**ပြန်လည်တည်းဖြတ်ခြင်း**
ပြန်လည်တည်းဖြတ်ထားတဲ့
အဲဒီဇာတ်ဝင်ခန်းအသစ်မှာ..
ဇာတ်နာအောင်ဖန်တီးထားတဲ့
အလွမ်းမျက်ရည်တွေနဲ့
ဗီလိန်တယောက်ရဲ့ယုတ်မာမှုတွေပါတယ်။
အဲဒီဇာတ်ဝင်ခန်းအသစ်မှာ...
အားမတန်လို့မာန်ချ
ဆံမြိတ်ပြေပြီး ပန်းကြွေခဲ့တဲ့ညပါတယ်။
လူပါးပုလင်းထိပုံပြင်ရယ်
မြင်းတကောင်နဲ့ သားအဖနှစ်ယောက်အကြောင်း
ပါကောင်းပါနိုင်တယ်။
ကျွန်တော်မကြည့်ဖြစ်လိုက်တဲ့
အဲဒီ..ဇာတ်ဝင်ခန်းမှာ
ပုဆိုးခြုံထဲကလက်သီးပုန်းသိုင်းကွက်နဲ့
နောက်ကျောကိုချိန်ရွယ်ထားတဲ့
မီးလျံဓားအစင်းပေါင်းများစွာလည်း
ဖြတ်ကနဲ ဖြတ်ကနဲတရှဲရှဲလက်လို့
မှော်ဆရာရဲ့သင်ရိုးညွှန်းတမ်းမှာ
ကျွန်တော်တို့နားမလည်တဲ့ဂါထာတွေနဲ့
မြင့်မိုရ်တောင်ကိုပေါက်မဲ့ဇီးစေ့တွေ
ပါလိမ့်ဦးမယ်ပေါ့။
IZZA
New edition
ဖေဖော်ဝါရီကြယ် (၁)
JULY ခင်ဗျားရဲ့မျက်ရည်နဲ့
တနိုင်ငံလုံး စွတ်စိုနေပြီ ။
လွမ်းဆွတ်မှုက ရင်တနင့်နင့်
ရင်ဘတ်ပေါ်က သွေးရောင်ပန်းပွင့်တွေ
ဒါ ဘာကြောင့်ပွင့်ခွင့်ဝေခွင့်ရသွားတာလဲ
ဖေဖော်ဝါရီ ခင်ဗျားမွေးဖွားလိုက်တဲ့ကြယ်
ဇူလိုင်ရဲ့ရင်ဘတ်ထဲမှာကြွေသွားပြီ ။
အဇ္ဇ
ဖော်ဝါရီကြယ် (၂)
ဇူလိုင် တစ်ဆယ့်ကိုးဟာ
လွမ်းပြနေရုံသက်သက်အတွက်နေ့မဟုတ်ဘူး
နာကျည်းနေဖို့အတွက် အာဃာတလဲမထားသင့်ဘူး
အတိတ်ကိုပြန်လည်သတိယပြီး
အရိပ်တွေ ထပ်မမည်းရအောင်ပြင်ဖို့
အစဉ်အမြဲ သတိရှိနေစေရမယ် ။
သူတို့တွေရဲ့နာကျင်မှုနဲ့
ငါတို့ ငြိမ်းချမ်းခဲ့တယ်
ဒါကြောင့် ငါတို့မညာသင့်ဘူး ။
သူတို့တွေရဲ့သွေးကြောင့်
ငါတို့ အေးချမ်းခဲ့တယ်
ဒါကြောင့်မို့ ငါတို့ကြိုးစားရမယ် ။
ကြယ်ဆိုတာလမ်းပြဖို့မွေးဖွားတယ် ။
အဇ္ဇ
တစုံတရာကိုမက်မောနေတဲ့အိပ်မက်
__________________________
အကယ်၍များ…
ဖြစ်ခွင့်ရှိလျင်
လွပ်လပ်တဲ့စိတ်အလျင်မှာ
ဟန်ဆောင်မှုမပါတဲ့အပြုံးများစွာ
ဖူးပွင့်ချင်တယ် ။
အပြစ်မကင်းပေမဲ့
ရိုးသားတဲ့စကားလုံးများစွာ
စိုက်ပျိုးခွင့်အတွက်
ရင်ဘတ်ထဲ ရှင်းသန့်ထားချင်တယ် ။
အကယ်၍များ…
အမှန်တကယ်ဖြစ်ခွင့်ရခဲ့မယ်ဆိုလျင်
ချုပ်နှောင်မှုကင်းတဲ့ ချစ်ခြင်းတွေနဲ့
အဖြူရောင်သီချင်းတွေ ဟစ်ကြွေးနေချင်တယ် ။
စိမ်းမြတဲ့မြက်ခင်းတွေပေါ်
ခြေဗလာလျှောက်သွားရင်း
အစီစဉ်တကျမဟုတ်တဲ့ ပုံပြင်တွေပြောမယ်
လူတွေမရှိတဲ့ အရပ်မှာပေါ့ ။
အကယ်၍များ…
ဖြစ်ခွင့်ရလျင်
ဝမ်းနည်းတဲ့အခါငိုကြွေးဖို့
မျက်ရည်တွေစုထားမယ် ။
အမြဲတမ်းပျော်ရွှင်နိုင်ဖို့
သစ်ပင်တွေနဲ့စကားပြောမယ်
အိပ်မက်တွေစုဆောင်းထားဖို့
ဝတ်စုံအဟောင်းရဲ့အိပ်ကပ်တွေကို
လက်ဖဝါးနဲ့ဖိကပ်ထားမယ်
ရင်ဘတ်နဲ့တသားတည်းဖြစ်တဲ့အထိ ။ ။
အဇ္ဇ
အမှောင်မှာစွတ်စိုသွားတဲ့မျက်ဝန်းများ
__________________________
အတွေ့တခုအတွက်
ချွေးနဲ့ရင်းနှီးထားတဲ့ငွေကြေးတွေကို
လူမမြင်သူမမြင် အလဲအထပ်ပြုခဲ့တယ်
အပေးအယူမျှဖို့ ဟန်ဆောင်ကောင်းတဲ့
ညများစွာဟာ ဂီတသံတချို့နဲ့
ဖျားယောင်းဟန်ဆောင်ရင်း
ဘဝများစွာရဲ့ မိသားစုတွေအတွက်
မလောက်မငဝေမျှနိုင်ဖို့
ညဟာ မိတ်ကပ်အဖွေးသားပေါင်တံဖြူဖြူ
ပုရိသတွေရဲ့ ချွေးနဲစာတွေကိုမျှားရင်း
ငါးစာတွေလုံးပါးပါးနေတုန်း
မာယာတွေမွေးမြူထားတဲ့အခန်းကျဉ်းထဲက
ရယ်မောနေတဲ့ အငိုမျက်လုံးများရီဝေ ။
အဇ္ဇ
ပြန်လည်တည်းဖြတ်ထားတဲ့
အဲဒီဇာတ်ဝင်ခန်းအသစ်မှာ..
ဇာတ်နာအောင်ဖန်တီးထားတဲ့
အလွမ်းမျက်ရည်တွေနဲ့
ဗီလိန်တယောက်ရဲ့ယုတ်မာမှုတွေပါတယ်။
အဲဒီဇာတ်ဝင်ခန်းအသစ်မှာ...
အားမတန်လို့မာန်ချ
ဆံမြိတ်ပြေပြီး ပန်းကြွေခဲ့တဲ့ညပါတယ်။
လူပါးပုလင်းထိပုံပြင်ရယ်
မြင်းတကောင်နဲ့ သားအဖနှစ်ယောက်အကြောင်း
ပါကောင်းပါနိုင်တယ်။
ကျွန်တော်မကြည့်ဖြစ်လိုက်တဲ့
အဲဒီ..ဇာတ်ဝင်ခန်းမှာ
ပုဆိုးခြုံထဲကလက်သီးပုန်းသိုင်းကွက်နဲ့
နောက်ကျောကိုချိန်ရွယ်ထားတဲ့
မီးလျံဓားအစင်းပေါင်းများစွာလည်း
ဖြတ်ကနဲ ဖြတ်ကနဲတရှဲရှဲလက်လို့
မှော်ဆရာရဲ့သင်ရိုးညွှန်းတမ်းမှာ
ကျွန်တော်တို့နားမလည်တဲ့ဂါထာတွေနဲ့
မြင့်မိုရ်တောင်ကိုပေါက်မဲ့ဇီးစေ့တွေ
ပါလိမ့်ဦးမယ်ပေါ့။
IZZA
New edition
ဖေဖော်ဝါရီကြယ် (၁)
JULY ခင်ဗျားရဲ့မျက်ရည်နဲ့
တနိုင်ငံလုံး စွတ်စိုနေပြီ ။
လွမ်းဆွတ်မှုက ရင်တနင့်နင့်
ရင်ဘတ်ပေါ်က သွေးရောင်ပန်းပွင့်တွေ
ဒါ ဘာကြောင့်ပွင့်ခွင့်ဝေခွင့်ရသွားတာလဲ
ဖေဖော်ဝါရီ ခင်ဗျားမွေးဖွားလိုက်တဲ့ကြယ်
ဇူလိုင်ရဲ့ရင်ဘတ်ထဲမှာကြွေသွားပြီ ။
အဇ္ဇ
ဖော်ဝါရီကြယ် (၂)
ဇူလိုင် တစ်ဆယ့်ကိုးဟာ
လွမ်းပြနေရုံသက်သက်အတွက်နေ့မဟုတ်ဘူး
နာကျည်းနေဖို့အတွက် အာဃာတလဲမထားသင့်ဘူး
အတိတ်ကိုပြန်လည်သတိယပြီး
အရိပ်တွေ ထပ်မမည်းရအောင်ပြင်ဖို့
အစဉ်အမြဲ သတိရှိနေစေရမယ် ။
သူတို့တွေရဲ့နာကျင်မှုနဲ့
ငါတို့ ငြိမ်းချမ်းခဲ့တယ်
ဒါကြောင့် ငါတို့မညာသင့်ဘူး ။
သူတို့တွေရဲ့သွေးကြောင့်
ငါတို့ အေးချမ်းခဲ့တယ်
ဒါကြောင့်မို့ ငါတို့ကြိုးစားရမယ် ။
ကြယ်ဆိုတာလမ်းပြဖို့မွေးဖွားတယ် ။
အဇ္ဇ
တစုံတရာကိုမက်မောနေတဲ့အိပ်မက်
__________________________
အကယ်၍များ…
ဖြစ်ခွင့်ရှိလျင်
လွပ်လပ်တဲ့စိတ်အလျင်မှာ
ဟန်ဆောင်မှုမပါတဲ့အပြုံးများစွာ
ဖူးပွင့်ချင်တယ် ။
အပြစ်မကင်းပေမဲ့
ရိုးသားတဲ့စကားလုံးများစွာ
စိုက်ပျိုးခွင့်အတွက်
ရင်ဘတ်ထဲ ရှင်းသန့်ထားချင်တယ် ။
အကယ်၍များ…
အမှန်တကယ်ဖြစ်ခွင့်ရခဲ့မယ်ဆိုလျင်
ချုပ်နှောင်မှုကင်းတဲ့ ချစ်ခြင်းတွေနဲ့
အဖြူရောင်သီချင်းတွေ ဟစ်ကြွေးနေချင်တယ် ။
စိမ်းမြတဲ့မြက်ခင်းတွေပေါ်
ခြေဗလာလျှောက်သွားရင်း
အစီစဉ်တကျမဟုတ်တဲ့ ပုံပြင်တွေပြောမယ်
လူတွေမရှိတဲ့ အရပ်မှာပေါ့ ။
အကယ်၍များ…
ဖြစ်ခွင့်ရလျင်
ဝမ်းနည်းတဲ့အခါငိုကြွေးဖို့
မျက်ရည်တွေစုထားမယ် ။
အမြဲတမ်းပျော်ရွှင်နိုင်ဖို့
သစ်ပင်တွေနဲ့စကားပြောမယ်
အိပ်မက်တွေစုဆောင်းထားဖို့
ဝတ်စုံအဟောင်းရဲ့အိပ်ကပ်တွေကို
လက်ဖဝါးနဲ့ဖိကပ်ထားမယ်
ရင်ဘတ်နဲ့တသားတည်းဖြစ်တဲ့အထိ ။ ။
အဇ္ဇ
အမှောင်မှာစွတ်စိုသွားတဲ့မျက်ဝန်းများ
__________________________
အတွေ့တခုအတွက်
ချွေးနဲ့ရင်းနှီးထားတဲ့ငွေကြေးတွေကို
လူမမြင်သူမမြင် အလဲအထပ်ပြုခဲ့တယ်
အပေးအယူမျှဖို့ ဟန်ဆောင်ကောင်းတဲ့
ညများစွာဟာ ဂီတသံတချို့နဲ့
ဖျားယောင်းဟန်ဆောင်ရင်း
ဘဝများစွာရဲ့ မိသားစုတွေအတွက်
မလောက်မငဝေမျှနိုင်ဖို့
ညဟာ မိတ်ကပ်အဖွေးသားပေါင်တံဖြူဖြူ
ပုရိသတွေရဲ့ ချွေးနဲစာတွေကိုမျှားရင်း
ငါးစာတွေလုံးပါးပါးနေတုန်း
မာယာတွေမွေးမြူထားတဲ့အခန်းကျဉ်းထဲက
ရယ်မောနေတဲ့ အငိုမျက်လုံးများရီဝေ ။
အဇ္ဇ
Comments
Post a Comment