ္ဇ
** အာဖရိက **
အသားအရောင်မဲတယ်
ဆင်းရဲမွဲတေမှုနဲ့ အငတ်ဘေးဟာ
နေသားတကျဖြစ်တည်နေတဲ့ ကဗျာတပုဒ်လို
သဘာဝကိုက ကြုံရာကျပန်းရှင်သန်ပေါက်ရောက်ရာ
ငါတို့ချမ်းသာတယ်
ငါတို့ ဆင်းရဲတယ်
အဖြူအမဲ မသဲကွဲပေမဲ့
လူဖြူလူမဲခွဲနေကြတယ်
ဒါပေမဲ့
ငါတို့ချမ်းသာတယ်
ငါတို့ ဆင်းရဲတယ်
ဖိနှိပ်ခြင်းကိုအံတုရဲဖို့ ဖိနှိပ်ခံရင်း
တော်လှန်ရေးကို မွေးမြူခဲ့တယ်
ငါတို့ လွပ်လပ်တယ်
ငါတို့ ဖိနှိပ်ခံနေတယ်
သမိုင်းထဲမှာ အသားမဲတဲ့သွေးနီတွေ
အဖြူရောင်စာနာမှုနဲ့
ကြီုးစားရုန်းကန်နေတဲ့ မြေ
ငါတို့စိုက်ခဲ့တယ်
ငါတို့ အငတ်ဘေးကို ရိတ်သိမ်းခွင့်ရာသီလုံလောက်ဖို့
စိမ်းမြတဲ့သစ်တောတွေ
ငါတို့ပိုင်တယ်
ဒါကြောင့်ငါတို့ချမ်းသာတယ်
ဒါပေမဲ့ ငါတို့ဆင်းရဲတယ်
ဖြူဖွေးတောက်ပတဲ့ကမ္ဘာကျော်သယံဇာတတွေ
ငါတို့ပိုင်တယ် ဒါကြောင့်ငါတို့ချမ်းသာတယ်
ဒါါပေမဲ့ ငါတို့ဆင်းရဲတယ်
ရိုးရာတေးကို ငါတို့ဆိုတယ်
ရိုးရာအကကိုငါတို့ ကတယ်
ငါတို့ ချမ်းသာတယ်
ငါတို့ဆင်းရဲနေတယ် ။ ။
IZZA
ဒီမိုကရေစီ
_______________________
စကားလုံးအချို့ကိုခောတ်ရောဂါတခုလို
နာတာရှည်နေတတ်တဲ့ ကဗျာဆရာနဲ့
တော်လှန်ရေးဆိုတာကိုဖုတ်တခါခါ
နေတပြပြ ခောတ်ဟောင်းမျိုးဆက်သစ်တို့
ပူးပေါင်းကြံစည်မှုက လူ့ပတ်ဝန်းကျင်ကို
အအေးမိစေခဲ့တယ်
ခင်ဗျားတို့သိလား …
အမြဲတမ်းတော်လှန်သူ ဟာ အမြဲတမ်းအာဏာရှင်တွေပဲဆိုတာ
ဖိနပ်မပါပဲလမ်းလျှောက်ဖူးတာလောက်က
ဘဝနဲ့ချီပြီးပြောပြနေစရာ ပုံပြင်မဟုတ်ဘူးဗျ
ကီးနဲ့တိုင်ပင်သာပြောင်းပြီး
စာသားမပြောင်းတဲ့သီချင်းကိုပဲ
ဆေးပြင်းတိုက်နေကြတုန်း ချွေးထုတ်ကောင်းနေကြတုန်း ခောတ်လေ
သမိုင်းကိုသင်ခန်းစာယူပြောင်းဖို့ထက်
အသက်သွင်းမန္ထာန်ကိုပဲရွတ်ရွတ်နေကြတဲ့
ပညာရှိတွေကြားမှာ
ရိုးသားသူများ အန္တရာယ်ကင်းပါစေ ။
အဇ္ဇ
* ဇာတိမြို့*
အဲဒီမြို့ထဲက စိတ်တွေကိုမျှားဖို့
ပင်လယ်မှာ ကဆုန်ပေါက်ဖူးပွင့်လာတဲ့လှိုင်းတွေလို ဆူညံလျက်…
အခွံသက်သက်ရုပ်ကြွင်းတခုရဲ့
လှောင်ပြောင်ရယ်မောသံအဆုံးမှာ
ကမ္ဘာမြေတိမ်းစောင်းခြင်း လည်ပတ်ရင်း ၂၄ နာရီ…
မသေချာဘူး…
မြစ်တစင်းရဲ့အတ္ထုပ္ပတ္တိကိုဖတ်ခဲ့သလားဆိုတာ
မြို့ရဲ့အသံထွက်ကအတက်အဆင်းများတယ်
ပြန်မရနိုင်တော့မဲ့ ငယ်အိပ်မက်တွေထဲ
ဖြူစင်မှုလေးကျပျောက်သွားခဲ့ဖူး
မြို့ကိုမျှားလို့မရတာသေချာပြီဆိုမှ
အစာသွပ်အပြုံးတွေ ခူးဆွတ်ကြရုံ ။
အဇ္ဇ
Comments
Post a Comment